Preview

ငပလီကမ်းခြေတွင် လူမပါသည့်စက်လှေတစ်စီးသောင်တင်တွေ့ရှိ

ဇူလိုင် ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :2905
ရခိုင် သတင်း


နိရ ဉ္စရာ၊ ဇူလိုင် ၂၅/၂၀၂၂
ရခိုင်ပြည်နယ်၊ ငပလီမြို့ ဇီးဖြူကုန်းကျေးရွာကမ်းခြေတွင် လူသူမပါသည့် စက်လှေတစ်စီးကို သောင်တင်တွေ့ရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
အဆိုပါစက်လှေကို ဇီးဖြူကုန်းကမ်းခြေတွင် ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၆ နာရီခန့်၌ တွေ့မြင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ညက ကမ်းကပ်လာခြင်း ဖြစ်နိုင်သည်ဟု ကျေးရွာဒေသခံများက ပြောသည်။
အဆိုပါစက်လှေတွင် လူတစ်ဦးတစ်ယောက်မှ ပါလာခြင်းမရှိဘဲ စားနပ် ရိက္ခာများ၊ ရေသန့်ဘူးများနှင့် ဒီဇယ်ဆီပုံးအစရှိသည်တို့ပါရှိသည်ဟု ဒေသခံ မျက်မြင်များက ပြောသည်။
စက်လှေပေါ်ရှိ လွယ်အိတ်များထဲမှ တွေ့ရှိရသောဖုန်းနံပါတ်များကို ဆက်သွယ် ကြည့်ရာတွင်လည်း ပေါက်တောဘက်မှဖုန်းဖြစ်သည်ဟု ပြန်လည် ဖြေဆိုခဲ့ကြောင်း သွားရောက်ကြည့်ရှူခဲ့သည့် ဇီးဖြူကုန်းကျေးရွာ ဒေသခံ တစ်ဦးက နိရ ဉ္စရာသို့ပြောသည်။
"ဒါကမှောင်ခိုဖြစ်ဖို့များတယ်။ စက်လှေထဲမှာက စားနပ်ရိက္ခာတွေလည်း ပါတယ်။ ဒီနေ့မနက်အစောကြီးမှ ငါးရှာသမားတွေ လှေကြီးတွေ့လို့ သိ၇တာ" ဟုပြောသည်။
ယမန်နေ့က ညဉ့်အချိန်တွင် ရေတပ်မှ သေနတ်ပစ်ဖောက်သံများကိုလည်း ကြားလိုက်၇ပြီး ယင်းသို့ ပစ်ဖောက်သံများကြောင့် အဆိုပါ စက်လှေပေါ်မှ လူများလည်း ကြောက်လန့်ထွက်ပြေးသွားကြဟန်တူကြောင်း ဒေသခံများက သုံးသပ်နေကြသည်။
လက်ရှိတွင် ရာသီဥတုလည်းကောင်းမွန်နေ၍ လှိုင်းလေကြီးပြီး မျောပါလာသည့် ပုံစံမျိုးလည်းမဖြစ်နိုင်ဟု ဒေသခံများက ပြောဆိုကြသည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.