English Edition
တနင်္လာနေ့၊ ဇွန်လ ၁၆ရက်၊ ၂၀၂၅
လှူရန်
Preview
ခရီးသည်တင်စက်လှေဖြင့်ယူဆောင်လာသည့်စစ်တပ်ပိုင်ရိက္ခာနှင့် စစ်သုံးပစ္စည်းများအား AA သိမ်းဆည်း
ဇူလိုင် ၂၄/ ၂၀၂၂ | ကြည့်ရှုသူ :10277
ရခိုင် သတင်း
နိရဉ္စရာ၊ ဇူလိုင် ၂၂/၂၀၂၂
ကုလားတန်မြစ်အတွင်း ခရီးသည်တင်စက်လှေဖြင့်ယူဆောင်လာသည့် စစ်ကောင်စီတပ်ပိုင် ရိက္ခာနှင့် စစ်သုံးပစ္စည်းများအား ယခုလ ၁၆ ရက်နေ့က AA သိမ်းဆည်းလိုက်သည်ဟု သတင်းရရှိသည်။
သိမ်းဆည်းလိုက်သောပစ္စည်းများမှာ ယူနီဖောင်း ၁စုံ၊ စစ်ခါးပတ် ၁ခု၊စစ်သုံး မိုးကာ ၂ချပ်၊ ဘောင်းဘီအတို ၂လုံး၊ စွပ်ကျယ် ၂ထည် ၊ မုန့် ၆ထုပ်၊ ထုံး ၁၀ ဗူး၊ ပဲခြမ်းပြား ၁ ထုပ်၊ သျှမ်းခေါက်ဆွဲ ၂၈ ထုပ်၊ ဝက်သားကြော် ၃ ဗူး၊ ကြက်သားကြော် ၂ ဗူး၊ မီးခြစ် ၁၀ လုံး၊ ချမ်းသာဆေးလိပ် ၆ ထုပ်၊ ငါးခြောက် ၃ ပိဿာ၊ ကြက် သွန်ဖြူ ၁ ပိဿာ၊ နနွင်းမှုန့် ပိဿာခွဲ၊ ငရုတ်မှုန့် ၁ ပိဿာ၊ ဟင်းချိုမှုန့် ၃ ပိဿာ၊ ငါးပိ ၁ ပိဿာ၊ စားအုန်းဆီအဝါဗူး ၁ ဗူးနှင့် ကြက်ဥ ၂ ဖာတို့ ဖြစ်ကြောင်း သိ၇သည်။
၎င်းပစ္စည်းများကို ရက္ခိုင့်တပ်တော် ထိန်းချုပ်နယ်မြေထဲသို့ ခရီးသည် တင်ဘုတ်ဖြင့် ခိုးသွင်းလာခြင်း ဖြစ်ကြောင်း၊ စစ်ကောင်စီတပ် စကခ(၉) မီးချောင်းဗျူဟာကုန်းမှ တပ်ဖွဲ့ဝင်များ ၏ ရိက္ခာနှင့် စစ်သုံးပစ္စည်းများ ဖြစ်ကြောင်း၊ ၎င်းပစ္စည်းများကို ယခုလ ၁၆ ရက် နေ့လယ်ပိုင်းတွင် ဖမ်းဆီး၇မိခဲ့ခြင်း ဖြစ်ကြောင်းပြောဆိုသည်။
၎င်းရိက္ခာနှင့် စစ်သုံးပစ္စည်းများကို ကျောက်တော်မြို့နယ် မီး၀ရွာမှ ကျောက်တော်သို့ ပြေးဆွဲနေသည့် “ခရီးသည်တင်ဘုတ်” ဖြင့် တင်ဆောင် လာခြင်းဖြစ်ပြီး လက်ရှိတွင် ခရီးသည်ဘုတ်ပိုင်ရှင်အား ၎င်းပစ္စည်းများက အေအေထံက ပြန်တောင်းခိုင်းနေပြီး မရရှိပါ ငွေ ၆ သိန်းပေးဆောင်ရန်နှင့် လက်ရှိ ယင်းစက်လှေအားကုလားတန်မြစ်အတွင်း ပြေးဆွဲခွင့်ကို ကန့်သတ် တားမြစ်ထားသည်ဟု သိ၇သည်။
(သတင်းရင်းမြစ်နှင့် ဓာတ်ပုံ- Arakan Princess Media)
#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.