Preview

ကျောက်တော် ရုပ်သားရွာအနီး စစ်တပ်ကတပ်စွဲထားသည့်တောင်အောက်တွင် မိုင်းပေါက်ကွဲ

ဇူလိုင် ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :8902
ရခိုင် သတင်း


နိရဥ္စရာ၊ ဇူလိုင် ၂၆/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ကစ္ဆပနဒီမြစ်ကြောင်းအနီးရှိ ရုပ်သားကျေးရွာအနီး စစ်တပ်ကတပ်စွဲထားသည့်တောင်အောက်တွင် ယမန်နေ့က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၁၁ နာရီကျော်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံများနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့ဟု ဒေသခံတစ်ဦးက ယနေ့ နံနက် ၉ နာရီခွဲခန့်က ပြောသည်။
“သေချာတာကတော့ ပြည်သူတော့ မထိဘူး။ တောင်ပေါ်မှာ သူတို့ရှိတယ်။ အောက်မှာ ဟင်းတွေဘာတွေသွားရှာတဲ့အခါ ပေါက်တာဖြစ်မယ်”ဟု ပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုရှိ/မရှိဆိုသည်ကို လုံခြုံရေးအရသွားမကြည့်နိုင်သည့်အတွက် မသိရှိ၇ဟုလည်း ဒေသခံများက ပြောသည်။
၇ခိုင်တွင် ယခု ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှ ဇူလိုင်လစောပိုင်းအထိ မိုင်းပေါက်ကွဲမှုကြောင့် ၇ ဦးသေဆုံးပြီး ၂၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရ သိ၇သည်။
အလားတူ တိုက်ပွဲများပြင်းထန်ခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲ၍ လူပေါင်း ၄၀ ကျော်သေဆုံးပြီး ၈၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု REC က ထုတ်ပြန်ခဲ့သည်။
ရက္ခိုင့်တပ်တော် (AA)ပြောခွင့်ရသူ ဦးခိုင်သုခကလည်း ပြည်သူများအနေဖြင့် စစ်တပ်နယ်မြေနှင့် ယခင်တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများသို့မသွားလာကြရန်နှင့် မိုင်းအန္တရယ်ကို သတိပြုကြရန် ဇူလိုင် ၁၈ ရက်နေ့က နိရဥ္စရာနှင့်အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။
မိုင်းထိလူနာများကို ငွေ ကျပ် ၂ သိန်းစီထောက်ပံထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အခမ်းအနားတစ်ခုတွင် ပြောဆိုထားသော်လည်း ရခိုင်မှ မိုင်းထိလူနာများ ယင်းထောက်ပံ့ငွေများကို မ၇ကြဟု ပြောကြသည်။ (NN-7)

#မြေမြုပ်မိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.