English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
ကျောက်ဖြူတွင် ၃ ရက်ကြာပြတ်တောက်နေသည့် လျှပ်စစ်မီး ပြန်လည်ရရှိ
ဇူလိုင် ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :4862
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၂၅/၂၀၂၂
၇ခိုင်ပြည်နယ်၊ ကျောက်ဖြူတစ်မြို့နယ်လုံးတွင် ၃ ရက်ကြာပြတ်တောက်နေသည့် လျှပ်စစ်မီးသည် ယခုအခါ ပြန်လည်ရရှိနေပြီဟု သိ၇သည်။
ယနေ့ ဇူလိုင်လ ၂၅ ရက် ညဥ့် ၁ နာရီခွဲခန့်မှစတင်ကာ လျှပ်စစ်မီးပြန်လည်ရရှိခဲ့သော်လည်း ညဥ့် ၃ နာရီခန့်တွင် ပြန်လည်ပြတ်တောက်သွားကာ ယခု နံနက် ၁၀ နာရီကျော်တွင် ပြန်လည်ရရှိနေပြီဟု ကျောက်ဖြူမြို့နယ်၊ ကုန်ဘောင်ကျေးရွာမှ ဒေသခံကိုထွန်းဝင်းစိုးက ပြောသည်။
“မီးက မနေ့ကည ၁ နာရီလောက်မှာ ပြန်၇တယ်။ ၃ နာရီလောက်မှာ ပြန်ပြတ်တောက်သွားတယ်။ မီးစမ်းတာနဲ့တော့ တူတယ်။ အခု မနက်တော့ ပြန်၇ပါပြီ”ဟု ပြောသည်။
ကျောက်ဖြူမြို့ခံတစ်ဦးကလည်း မီးပြန်၇နေသည်မှာ ဟုတ်မှန်သည်ဟု ဆိုသည်။
ကျောက်ဖြူမြို့နယ် အုန်းတောကျေရွာအုပ်စု၊ ကုန်ဘောင်ကျေးရွာတွင် မိုးကြီး၍ ကျောက်ဖြူချောင်းမှ ရေတိုက်စားသည့်အတွက် ကျောက်ဖြူမြို့ပေါ်သို့ ဖြန့်ဖြူးထုတ်လွှတ်နေသည့် ဓာတ်မီးတိုင်များသည် ဇူလိုင်လ ၂၂ ရက်၊ ည ၁၀ နာရီအချိန်တွင် ပြိုလဲကျရာမှ ကျောက်ဖြူတစ်မြို့လုံး လျှပ်စစ်မီးပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်မီးပြန်လည်ထုတ်လွှတ်ပေးနိုင်ရန်အတွက် ဓာတ်မီးတိုင်များပြန်လည်စိုက်ထူမည့်မြေနေရာကို သက်ဆိုင်ရာက မြေပိုင်ရှင်ထံမှ ကာလပေါက်ဈေးအတိုင်းဝယ်ယူခဲ့ရသည်ဟုလည်း သိ၇သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။ (NN-12)
ဓာတ်ပုံ - ပြန်လည်စိုက်ထူထားသည့် ဓာတ်မီးတိုင်များအားတွေ့၇စဉ်။
Photo - Kyaukphyu ESE
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း -
www.narinjara.com
မြန်မာသတင်း -
https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် -
https://www.facebook.com/narinjara.info/
ရုပ်သံသတင်း -
https://www.facebook.com/Narinjara-TV-News-100125495251215/
ရေဒီယိုသတင်း -
https://www.facebook.com/Narinjara-Radio-107181441819656
#လျှပ်စစ်မီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.