နိရဥ္စရာ ဇူလိုင် ၃၀/၂၀၂၂
၇ခိုင်ပြည်နယ်၊ကျောက်ဖြူမြို့တွင် နယ်ခေါင်းဆောင် ဒုရဲအုပ်တစ်ဦးကို ရဲတပ်သားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ကာ ထွက်ပြေးသွားသည်ဟု သတင်းရရှိသည်။
၎င်းဖြစ်စဉ်သည် ယမန်နေ့ ဇူလိုင်လ၂၉ရက် ည (၁၀)နာရီခွဲကျော်ခန့်တွင် ကျောက်ဖြူမြို့မ ရဲစခန်းအတွင်း ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
သေဆုံးသူမှာ နယ်ထိန်း ဒုရဲအုပ် အုန်းဇော်ဌေးဖြစ်ပြီး၊ ပစ်သတ် ထွက်ပြေးသွားသူရဲမှာ စိုးလင်းအောင်ဟု ဖော်ပြထားသည်။
ရဲတပ်ဖွဲ့၏ အစီရင်ခံစာတွင် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့ ၂၂၃၅ ချိန်ခန့်တွင် ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ ဆေးရုံလမ်းရှိ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့၊ ကျောက်ဖြူမြို့မရဲစခန်းဝန်းအတွင်း သေနတ်သံ ၅ ချက် ခန့် ထွက်ပေါ်ခဲ့သဖြင့် စုံစမ်းခဲ့ရာ ကျောက်ဖြူမြို့မရဲစခန်း နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် အုန်းကျော်ဌေးအား ၎င်း၏ တပည့်ဖြစ်သူ စိုးလင်းအောင်က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒုရဲအုပ် အုန်းကျော်ဌေး သေဆုံးသွားကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် ပစ်ခတ်သတ်ဖြတ်သွားသူ ရဲတပ်သား စိုးလင်းအောင်သည် သေနတ်နှင့်အတူ ကျဥ်ဆံ (၁၀၀)ကျော် ပါယူဆောင် ထွက်ပြေးသွားပြီး စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့များက အပူတပြင်း လိုက်ရှာနေကြသည်ဟု သိ၇သည်။
ကျောက်ဖြူ ဒေသခံတစ်ဦး " ရဲစခန်းက ပစ်သံ လေးငါးချက် လောက် ကြားလိုက်၇တယ်။ ကျွန်တော်လည်း ဘယ်နှစ်ချက်ဆိုတာ သေချာမမှတ်မိတော့ဘူး။ ဆေးရုံးအနီးက တစ်ယောက်ကို မေးကြည့်လိုက်တော့ ဒဏ်ရာ၇သွားတဲ့ ရဲအုပ်က ကျောက်ဖြူဆေးရုံကြီးမှာ ဆုံးသွားတယ်လို့ သိ၇ပါတယ်" ဟုပြောသည်။ NN-(13)