English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ယာဉ်မောင်းတို့ကို AA ပြန်လွှတ်ပေး
ဇူလိုင် ၂၄/ ၂၀၂၂ | ကြည့်ရှုသူ :2909
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၂၃ / ၂၀၂၂
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သူ၏ယာဉ်မောင်းတို့ကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ ပြန်လွှတ်ပေးလိုက်ပြီဟု သိ၇သည်။
ရက္ခိုင်အမျိုးသားအဖွဲချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ခေါ်ယူ မေးမြန်းနေသည့် ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပေ်ရးဦးစီးဌာန၊ မြိုနယ်အုပ်ချုပ်ရီးမှူး ဦးလှရွှေ( ၅၃ နှစ်)နှင့် ၎င်း၏ ယာဉ်မောင်း ဦးမောင်ကျော်နိုင် (၃၀ နှစ်)တို့အား ယနေ့ ဇူလိုင်လ ၂၃ ရက်၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူနှင့် ကျောက်ဆိပ်ရွာကြား၌ ကောင်းမွန်စွာ ပြန်လွှတ်ပီးလိုက်ပြီဟု ULA/AA ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သူတို့ ၂ ဦးကို AA က လိုအပ်ချက်အရ ခေါ်ယူမေးမြန်းခဲ့ခြင်းဖြစ်ပြီး စစ်ဖက်ဆိုင်ရာနှင့်ပတ်သက်မှု မရှိသည့်အတွက် ယခုကဲ့သို့လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သူတို့ ၂ ဦးသည် ဇူလိုင် ၁၇ ရက် နေ့လယ် ၃ နာရီခန့်တွင် ကျောက်တော်ရှိ မဟာမုနိဘုရားသို့ ဘုရားဖူးပြီး ကားဖြင့်ပြန်လာစဉ် လမ်း၌ AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း -
www.narinjara.com
မြန်မာသတင်း -
https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် -
https://www.facebook.com/narinjara.info/
ရုပ်သံသတင်း -
https://www.facebook.com/Narinjara-TV-News-100125495251215/
ရေဒီယိုသတင်း -
https://www.facebook.com/Narinjara-Radio-107181441819656
#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.