Preview

မြန်မာစစ်ကောင်စီကန့်ကွက်ချက် ICJ ပယ်ချ၊ ဂျီနိုဆိုက်စွပ်စွဲချက်လက်ခံကြားနာမည်

ဇူလိုင် ၂၃/ ၂၀၂၂ | ကြည့်ရှုသူ :2698
ရခိုင် သတင်း

နိရဉ္စရာ၊ဇူလိုင် ၂၃

မြန်မာစစ်ကောင်စီကန့်ကွက်ထားသည့် အချက် (၄)ချက်စလုံးကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက မနေ့ကဇူလိုင်၂၂ ရက်နေ့တွင် ပယ်ချလိုက်ပြီး အမူကို ဆက်လက်ကြားနာစစ်ဆေးသွားရန် ဆုံးဖြတ်ခဲ့သည်။

၇ခိုင်ပြည်နယ်မြောက်ပိုင်းတွင် မှီတင်းနေထိုင်ကြသည့် မူဆလင်များအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်းICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာဂမ်ဘီယာက တရားစွဲဆိုထားခြင်းအပေါ်  လက်ခံကြားနာခြင်းမပြုလုပ်ဖို့ မြန်မာဘက်က အချက် ၄ ချက်ကို တင်ပြ ကန့်ကွက်ထားခဲ့သည်။

၎င်းအချက်(၄) ချက်စလုံးအပေါ် I CJ အပြည်ပြည်ဆိုင်ရာတရားရုံးက ပယ်ချခဲ့ခြင်း ဖြစ်သည်။

ဗွီအိုအေ (မြန်မာပိုင်း)က အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အကျယ်တဝင့်ရေးသားဖော်ပြရာတွင် ြန်မာဖက်မှ ကန့်ကွက်သည့်အမှတ်(၁) ကန့်ကွက်ချက်နှင့်  အမှတ်(၄) ကန့်ကွက်ချက်ကိုICJ ကပူးတွဲစဉ်းစားခဲ့ပြီး ပယ်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဂမ်ဘီယာနိုင်ငံအနေဖြင့်  OIC ကို ကိုယ်စားပြုပြီး စွဲဆိုခဲ့သည် ဆိုသော မြန်မာ ကန့်ကွက်ချက်နှင့်  မြန်မာနိုင်ငံနှင့် ဂမ်ဘီယာအကြား ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီးအငြင်းပွားမှု မရှိဘူးဆိုသည့်  မြန်မာဖက်က ပြောဆိုချက်ကို ICJတရားသူကြီး ၁၆ ဦးစလုံးက တခဲနက် ပယ်ချခဲ့သည်ဟု ဗွီအိုအေ သတင်းတွင် ဖော်ပြသည်။

ဂမ်ဘီယာသည် ၎င်းအရေးကိုစိုးရိမ်ကြောင်းနှင့် ယခုကိစ္စကို ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်ကြောင်းကုလသမဂ္ဂနှင့် OIC အစည်းအဝေးတွေမှာ အထင်အရှားပြောကြားခဲ့ပြီးကိုယ်တိုင် ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်သည်မှာ  ထင်ရှားကြောင်း တရားသူကြီးက ဖတ်ကြားခဲ့ကြောင်း၊ ၎င်းဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး နီးစပ်ရာအဖွဲ့အစည်းတခုခု အကူအညီ ငွေကြေးပံ့ပိုးမှုများကို ၇ယူနိုင်ခွင့်လည်း ရှိကြောင်း ICJ က ဆုံးဖြတ်ခဲ့ကြောင်း၊  အလားတူပင် ဂမ်ဘီယာက ကုလသမဂ္ဂမှာပြောကြားခဲ့သည့်  မိန့်ခွန်းအပေါ် မြန်မာကိုယ်စားလှယ်က ကန့်ကွက်ခဲ့မှု၊ဂမ်ဘီယာက ကိုးကားခဲ့သည့် UN Fact Finding Mission အစီရင်ခံစာနှင့် ပတ်သက်ပြီးမြန်မာက ကန့်ကွက်မှု၊ ၎င်းအပြင်ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးကို ဂမ်ဘီယာက ပေးပို့ထားသည့်စာသည့်အချက်များကို ထောက်ထားပြီးဂမ်ဘီယာနှင့် မြန်မာအကြား ယခုကိစ္စအပေါ် အငြင်းပွားမှုအတိအကျရှိခဲ့သည်ဟု ICJ ကဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြသည်။

မြန်မာဖက်ကတတိယမြောက် ကန့်ကွက်ချက်ဖြစ်သည့်  ဂျီနိုဆိုက် ပုဒ်မ ၈ ကို ခြွင်းချက် ထားခဲ့ခြင်းကြောင့်ဂမ်ဘီယာတနိုင်ငံတည်းအနေနှင့် ICJ ကို အသုံးပြုပြီးစွဲဆိုခွင့် မရှိဟု ဆိုသည့်  အချက်ကိုလည်း ICJ အနေဖြင့်  စဉ်းစားရာမှာ မြန်မာဖက်က လက်ခံသဘောတူထားသည့်  ပုဒ်မ ၉ ကိုပဲ အဓိကထား ဆုံးဖြတ်ခဲ့ပြီးဂမ်ဘီယာအနေနှင့်  ICJ မှာ တင်ပြစွဲဆိုခွင့်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

မြန်မာဖက်ကဒုတိယမြောက် ကန့်ကွက်ထားသည့်  ဂမ်ဘီယာနိုင်ငံသည်  ရိုဟင်ဂျာအရေးမှာ တိုက်ရိုက်ပဝင်ပတ်သက်သည့်  နိုင်ငံမဟုတ်သည့် အတွက် ယခုကိစ္စမှာပါဝင် စွဲဆိုခွင့်မရှိကြောင်း အချက်ကိုလည်း ICJ ကပယ်ချခဲ့သည်။

လူသားထုအပေါ်ကျူးလွန်သည့် ကိစ္စရပ်များအပေါ် ကာကွယ်ရန်သတ်မှတ်ထားသည့်  ဂျီနိုဆိုဒ် ပဋိဉာဏ်စာတမ်းအရ စိုးရိမ်ပူပင်သည့် နိုင်ငံတိုင်းအနေဖြင့်  စာချုပ်ပါအဖွဲ့ဝင် အခြားနိုင်ငံတခုအပေါ် တရားစွဲဆို တင်ပြပိုင်ခွင့်ရှိကြောင်းICJ ကဆုံးဖြတ်ခဲ့ပြီး ၎င်းဆုံးဖြတ်ချက်အပေါ် တရားသူကြီး ၁၅ ဦး ထောက်ခံပြီး၊ တဦးက ကန့်ကွက်ခဲ့သည်။

အဆုံးသတ်အနေဖြင့်  မြန်မာဖက်က ကန့်ကွက်ချက်အားလုံးကို ICJ ကပယ်ချပြီး ဂမ်ဘီယာကစွဲဆိုထားသည့် ဂျီနိုဆိုက်ကျူးလွန်မှုများရှိသည်ဆိုသည့်စွပ်စွဲချက်ကို ဆက်လက်ကြားနာသွားမည်ဖြစ်ကြောင်းဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း ဗွီအိုအေသတင်းတွင် ဖော်ပြထားသည်။

၎င်းဆုံးဖြတ်ချက်များကိုအသေးစိတ်ကို မကြာခင် ထုတ်ပြန်မည် ဖြစ်ပြီး၊ ဆက်လက်ကြားနာမှုများကို မည်သည့် အချိန် ပြန်စမည်ဆိုသည်ကို  သတ်မှတ်ပြောကြားတာမရှိခဲ့ဟု သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.