Preview

NUG,PDF တို့ကို ထောက်ပံ့ကူညီသည့်သံသယဖြင့် သံတွဲမှအမျိုးသမီးတစ်ဦးကို ဖမ်းဆီးပြီးအကြမ်းဖက်မှုပုဒ်မဖြင့်အမှုဖွင့်

ဇူလိုင် ၂၉/ ၂၀၂၂ | ကြည့်ရှုသူ :3377
ရခိုင် သတင်း

နိရဉ္စရာ၊ ဇူလိုင်၂၉/၂၀၂၂

NUG နှင့် PDF တို့ကို  ငွေကြေး ထောက်ပံ့ကူညီသည်ဟု သံသယဖြင့်သံတွဲမြို့ကအမျိုးသမီးတစ်ဦးကိုအကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့်ဖမ်းဆီးအမှုဖွင့်ထားကြောင်းသတင်းရရှိသည်။

၎င်းအမျိုးသမီးမှာ သံတွဲမြို့၊ အမှတ် ၅ ရပ်ကွက်နေအသက် (၃၂)နှစ်အရွယ် မရွှန်းစန္ဒာ(ခေါ်) မဒေးဒေးဖြစ်ပြီး ၎င်းသည် လက်သည်းအလှပုံဖော်သည့်လုပ်ငန်းနှင့်အွန်လိုင်းမှတဆင့် အစားအသောက်ရောင်းချနေသူတစ်ဦးဖြစ်ကြောင်းလည်း သိ၇သည်။

၎င်းကိုပြီးခဲ့သည့်ဇူလိုင်လ ၂၇ ရက်နေ့က  ၎င်း၏မုန့်ဆိုင်မှ ရဲတပ်ဖွဲ့ဝင်များကလာရောက် ဖမ်းဆီး သွားခြင်းဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၀(ည)ဖြင့် သံတွဲမြို့မရဲစခန်းတွင် အမှုဖွင့်ခံထား၇ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။

"သူ့အိမ်ကနေအဖမ်းခံရတာ။သူကအွန်လိုင်းက အစားအသောက်လေးတွေ ရောင်းတယ်။ PDFတွေကိုထောက်ပံ့တယ်၊ ဘာညာဆိုပြီးတော့ ဖမ်းတယ်လို့ကြားတယ်။ သူ့ကိုအခုတော့ ၇မန်ယူထားတယ်။ ဘယ်နေ့ထိယူမလဲတော့မသိသေးဘူး" ဟုပြောသည်။

အဆိုပါမရွှန်းစန္ဒာ၏ ဖေ့စ်ဘုတ်အကောင့်တွင် NUG,PDF တို့၏ရန်ပုံငွေကံစမ်းမဲအစီအစဉ်ပို့စ် တစ်ခုအား မျှဝေထားသဖြင့် ဖမ်းဆီးခံ၇ခြင်းဖြစ်ကြောင်း၎င်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါလူမှုကွန်ရက်မှ ပိုစ့်တစ်ခုကြောင့် ယခုကဲ့သို့အမှုဖွင့် ဖမ်းဆီးခြင်းမှာလည်း မဖြစ်သင့်ကြောင့်သံတွဲမြို့ခံတစ်ဦးကပြောသည်။

လက်ရှိတွင်၎င်းအား သံတွဲမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိ၇သည်။

၇ခိုင်တွင်NUG,PDF တို့နှင့် ဆက်စပ်၊ ထောက်ပံ့သည်ဟုဆိုကာဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးတရားစွဲဆိုခံနေ၇ပြီး သံတွဲမှ အမျိုးသားနှင့် အမျိုးသမီးအချို့ကိုလည်း ထောင်ဒဏ်အသီးသီးချမှတ်ထားသည်။

၎င်းတို့အထဲက ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ဦးစိန်ချစ်နှင့် ငပလီမြို့မှ ကိုရဲနိုင်ဦးတို့ကို မေ ၂၀ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် စီချမှတ်ခံထား၇သည်။

တောင်ကုတ်မြို့မှ CDM ဆရာမ အသက် ၄၀ အရွယ် ဒေါ်ချယ်ရီသက်ရှည်၊ သံတွဲမြို့မှ အသက် ၂၅ နှစ်အရွယ် မတင်စန္ဒာဝင်း၊ အသက် ၃၅ နှစ်အရွယ် ဒေါ်ငြိမ်းအိဖြိုးကျော်၊ အသက် ၅၀ အရွယ် ဒေါ်စန်းချိုသိုက်နှင့် မြောက်ဦး မြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါတို့ကိုလည်း PDF အား ငွေထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီး ချမှတ်ခံထားရပြီး သံတွဲမြို့နယ်၊ သလူချောင်းကျေးရွာမှ ကိုတင်မောင်ထွန်းကိုလည်း ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)ဖြင့် ထောင် ၁၀ နှစ်ချမှတ်ခံထားရသည်ဟု သိ၇သည်။

 

(NN-8)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.