Preview

မြောက်ဦးမြို့က သမိုင်းဝင်လောကမာရ်အောင်စေတီတော်ကြီး၏ မိုးကြိုးပစ်ခံရ၍ စိန်ဖူးတော်မြေခ

ဇူလိုင် ၂၃/ ၂၀၂၂ | ကြည့်ရှုသူ :7298
ရခိုင် သတင်း

ိရဉ္စရာ၊  ဇူလိုင် ၂၃၊ ၂၀၂၂


ရခိုင်ပြည်၊မြောက်ဦးမြို့ရှိ ထင်ရှားကျော်ကြားသည့် သမိုင်းဝင်းမာရ်ငါးပါးထဲမှ တစ်ပါးဖြစ်သည့် လောကမာရ်အောင် စေတီတော်ကြီးသည် ဇူလိုင် ၂၂ ရက် နေ့လယ်က မိုးကြိုးပစ်ခံ၇၍ စိန်ဖူးတော် မြေခခဲ့သည်ဟုသိ၇သည်။

ထိုသို့စိန်ဖူးတော်မြေခခဲ့ခြင်းမှာ  ယမန်နေ့ (သောကြာနေ့) နေ့လယ် ၁ နာရီခွဲအချိန်တွင်မိုးသည်းထန်စွာရွာသွန်းမူနှင့်အတူမိုးကြိုပစ်ခံ၇မှုကြောင့်စေတီတော်ပေါ်မှ စိန်ဖူးတော်ပြုတ်ကျကာမြေခခဲ့ခြင်း ဖြစ်သည်ဟု ဘုရားဂေါပကအဖွဲ့မှအဖွဲ့ဝင်စာရေးဖြစ်သူ ဦးအောင်ကျော်ခိုင်က ပြောသသည်။

"တစ်ခြားပျက်စီးတာတော့မရှိဘူး။ ရှေ့ဟောင်းသုတေသနဌာနကလာပြီးတော့လေ့လာကြည့်၇ှု စ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တခြားစေတီပုထိုးတော်ရဲ့ အစိတ်အပိုင်းတွေနဲ့ အဆောက်အဦးတွေ ပျက်စီးတာတော့လုံး၀မရှိဘူး" ဟု  ပြောသည်။

မိုကြိုးပစ်ချမူကြောင့်ပြုတ်ကျကာမြေခခဲ့သည့် စိန်ဖူးတော်တွင် စိန်ကိုကွပ်ထားသည့် အခြံအရံများကိုသာ ယမန်နေ့ကရှာတွေ့ခဲ့ကြောင်း၊ စိန်ဖူးတော်ကို  ယမန်နေ့ကရှာမတွေ့၍ ယနေ့ဆက်လက်ရှာဖွေခဲ့ရာယနေ့ နံနက်၈နာရီခွဲအချိန်တွင် လောကမာရ်အောင်စေတီပုထိုးတော်ကြီး၏ သုံးဆင့်မြောက်အထပ်တွင် ၎င်းစိန်ဖူးတော်ကို ရှာတွေ့ခဲ့သည်ဟု ၎င်းက ဆိုသည်။

"မိုးကြိုးပစ်ချလိုက်တော့ စိန်ဖူးတော်ပဲပိုင်းပြီးပြုတ်ကျလာခဲ့တာ။ မနေ့ကနေရှာကြတာ လုံး၀ ရှာမတွေ့ကြဘူး။ စိန်ဖူးတော်ကိုကွပ်ထားတဲ့ အခြံအရန်တွေကိုတော့ မနေ့ကတည်းက ရှာလို့၇တယ်။  စိန် ဖူးတော်ကို ဆက်ရှာကြရာမှာဒီနေ့မနက်ထိ ဒီနေ့မနက်၈နာရီခွဲမှာ စေတီရဲ့ သုံးဆင့်မြောက်ကနေ ရှာတွေ့တယ်" ဟု ဦးအောင်ကျော်နိုင်ကဆက်ပြောဆိုသည်။


လောကမာရ်အောင်စေတီပုထိုးတော်ကြီးကိုထိုသို့မိုးကြိုးပစ်ချမှုနှင့် ပတ်သက်ပြီး ဘုရားပေါ်တွင် ထွန်းထားသည့်လျှပ်စစ်မီးသီးကို ဓာတ်လိုက်ကာ မိုးကြိုးပစ်ချခြင်းဖြစ်သည်ဟု တစ်ချိုက ယူဆကြသော်လည်း မိုးကြိုးပစ်ချသည့်အချိန်သည်နေ့လယ်ချိန်ဖြစ်၍ လျှပ်စစ်မီးသီးအားမီးထွန်း ထားခြင်းမရှိဟုလည်း တချို့က ပြောဆိုသည်။

ထို့အတူလောကမာရ်အောင်စေတီပုထိုးတော်ကြီးတွင် မိုးကြိုးအန္တာရာယ်မှကာကွယ်ရန် မိုးကြိုးလွဲ ပစ္စည်းများ တပ်ဆင်ထားခြင်းမရှိဟုလည်းသိ၇သည်။

မိုးကြိုးပစ်ချခံရသည့်လောကမာရ်အောင် စေတီပုထိုးတော်ကြီး၏ စိန်ဖူးတော်အခြံအရံများကိုသာမက  စိန်ဖူးတော်ကိုလည်း ရှာတွေ့ပြီဖြစ်သည့်အတွက်ဘုရားဂေါပကများကလည်း ဝမ်းပမ်းတသာ ဖြစ်လျှက်ရှိသည်ဟု သိ၇သည်။

 

ထို့အတူစိန်ဖူးတော်ပြန်တင်မည့်နေ့ကိုနေ့ကောင်း၊ ရက်ကောင်းကိုရွေးချယ်ပြီး ဘုရားဂေါပက အဖွဲ့ဝင်များကမျက်နှာစုံညီအစည်းအဝေးတစ်ရပ်ကိုပြုလုပ်သွားမည်ဟုလည်းသိ၇သည်။

လောကမာရ်အောင်စေတီပုထိုးတော်ကြီးသည်နန်းရာကုန်း၏ အနောက်ဘက် ၁မိုင်ခန့်ဝေးသည့် ကျောက်ရစ်ကေ ရပ်ကွင်တည်ရှိခြင်းဖြစ်ပြီး ၂၀၂၀ခုနှစ်ကလည်း မီးထွန်းထားသည့် မီးလုံးကို ဓာတ်လိုက်ကာမိုးကြိုးပစ်ချခြင်းခံခဲ့၇သော်လည်း စေတီပုထိုးတော်ကြီးမှာ ပျက်စီးမူတစ်စုတစ်ရာ မရှိခဲ့ပဲ လျှပ်စစ်မီးလုံးသားကွဲပြီး ပြုတ်ကျခြင်း၂ ကြိမ်တိုင်တိုင်ရှိခဲ့သည်ဟုလည်း သိ၇သည်။


ဤစေတီကို အေဒီ(၁၆၅၈) ခုနှစ်တွင် စန္ဒာသုဓမ္မရာဇာဘုရင်မင်းမြတ်သည် ဇိနမာရ်အောင်စေတီရတနာ့မာရ်အောင်စေတီတို့နှင့် အတူ တစ်ပြိုင်တည်းထားခဲ့ခြင်း ဖြစ်သည်။

#ဘာသာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.