Preview

စနဲမြို့တွင် ဖမ်းဆီးခံခဲ့ရသူများစာရင်းကို AA ထုတ်ပြန်

ဇူလိုင် ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :9333
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၂၅/၂၀၂၂
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စနဲမြို့တွင် ယမန်နေ့က ဖမ်းဆီးခံခဲ့ရသူများကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ထုတ်ပြန်လိုက်သည်။
AA ၏ ယနေ့ ဇူလိုင်လ ၂၅ ရက်ထုတ်ပြန်ချက်တွင် အမျိုးသမီး ၄ ဦးအပါအဝင် ၁၄ ဦး ဖမ်ဆီးခံခဲ့ရပြီး ယင်းအနက် ရ ဦးလွတ်မြောက်သွားပြီဖြစ်ကာ ကျန် ရ ဦးမှာ လွတ်မြောက်မှုမရှိသေးဟု ဖော်ပြထားသည်။
လွတ်မြောက်မှုမရှိသေးသူတွင် အမျိုးသမီး ၄ ဦးနှင့် ၁၆ နှစ်အရွယ် ကလေး ၁ ဦးပါဝင်သည်ဟုလည်း ဖော်ပြထားသည်။
လွတ်မြောက်မှုမရှိသေးသူများကို ယနေ့နံနက်ပိုင်းတွင် စနဲမြို့မှတဆင့် ကျောက်ဖြူသို့ ခေါ်ဆောင်သွားခဲ့သည်ဟုလည်း မြို့ခံများက ပြောသည်။
ယမန်နေ့ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက စနဲမြို့စခန်းမှူးရဲအုပ်ကျော်ဇင်ဝင်းကို AA ကဖမ်းဆီးသွားပြီးနောက် စနဲမြို့ဒေသခံအရပ်သားများ ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးခံနေ၇ခြင်းဖြစ်သည်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.