English Edition
တနင်္ဂနွေနေ့၊ ဇန်နဝါရီလ ၁၉ရက်၊ ၂၀၂၅
လှူရန်
Preview
ရန်ကုန်တွင်ကျောင်းတက်ရင်းပျောက်ဆုံးသွားသည့် ရခိုင်မှ Grade 10 ကျောင်းသူကို ယနေ့ ပြန်တွေ့
ဇူလိုင် ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :10285
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၂၅/ ၂၀၂၂
ရန်ကုန်တွင်ကျောင်းတက်နေရင်း ပျောက်ဆုံးသွားသည့် ရခိုင်မှ Grade 10 ကျောင်းသူကို ယနေ့ ပြန်လည်တွေ့ရှိပြီဟု သိ၇သည်။
ပျောက်ဆုံးသွားသူမှာ ရန်ကုန်မြို့၊ ထောက်ကြန့်မြို့နယ်ရှိ စွယ်စုံကိုယ်ပိုင်အထက်တန်းကျောင်းတွင် Grade 10 အတွဲ(၇) ဇီ၀ဘာသာတွဲကိုတက်နေသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မလင်းလဲ့ရွှေရည်(ခေါ်)မမေပြည့်ဖြိုးဖြစ်သည်။
သူမကို ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့ အိုးတန်းရပ်ကွက်၊ ဇေယျာသီရိ(၂)လမ်းရှိ ဒေါ်မူမူမြင့်ဆိုသူ၏နေအိမ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မလင်းလဲ့ရွှေရည်၏ဦးလေး ဦးအောင်စိုးက နိရဥ္စရာကိုပြောသည်။
“ကလေးက ထောက်ကြန့်ကနေ ကားတစ်စီးနဲ့ပါသွားတယ်လို့ ပြောတယ်။ အဲဒီမှာ တိုက်ကြီးဈေးနားမှာ အဲဒီအမျိုးသမီးက ဆိုက်ကားစီးရင်းတွေ့လို့ ကလေးလည်း လမ်းပျောက်လို့လိုက်သွားတယ်အဲလိုမျိုးပြောပါတယ်။ သူက ကလေးကိုမေးတော့ ကလေးက စွယ်စုံမှာတက်တယ်ဆိုတဲ့အကြောင်းပြောတဲ့အခါ စွယ်စုံစာသင်ကျောင်းကို ဒီကနေ့မနက်က လာပြီးအကြောင်းကြားတာ”ဟု ပြောသည်။
ထိခိုက်ဒဏ်ရာများမရှိဘဲ ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယနေ့ညနေပိုင်းတွင် ထောက်ကြန့်မြို့ရှိ သူမနေထိုင်ရာအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဟု သိ၇သည်။
မလင်းလဲ့ရွှေရည်သည် ထောက်ကြန့်မြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ အောင်သပြေ(၅)လမ်းရှိ အဒေါ်ဖြစ်သူဒေါ်ကျော့စန္ဒာမြင့်နှင့်အတူနေထိုင်စဉ် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် နံနက် ၁၁ နာရီခန့်က အိမ်တွင် လူမရှိခိုက် နေအိမ်မှ တစ်ဦးတည်းထွက်သွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု သိ၇သည်။
ဓာတ်ပုံ - မလင်းလဲ့ရွှေရည်ကို ယနေ့ပြန်တွေ့ပြီးနောက် ရန်ကုန်ရှိ ရခိုင်အမျိုးသားကွန်ရက်ရုံးတွင် တွေ့၇စဉ်။ Photo – Tin Htoo Aung
#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.