English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
စနဲမြို့မှဖမ်းဆီးခံထား၇သူများအထဲက အမျိုးသမီး ၄ ဦးအပါအဝင် အရပ်သား ၈ ဦးကိုကျောက်ဖြူသို့ ခေါ်ဆောင်သွား
ဇူလိုင် ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :5870
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၂၅/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် စနဲမြို့စခန်းမှူးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီးနောက် ဖမ်းဆီးခံထားရသူ အရပ်သားများအထဲက အမျိုးသမီး ၄ ဦးအပါအဝင် မြို့ခံ ၈ ဦးကို ကျောက်ဖြူသို့ ပြောင်းရွှေ့ ခေါ်ဆောင် သွားကြောင်း မိသားစုများကပြောသည်။
ယမန်နေ့ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက စနဲမြို့စခန်းမှူးရဲအုပ်ကျော်ဇင်ဝင်းကို အေအေကဖမ်းဆီးသွားပြီးနောက် စနဲမြို့ဒေသခံအရပ်သား ၃၀ ခန့်ကို စကစမှ ခေါ်ယူစစ်ဆေးခဲ့သည်။
ယင်းအထဲမှာ စနဲမြို့ ကန်ပြင်ရပ်ကွက်မှ သမိုင်းတတိယနှစ် မခင်နီလာနွယ်(၂၀ နှစ်)နှင့် မခင်သူဇာနွယ်(၂၅နှစ်)တို့ ညီအစ်မအပါအဝင် အမျိုးသမီး ၄ ဦး၊ စနဲမြို့ပေါ် (၅)ရပ်ကွက်စာရေး ကိုအောင်နိုင်ဝင်း အပါအဝင် အမျိုးသား ၄ ဦးတို့ကို ပြန်မလွှတ်ပေးဘဲ ကျောက်ဖြူသို့ ပို့ဆောင်လိုက်ပြီဟု ဖမ်းဆီးခံရသူ တစ်ဦး၏ မိသားစုဝင်တစ်ဦးက နိရဥ္စရာကို ပြောသည်။
"ကျန်တဲ့လူတွေနာမည်အတိအကျတာ့ မသိ၇ဘူး။ ကျား ၄ ယောက်၊ မ ၄ ယောက် ပေါ့။ ကျန်တဲ့လူတွေကိုတော့ ခံဝန်နဲ့ပြန်လွှတ်ပြီးတော့ အဲ့ဒီ ၈ ယောက်ကိုတော့ ကျောက်ဖြူရဲ ခရိုင်ရုံးကိုခေါ်သွားတယ်လို့ သိ၇ပါတယ်"ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူခရိုင် ရဲစခန်းမှူးအား နိရဉ္စရာ သတင်းဌာနက ဆက်သွယ်ခဲ့ရာ "မသိဘူးဗျ။ကျွန်တော်တို့ဆီမလာဘူး။ စခန်းကိုတော့ ယူမလာဘူးဗျ"ဟု ပြောသည်။
စနဲရဲအုပ်ဖမ်းဆီးခံရပြီးနောက် လုံခြုံရေးတင်းကျပ်ထားသည့်အတွင် လက်ရှိအချိန်ထိ ကျောင်းနှင့် ဈေးများကိုပိတ်ထားဆဲဖြစ်ပြီး မြို့တွင်းတွင်လည်း လူသွားလူလာများ နည်းပါးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။
"လမ်းသွားလမ်းလာလည်း သိပ်မရှိဘူး။ ဈေးတွေ၊ ကျောင်းတွေလည်း ပိတ်ထားတယ်။ တိတ်ဆိတ်နေတယ်။ ကိုဗစ်ထက်တောင်ဆိုးသွားပြီ။ ဆရာ၊ ဆရာမတွေတော့ ကျောင်းကိုသွားကြတယ်။ ကျောင်းသားတွေ အတန်းကြီး၊အတန်းငယ် ဘယ်သူမှမသွားကြဘူး။ ဘယ်မိဘက ကျောင်းလွှတ်ရဲပါ့မလဲ"ဟု စနဲမြို့ခံတစ်ဦးက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဆက်သွယ်၍မ၇ခဲ့ပါ။(NN-7)
#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.