English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
နှစ်ဘက်တင်းမာမှုရှိနေသဖြင့် စနဲမြို့အခြေအနေပုံမှန်အဆင့်သို့ မရောက်သေး
ဇူလိုင် ၂၇/ ၂၀၂၂ | ကြည့်ရှုသူ :5232
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၂၇/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ စနဲမြို့ စခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီးနောက် အခြေအနေမှာ ဆက်လက်တင်းမာနေသဖြင့် မြို့၏ အခြေအနေမှာ ပုံမှန် အဆင့် သို့ မရောက်သေးဟု မြို့ခံတစ်ဦးက ပြောသည်။
စနဲမြို့ခံတစ်ဦးက “ ပုံမှန် အခြေအနေဆိုတာက ကျောင်းတွေဖွင့်ရင် ကျောင်းသားတွေ အကုန်လုံး ကျောင်းတက်ကြတယ်။ ဆရာ ဆရာမတွေ ဆိုလည်း ကျောင်းတက်တယ်။ စာသင်တယ်။ ဈေးဆိုရင်လည်း အကုန်လုံး ဆိုင်တယ်ဖွင့်တယ်။ မနက်ကနေ ညနေထိ ဈေးဝယ် ဈေးသွားသူတွေ စည်ကားနေတယ်။ ရုံးတွေလည်းဖွင့်တယ်။ အခုက ဒီလို အခြေအနေမျိုးကို မရောက်သေးဘူး။ ကျောင်းသားတွေ အများစုလည်း ကျောင်းမတက်ကြသေးဘူး။ ဈေးဆိုင်တွေအကုန်လုံးမဖွင့်သေးဘူး။ အဲသလို အနေအထားမျိုးမှာရှိနေတယ်။ ပုံမှန် အခြေအနေသို့ ပြန်မရောက်နိုင်သေးဘူး” ဟု ပြောသည်။
စခန်းမှူး ရဲအုပ် ကျော်ဇင်ဝင်းကို ဇူလိုင် ၂၄ ရက်နေ့က ဖမ်းဆီးပြီးနောက် ၃ ရက်ကြာလာသည်အထိ စစ်ကောင်စီတပ်နှင့် အေအေတို့အကြား နှစ်ဘက် စစ်ရေးတင်းမာမှုရှိနေဆဲဖြစ်ပြီး အရပ်သားများလည်း အဖမ်းခံထား၇သဖြင့် အများစုမြို့ခံများမှာ အိမ်ပြင်ကို မထွက်ကြဘဲ အိမ်ထဲတွင်သာ နေထိုင် နေကြသည်ဟု ၎င်းက ပြောသည်။
"အခြေအနေက အခုအချိန်မှာ ဘာမှမဖြစ်တဲ့ ပုံစံမျိုးရှိနေတယ်။ ဖြစ်မယ့် ဖြစ်လာလို့တော့ ဝုန်း၊ ဒိုင်း ဖြစ်လာရင် မလွယ်ဘူး။ လူတွေကြား ပြောသံတွေလည်း ကြားနေရတာကိုး။ နှစ်ဘက် အခြေအနေကတော့ စစ်ရေးအခြေအနေအရ တစ်ဘက်နဲ့တစ်ဘက် တင်းမာတယ်လို့လည်း ပြောလို့၇သလို၊ဟိုဘက်ဒီဘက် ဗိုလ်နေမြဲကျားနေမြဲပေါ့လေ။ အားလုံးအသင့် အနေအထားမှာပေါ့လေ။ အဲ့ဒီသဘောဖြစ်နေတယ်"ဟု ပြောသည်။
လက်ရှိ စနဲမြို့တွင်း၌ စစ်တပ်နှင့်ရဲအင်အားများတိုးချထားပြီး အရပ်သားများကို ဖမ်းဆီးမှုများလည်း ရှိခဲ့သဖြင့် ပြည်သူအများအကြား ဖမ်းဆီးစစ်ဆေး ခံရမည်ကို စိုးရိမ်နေကြရသည်ဟု စနဲမြို့မှ အမည်မဖော်လိုသည့် လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
"ဒီနေ့တော့ ၆၀ ရာနှုန်းလောက်တော့ ဈေးရောင်းကြတာတွေ့ရတယ်။ ဒီနေ့တော့ ကျောင်းပိတ်တယ်။ ကျောင်းကတော့ စာမေးပွဲတွေလည်း စစ်ဖို့ရှိတယ်လို့ပြောသံကြားထားတော့ မနက်ဖြန်တော့ ကျောင်းသားတွေ ကျောင်းတက်ကြမယ်ထင်တယ်။ သားသမီးသွားရင် မိဘတွေကတော့ နောက်က လိုက်ပို့ကြ၇မှာပေါ့လေ"ဟု ပြောသည်။
စနဲမြို့ရဲစခန်းမှူးဖမ်းဆီးခံ၇မှုနှင့်ပတ်သက်၍ စစ်တပ်က ဒေသခံ ၁၄ ဦးကို ဖမ်းဆီးခဲ့သော်လည်း နောက်ပိုင်းတွင် အမျိုးသမီး ၄ ဦးအပါအဝင် ၁၁ ဦးကို ပြန်လွှတ်ပေးကာ ၃ ဦး ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်သည်။
ကျန်ရှိသည့် အမျိုးသား ၃ ဦးမှာ ကျောက်ဖြူမြို့ အခြေစိုက် ခလ၇ (၃၄) တပ်ရင်းထဲတွင် ဆက်လက်ထိန်းသိမ်းခံနေ၇ပြီး ယင်းအထဲတွင် ၁၆ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးလည်း ပါဝင်သည်ဟု သိ၇သည်။(NN-7)
#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.