English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
ကျောက်တော်အထက်ပိုင်းသို့ပြေးဆွဲသည့်စက်လှေများအားလုံး တစ်ပတ်လျှင် ၃ ရက်သာပြေးဆွဲခွင့် ကန့်သတ်ခံရ
ဇူလိုင် ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :9425
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၂၅/၂၀၂၂
၇ခိုင်ပြည်နယ် ကျောက်တော်မြို့မှ ကျောက်တော်အထက်ပိုင်းသို့ပြေးဆွဲနေသည့် လိုင်းစက်လှေများအားလုံးသည် ယခုအခါ တစ်ပတ်လျှင် ၃ ရက်သာ ပြေးဆွဲခွင့်ကန့်သတ်ခံလိုက်ရကြောင်း သိ၇သည်။
အဆိုပါစက်လှေများသည် ယခင်က နေ့စဉ်ပြေးဆွဲခွင့်၇ခဲ့ကြသော်လည်း ဇူလိုင်လ ၂၃ ရက်မှစတင်ကာ တစ်ပတ်လျှင် အင်္ဂါ၊ သောကြာနှင့် စနေ (၃)ရက်သာ ပြေးဆွဲခွင့်ရတော့သည်ဟု လိုင်းစက်လှေပိုင်ရှင်များက နိရဥ္စရာကို ပြောသည်။
စက်လှေပိုင်ရှင်တစ်ဦးက “ပြီးခဲ့တဲ့စနေနေ့က ကျနော်တို့စက်လှေသွားတော့ ကျောက်တော်သကြားစက်နားက စစ်တပ်က ပြောတာ။ ၃ ရက်ပဲ ပြေးဆွဲခွင့်၇တော့မယ်လို့”ဟု ပြောသည်။
ကန့်သတ်ခံလိုက်၇သည့် စက်လှေများတွင် ကျောက်တော်-မီး၀၊ ကျောက်တော်-ကွမ်းဇဲ၊ ကျောက်တော်-ဂြင့်ခါးစေ့၊ ကျောက်တော်-သားပုန်စသည့် ကျောက်တော်မှ မီး၀ကြားရှိ လိုင်းစက်လှေများအားလုံး ပါဝင်သလို ကိုယ်ပိုင်စက်လှေငယ်များလည်း ပါဝင်သည်ဟု သိ၇သည်။
ယခုရာသီသည် သီးနှံများပေါ်ချိန်ဖြစ်၍ ယခုကဲ့သို့ လိုင်းစက်လှေများပြေးဆွဲခွင့်ကန့်သတ်ခံလိုက်ရသည့်အတွက် သီးနှံများ ပျက်စီးဆုံးရှုံးနစ်နာမှုဖြစ်ပေါ်နေရကြောင်း စိုက်ခင်းပိုင်ရှင်တစ်ဦးက ပြောသည်။
“ဒီအချိန်က ရောင်းစားနေရတဲ့ သီးနှံအချိန်လေ။ နေ့စဉ်ရောင်းနေတာတောင်မှ အသီးတွေက ပုပ်သွားတာတွေရှိတယ်။ အခုလို သွားလာခွင့်ကန့်သတ်ခံလိုက်ရတော့ လိုင်းစက်လှေရှိတဲ့ရက်ကိုစောင့်ရင်း တစ်ရပ်လုံး၊ တစ်ရွာလုံး၊ တစ်ကမ်းခြေလုံးမှာ ဆုံးရှုံးမှုတွေရှိတာပေါ့”ဟု ပြောသည်။
ကျောက်တော်-ပလက်၀စက်လှေလိုင်းကိုလည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်က ပလက်၀မြို့တွင် ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီးနောက် စစ်ကောင်စီက ပိတ်ပင်ထားခဲ့သည်။
လက်ရှိတွင် ကျောက်တော်မှပလက်၀သို့ အစိုးရ ဇက်ရေယာဉ်တစ်ခုတည်းသာ တစ်ပတ်လျှင် ၂ ရက်တည်း ပြေးဆွဲလျက်ရှိသည်ဟု သိ၇သည်။
#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.