Preview

စောင့်ရှောက်မှုမရှိဘဲ တစ်ဦးတည်းသေနေသော အဖွားအိုတစ်ဦး၏အလောင်း စစ်တွေတွင် တွေ့ရှိ

ဇူလိုင် ၃၁/ ၂၀၂၂ | ကြည့်ရှုသူ :2740
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၃၀ /၂၀၂၂
စောင့်ရှောက်မှုမရှိဘဲ တစ်ဦးတည်းသေနေသော အဖွားအိုတစ်ဦး၏ရုပ်အလောင်းကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တွေ့ရှိခဲ့ကြောင်း သိ၇သည်။
သေဆုံးနေသူမှာ အသက် ၆၀ ကျော်ခန့်ရှိ အဖွားအိုတစ်ဦးဖြစ်သည်။
သူမ၏အလောင်းကို ယနေ့ ဇူလိုင်လ ၃၀ ရက် နေ့လယ် ၁ နာရီခန့်တွင် စစ်တွေမြို့ ရွာကြီးတောင်ဈေးအနီးရှိ လူအများနားနေဆောင်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အလောင်းအား ကူညီသယ်ဆောင်ခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ဒုဥက္ကဋ္ဌ ကိုသာဂီလင်းက နိရဥ္စရာကိုပြောသည်။
“အရင်ကလည်း ဒီအဖွားကို ၃ ခါ ၄ ခါလောက် တွေ့ဖူးပါတယ်။ အဲ့တုန်းက လေဖြန်းထားတဲ့ပုံစံ စကားက သိပ်မပီဘူး။ ဘယ်မှာနေလဲ မေးတော့လည်း မဖြေနိုင်ဘူး။ ဇဝေဇဝါနဲ့။ ရန်ကုန်ကလိုလို၊ မင်းဂံကလိုလိုနဲ့။ မိသားစုမရှိတဲ့ပုံစံပါ။ စစ်တွေ ဆေးရုံကြီးနားမှာတစ်ခါတွေ့တုန်းကလည်း အမိုးအကာရှိတဲ့တစ်နေရာကို ပို့ပေးထားခဲ့သေးတယ်”ဟု ပြောသည်။
သေဆုံးသူ၏အမည်နှင့် နေရပ်လိပ်စာကိုလည်း စုံစမ်း၍မရသေးကြောင်း သိ၇သည်။
လက်ရှိတွင် ထိုအဖွား၏ရုပ်အလောင်းအား စစ်တွေဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားသည်ဟုလည်း သိ၇သည်။ (NN-13)
ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.