Preview

AA နှင့်ဆက်စပ်သံသယဖြင့် ၂ နှစ်ကျော်ကြာ တရားစွဲခံထား၇သူ ၂ ဦးထောင် ၃ နှစ်စီချမှတ်ခံရ

ဇူလိုင် ၃၁/ ၂၀၂၂ | ကြည့်ရှုသူ :8942
ရခိုင် သတင်း

နိရဥ္စရာ၊ ဇူလိုင် ၃၀/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သံသယဖြင့် ၂ နှစ်ကျော်ကြာ ဖမ်းဆီးတရားစွဲဆိုခံထား၇သူ ၂ ဦးသည် ယမန်နေ့က ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံလိုက်ရသည်ဟု သိ၇သည်။
ထောင်ဒဏ်ချမှတ်ခံလိုက်၇သူ ၂ ဦးမှာ ၇သေ့တောင်မြို့နယ်မှ ဦးမောင်ပု(၃၈ နှစ်)နှင့် ဦးသာဇံ(၄၀ နှစ်) တို့ဖြစ်သည်။
သူတို့သည် ယမန်နေ့ ဇူလိုင်လ ၂၉ ရက်တွင် စစ်တွေခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက နိရဥ္စရာကိုပြောသည်။
"ချုပ်ရက်တွေပါ ပေါင်းပြီးခံစားခွင့်ရှိတယ်လို့ ပြောတယ်။ ဒါကြောင့် သူတို့ကတော့ ၂ နှစ်ကျော်လောက် ထောင်ထဲမှာနေနေ၇တာဆိုတော့ သိပ်တော့မကြာတော့ဘူး" ဟုပြောသည်။
၄င်းတို့အနက် ဦးသာဇံသည် ဖမ်းဆီးခံရစဉ်က မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၉ (က)ဖြင့် ထောင်ဒဏ် ၁၂ နှစ်ကျခံနေရသည်ဟုလည်း သိ၇သည်။
၎င်းတို့ ၂ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၂ ရက်တွင် စစ်တွေမြို့နယ်၊ ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က) တို့ဖြင့် ဗိုလ်ကြီးအောင်မြင့်မြတ်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟု သိ၇သည်။
ရက္ခိုင့်တပ်တော်(AA)အား လက်ရှိစစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းမှ ပယ်ဖျက်ထားပြီးနောက်ပိုင်းတွင် AA နှင့်ဆက်စပ်သံသယရှိသူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့်ထောင်ချနေခြင်းသည် မတရားသည့်လုပ်ရပ်ဖြစ်ကြောင်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာဦးမြတ်ထွန်းက ပြောသည်။
"ဒါကတော့ အစကတည်းကနေ အေအေကို အကြမ်းဖက်စာရင်းကနေပယ်ဖျက်ပြီးနောက်ပိုင်းမှာ ဦးလေးတို့က မီဒီယာကနေတဆင့် အကြမ်းဖက်နဲ့တရားစွဲထားတဲ့သူတွေကို သက်သေအထောက်အထားမခိုင်လုံလို့ရှိရင် လွှတ်ပေးရမယ်။ အကြမ်းဖက်အဖွဲ့ကိုလည်း ဖျက်လိုက်ပြီဆိုပြီး အမြဲတမ်းပြောဆိုခဲ့တယ်။ သူတို့ကဆက်တိုက် အသုတ်လိုက်လွှတ်လာတာတွေလည်း ရှိတယ်။ အခုက အဲလိုမဟုတ်ဘဲ အခုလက်ကျန်ရှိနေတဲ့ လူတွေကို ထောင်ချတယ်ဆိုတာကတော့ ဒါကတော့ မတရားဘူးလို့ ဦးလေးတို့ကပြောချင်တယ်" ဟုပြောသည်။
ရခိုင်တွင် ယခုနှစ်ဧပြီလကစပြီး ဇူလိုင်လနောက်ဆုံးအပတ်အထိ AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် ထောင်ဒဏ်အသီးသီးချမှတ်ခံထား၇သူ ၂၃ ဦးရှိပြီဖြစ်ပြီး ယခု ၂ ဦးပါဆိုလျှင် ၂၅ ဦးရှိသွားပြီဖြစ်ကြောင်း သိ၇သည်။ (NN-8)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.