English Edition
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၀၆ရက်၊ ၂၀၂၄
လှူရန်
Preview
AA နှင့် ဆက်စပ်သည်ဟုဆိုကာ ကျောက်ဖြူဒေသခံ ၉ ဦး ထောင် ၃ နှစ်စီချမှတ်ခံရ
ဇူလိုင် ၂၁/ ၂၀၂၂ | ကြည့်ရှုသူ :2154
ရခိုင် သတင်း
နိရ ဉ္စရာ၊ ဇူလိုင် ၂၁/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အလယ်ချောင်းကျေးရွာနှင့် ဇင်ချောင်းကျေးရွာမှ ဒေသခံ ၉ ဦးသည် AA နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖမ်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံလိုက်ရသည်ဟု သိ၇သည်။
၄င်းတို့ကို ယနေ့ ဇူလိုင်လ ၂၁ ရက်တွင် ကျောက်ဖြူမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်ခြင်းဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးကျော်သူ၇က ပြောသည်။
" ၅၂ (က)နဲ့ပဲ ချလိုက်တယ်။ ၃ နှစ်ချလိုက်တယ်။ အဲဒီအထဲမှာ တစ်မှုက ၈ ယောက်နဲ့ နောက်တစ်မှုက တစ်ယောက်တည်း။ ချုပ်ရက်တွေကို ခံစားခွင့်ရှိတယ်" ဟုပြောသည်။
၎င်း ၉ ဦးအထဲတွင် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာမှ ဦးဝင်းနိုင်နှင့် အလယ်ချောင်းကျေးရွာမှ ဦးငလုံးအောင်(ခ) ထွန်းထွန်းဝင်း၊ ဦးညီညီဇော်၊ ဦးဇော်ထွန်း၊ ဦးမြင့်ထွန်း၊ ဦးချမ်းငြိမ်း၊ ဦးဇော်ဌေး(ခ) မျိုးဝင်း၊ ဦးထွန်းဝင်းနှင့် ဦးရဲကိုနိုင်တို့ဖြစ်ကြောင်း သိ၇သည်။
၎င်းတို့သည် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လခန့်မှစတင်ကာ ကျောက်ဖြူမြို့နယ်အတွင်း အသီးသီးဖမ်းဆီးခံခဲ့ရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂ (က)တို့ဖြင့် တရားစွဲဆိုထားခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။
၎င်းတို့အား ကျောက်ဖြူအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်မှာ ၂ နှစ်နီးပါးခန့်ကြာမြင့်နေပြီဖြစ်ကြောင်း သိ၇သည်။
ယခုရက်သတ္တပတ်အတွင်းတွင် ရခိုင်ပြည်နယ်တစ်ဝန်းရှိ AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲခံထားရသော ဒေသခံအများအပြားကို စစ်ကောင်စီတရားရုံးများက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ထောင်ဒဏ်အသီးသီးချမှတ်လျက်ရှိသည်ဟု သိ၇သည်။
AA အား အကြမ်းဖက်အဖွဲ့အစည်းမှပယ်ဖျက်ထားပြီးနောက်တွင် ယခုကဲ့သို့ AA နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မများဖြင့် အပြစ်မဲ့ဒေသခံများကို ထောင်ဒဏ်ချမှတ်နေခြင်းသည် မဖြစ်သင့်သည်လုပ်ရပ်ဖြစ်ကြောင်းလည်း လူမှုရေးလှုပ်ရှားသူများက ဝေဖန်ပြောဆိုနေကြသည်။ (NN-8)
#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.