Preview

စနဲမြို့စခန်းမှူးကို AA က ဖမ်းဆီးပြီးနောက် မြို့ခံ ၁၀ ဦးထက်မနည်း ခေါ်ယူစစ်ဆေးခံနေရ

ဇူလိုင် ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :7038
ရခိုင် သတင်း

နိရဥ္စရာ၊ ဇူလိုင် ၂၄ / ၂၀၂၂
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စနဲမြို့စခန်းမှူးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီးနောက် မြို့ခံ ၁၀ ဦးထက်မနည်း ခေါ်ယူစစ်ဆေးခံနေရသည်ဟု သိ၇သည်။
ယနေ့ ဇူလိုင် ၂၄ ရက်က နံနက် ၈ နာရီကျော်တွင် စနဲမြို့စခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းဖမ်းဆီးခံလိုက်၇ပြီးနောက် ညနေ ၄ နာရီခန့်အထိ မြို့ခံ ၁၀ ဦးထက်မနည်းသည် စနဲမြို့ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံနေ၇သည်ဟု မြို့ခံများက ပြောသည်။
ခေါ်ယူစစ်ဆေးခံနေ၇သူတို့ထဲတွင် အမျိုးသမီး ၄ ဦးပါဝင်သည်ဟုလည်း ခေါ်ယူသွားသည်ကိုမြင်တွေ့လိုက်သည့် မျက်မြင်မြို့ခံတစ်ဦးက ပြောသည်။
“အမျိုးသမီးတွေပါဆိုရင် ၁၀ ယောက်လောက်ရှိမယ်။ လက်ထိပ်တွေဘာတွေနဲ့ ဖမ်းခေါ်သွားတာတော့ မဟုတ်ဘူး။ ဒီလို ရိုးရိုးတန်းတန်းပဲ ခေါ်သွားတာပါ။ စခန်းကို လာ၊ မေးစရာရှိတယ်ဆိုပြီး လမ်းလျှောက်ပြီး ခေါ်သွားတာ”ဟု ပြောသည်။
စစ်ဆေးခံနေ၇သူတို့သည် ယနေ့ ညနေ ၄ နာရီခွဲအထိ စခန်းထဲမှ ပြန်ထွက်မလာကြသေးဟုလည်း စစ်ဆေးခံနေ၇သူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“သူ အခုချိန်ထိတော့ အိမ်ပြန်မရောက်သေးဘူး”ဟု ပြောသည်။
စနဲမြို့စခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းသည် ယနေ့ ဇူလိုင် ၂၄ ရက်က နံနက် ၈ နာရီကျော်တွင် စနဲမြို့ဈေးသို့ ဈေးလာဝယ်လာစဉ် AA တပ်ဖွဲ့ဝင်များက ဈေးအတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
ယင်းသို့ဖမ်းဆီးခံရပြီးနောက် စနဲမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတိုးချဲ့ချထား၍ ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများကိုလည်း ပိတ်လိုက်ရပြီး ကျောင်းသူ၊ ကျောင်းသားများ၏ကျူရှင်အချိန်များကိုလည်း ပြန်လွှတ်လိုက်၇သည်ဟု ဒေသခံများက ပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များသည် လမ်းမများပေါ်တွင် ဖြန့်ကြက်သွားလာနေကြ၍ မြို့ပေါ်ရှိ နေအိမ်များကိုလည်း တံခါးများပိတ်ထားရသည်ဟု သိ၇သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မ၇ခဲ့ပါ။
စနဲမြို့စခန်းမှူးဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး AA ပြောခွင့်၇သူ ဦးခိုင်သုခကို ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ဆက်သွယ်မေးမြန်းထားသော်လည်း ညနေ ၄ နာရီခွဲအထိ တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခြင်းမရှိသေးပါ။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.