English Edition
တနင်္လာနေ့၊ ဇွန်လ ၁၆ရက်၊ ၂၀၂၅
လှူရန်
Preview
ရခိုင်ပြည်သူများအသွားအလာသတိထားဆင်ခြင်ကြရန် ULA တိုက်တွန်း
ဇူလိုင် ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :4101
ရခိုင် သတင်း
နိရဉ္စရာ၊ ဇူလိုင် ၂၁/၂၀၂၂
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်သူများ အသွားအလာကို ပိုသတိထား ဆင်ခြင်ကြရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ( ULA) ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် ၇ခိုင်ဘာသာစကားဖြင့် ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် စစ်ကောင်စီသည် နိုင်ငံတွင်းမည်သည့် နေရာတွင်မဆို တိုက်ပွဲများတွင် ရှုံးနိမ်းသည့်အခါတိုင်း (သို့မဟုတ်) စစ်ရေးအခက်အခဲကြုံသည့်အခါတိုင်း ပြည်သူလူထုများအပေါ် အငြိုးအတေးကြီးမားစွာ ရက်စက်သော လုပ်ရပ်များကို လုပ်လေ့လုပ်ထရှိပြီး အထူးသဖြင့် တိုင်းရင်းသားဒေသများ၌ ပြစ်မှုများကိုလူမဆန်စွာ လက်ရဲဇက်ရဲ ဗြောင်ကျကျ ကျူးလွန်လျက် ရှိကြောင်း ပြောဆိုထားသည်။
စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများရှိ ပြည်သူလူထုများ အပေါ် ဦးတည် တိုက်ခိုက်မှုများအား ဆက်လက် ပြုလုပ်နေသည်ကို အထင်းသားတွေ့မြင်နေရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
စစ်ကောင်စီက ဆိုချယ်မီဒီယာစာမျက်နှာများ၌ စစ်ကောင်စီအား တိုက်ခိုက် ရေးသားထားသည့် ပို့စ်များနှင့် ယင်းကဲ့သို့ပို့စ်များအား Share ထားမှုများကို အပြန်အလှန်မျှဝေမှုများကို ပစ်မှတ်ထား စစ်ဆီးခြင်းကြောင့် ခရီးသွား မိဘပြည်သူများအနေနှင့် ယခုရက်များအတွင်း နာရေးကျန်းမာရေး၊ သေရေးရှင်ရေးကိစ္စများမှလွဲ၍ မလွှဲမရှောင်သာသည့် အခြေအနေများတွင်သာ ခရီးသွားလာကြရန်နှင့် မတတ်သာ၍ ခရီးသွားလာရပါက ကွန်ပျူတာ၊ ဖုန်းTablet စသည်တို့ကို စနစ်တကျရှင်းလင်းပြီးမှ သွားလာကြရန်၊ ညည့်အချိန်များ၌လည်း လုံခြုံရေး သတိဖြင့်အိပ်စက်ပြီး စစ်ကောင်စီမှ ဖမ်းဆီးတရားစွဲတင်နိုင်လောက်သည့် အထောက်အထားဖြစ်စေမည့် စာအုပ်စာတမ်းများ အမှတ်အသား သင်္ကေတများထားရှိမှုတို့ကို အထူးသတိပြုကြပါရန် အလေးအနက် တိုက်တွန်းထားသည်။ (NN-7)
#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.