နိရဥ္စရာ၊ ဇူလိုင် ၃၀ /၂၀၂၂
ရခိုင်ပြည်နယ်တွင် ယခုနှစ် ၇ လအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၉၀၀ ကျော်အထိရှိပြီး သေဆုံးသူမရှိကြောင်း ယနေ့ ဇူလိုင်လ ၃၀ ရက်နံနက်ပိုင်းတွင် ပြည်နယ်အစိုး၇က ထုတ်ပြန်လိုက်သည်။
ရခိုင်တစ်ပြည်လုံး၌ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၂၆ ရက်အထိ ကောက်ခံထားသည့်စာရင်းအရ ဇန်နဝါရီလတွင် ၁၀ ဦး၊ ဖေဖော်ဝါရီတွင် ၁ ဦး၊ မတ်တွင် ၅ ဦး၊ ဧပြီတွင် ၆ ဦး၊ မေတွင် ၁၃၁ ဦး၊ ဇွန်တွင် ၂၈၇ ဦးနှင့် ဇူလိုင်တွင် ၄၈၂ ဦး၊ စုစုပေါင်း ၉၂၂ ဦးရှိခဲ့ပြီး သေဆုံးသူမရှိဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မေလအတွင်း ဖြစ်ပွားမှုမြင့်တက်လာခြင်းဖြစ်ပြီး ဇူလိုင်လတွင် ဖြစ်ပွားမှုအများဆုံးဖြစ်ခဲ့သည်ဟု သိ၇သည်။
ဖြစ်ပွားခဲ့သည့်မြို့နယ်များအနက် အမ်းတွင် ၂ ဦးဖြင့် အနည်းဆုံးဖြစ်ပွားခဲ့ပြီး
စစ်တွေတွင် ၁၈၀ ဦးဖြင့် ဖြစ်ပွားမှုအများဆုံးဖြစ်နေသည်ကို တွေ့၇သည်။
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကြောင့်ဖြစ်တတ်သည့်အတွက် ခြင်အကိုက်မခံရအောင်နှင့် ခြင်မပေါက်ပွား၇အောင် ကာကွယ်မှုများပြုလုပ်ထားသင့်သည်ဟုလည်း စစ်တွေမြို့ခံ ဒေါ်ဆန်းဆန်းမှုံက ပြောသည်။
ကလေးငယ်များတွင် အဖြစ်များတတ်သည့်အတွက် ကလေးသူငယ်များကို ညနေဝင်လျှင် ခြင်ထောင်အတွင်းနေခိုင်းရန်၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလျှင် ကလေးသူငယ်များအသက်ဆုံးရှုံးနိုင်၍ အိမ်ဘေးနားရှိ ရေအိုင်များနှင့် ချိုင့်ခွက်များတွင် မိုးရွာလျှင် ရေမတင်ကျန်စေရန် ရေစီးမြောင်းဖောက်ကာ ခြင်အန္တရာယ်ကာကွယ်ကြရန်လည်း ကျန်းမာရေးဌာနက သတိပေးတိုက်တွန်းထားသည်။
၇ခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ၃၀၀ ဦးခန့်ရှိခဲ့သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိ၇သည်။
၂၀၂၀ ပြည့်နှစ်ကဆိုလျှင် ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၂၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၁ ဦးရှိခဲ့ကြောင်း သိ၇သည်။
အလားတူ ၂၀၁၉ ခုနှစ်ကလည်း ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၈၀၈ ဦးနှင့် သေဆုံးသူ ၈ ဦးအထိရှိခဲ့သည်ဟု သိ၇သည်။