နိရဥ္စရာ၊ ဇူလိုင် ၃၁/၂၀၂၂
ရိက္ခာပုံမှန်မရရှိ၍ စားဝတ်နေရေး အခက်အခဲဖြစ်နေကြသည့်ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းများရှိရာ မြို့နယ် (၉) မြို့နယ်မှ စစ်ဘေးရှောင်များအတွက်နီပွန်ဖောင်ဒေးရှင်းကလှူဒါန်းမည့် ဆန်အိတ်ပေါင်း ၅၅၀၉၄ အိတ်ကို စစ်ကောင်စီကခွင့်မပြု၍ လှူဒါန်းခွင့်မရသေးကြောင်း သတင်းရရှိသည်။
ယခုနှစ် မေလ နောက်ဆုံးအပတ်ထဲမှာလှူရန် စီစဉ်ခဲ့သော်လည်း စစ်ကောင်စီဌာနဆိုင်ရာများကအေအေနဲ့ စစ်တပ်ကြားမှာ စစ်ရေးဆိုင်ရာတင်းမာမှုတွေကြောင့် ၇ခိုင်ပြည်နယ်မှာ ဆန်လှူဒါန်းမည့် ကိစ္စကို ရပ်ထားရန် တားမြစ်သည့်အတွက် ယနေ့အချိန်ထိ လှူဒါန်းခွင့်မရသေးကြောင်းနီပွန်ဖောင်ဒေးရှင်း၏လူသားချင်းစာနာမှုဆိုင်ရာ ဆန်အကူအညီပေးရေးကိစ္စတွင် ညှိနှိုင်း ဆောင်ရွက်ပေးနေသည့် ဦးဝင်းအောင်က နိရဥ္စရာကိုပြောသည်။
"၄ လပိုင်းကနေ နီပွန်ဖောင်ဒေးရှင်းက ဆန် တစ်ယောက်ကို တစ်အိတ်ကျလှူဖို့အတွက် ဆန်အိတ်ပေါင်း ငါးသောင်းငါးထောင်ကျော်ဟာ သူတို့အနေနဲ့ ဝယ်ပြီးသားဖြစ်တယ်။ လောလောဆယ်မှာ မေလ နောက်ဆုံးပတ်မှာဖြန့်ဝေဖို့သဘောတူခဲ့ကြတယ်။ သက်ဆိုင်ရာကတားမြစ်တဲ့အတွက် ဒါကို နောက်ဆုတ်ခဲ့၇တယ်။ နောက်တစ်ခေါက်ထပ်ပြီး ဇွန်လ ပထမပတ်လောက်က ၁၉၉၀၀ ကျော်ဖြန့်မယ်ဆိုပြီးပထမအသုတ်အနေနဲ့စီစဉ်တာရှိတယ်။ ဒါကိုလည်း တားလာတာရှိတော့ ထပ်ပြီးနောက်ဆုတ်လိုက်၇တယ်ဆိုတော့ဆန်အိတ်ပေါင်း ၅၅၀၀၀ ကျော်ဟာ ဒီနေ့အထိ မြို့နယ် ၉ မြို့နယ်က စစ်ဘေးရှောင်တွေဆီ မရောက်နိုင်သေးဘူးပေါ့"ဟုပြောသည်။
ရခိုင်ပြည်နယ်မှ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ၇သေ့တောင်၊ ဘူးသီးတောင်၊အမ်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ ပေါက်တော စသည့်မြို့နယ် (၉) မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှစစ်ဘေးရှောင် တစ်ဦးကို ဆန်တစ်အိတ်နှုန်းနှင့် ဆန်အိတ်ပေါင်း (၅၅၀၉၄) ကျော်လှူဒါန်းရန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလကမစ္စတာဆာဆာကာဝါ မြန်မာနိုင်ငံသို့ရောက်ရှိချိန်တွင်ပြောဆိုခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီက နိုင်ငံရေး၊ စစ်ရေးအခြေအနေကိုအကြောင်းပြကာတားမြစ်ထား၍ အချိန်ကြာမြင့်လာသည်နှင့်အမျှ ဆန်များပျက်စီးယိုယွင်းစပြုလာပြီး ဆန်အရည်အသွေး ကျလာသည့် အတွက် အချိန်မီ မလှူဒါန်းနိုင်ပါက ကြီးမားသည့်ဆုံးရှုံးမှုတစ်ရပ်ဖြစ်လာနိုင်ကြောင်းဦးဝင်းအောင်ကဆက်ပြောသည်။
"အခုအဲ့ဒီဆန်တွေဟာ ၃ လခွဲ/၄လလောက် ရှိသွားပြီပေါ့လေ။ ဆန်အိတ်တွေလည်း တချို့ စပြီးပျက်စီးယိုယွင်းနေတာတွေ့ရတယ်။ နောက်ပြီး ဆန်အရည်အသွေးတွေကျပြီး အချိန်မီမလှူနိုင်ရင်ဒါကအင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်အနေနဲ့ ပြောလို့ရသလို သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဒီအပေါ်မှာ အလေးအနက်စဉ်းစားပြီး မြန်မြန်ဆန်ဆန်လှူဒါန်းနိုင်ရင်အမှန်တကယ်လိုလားနတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ထိထိရောက်ရောက်အကူအညီတစ်ခု ဖြစ်သွားမယ်ပေါ့လေ။အမှန်ဖြစ်သင့်တာက နိုင်ငံရေးကနိုင်ငံရေးတစ်ပိုင်း၊ စစ်ရေးကစစ်ရေးတစ်ပိုင်း၊ ဒီလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုနိုင်ငံရေး၊ စစ်ရေးနဲ့ရောထွေပြီးလုပ်တာဟာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ မှားယွင်းတဲ့ယှဉ်းကပ်မှုဖြစ်သလို၊ နောင်တချိန်သမိုင်းမှာ အင်မတန် အကျဉ်းတန်တဲ့လုပ်ရပ်တွေအနေနဲ့ ဖြစ်လာမယ့်အကြောင်းအရာဆိုတာ သိဖို့လိုအပ်တယ်"ဟု ပြောသည်။
မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်နှင့်အမ်းတွင်ရှိသည့် စစ်ဘေးရှောင် စခန်း (၃၃) ခုအတွက် ပထမအသုတ်အနေဖြင့် ဆန်အိတ် (၁၉၉၅၆)အိတ်ကို ဖြန့်ဝေရန် သက်ဆိုင်ရာ စစ်ကောင်စီ တာဝန်ရှိသူများက သဘောတူ၍ ဘေး/စီမံဌာနနှင့် ညှိနိုင်း၍ ဇူလိုင် ၁၈ ရက်နေ့တွင်ဖြန့်ဝေရန် စီစဉ်ခဲ့သော်လည်း လက်ရှိအချိန်ထိ တားမြစ်ခံထားရသည်ဟု သိ၇သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရသူ၊ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကိုနိရဥ္စရာသတင်းဌာကအကြိမ်ကြိမ် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
စစ်ကောင်စီနှင့် နီးစပ်သော သတင်းများအရ ၎င်းဆန်အိတ်များမှာ ရက္ခိုင့်တပ်တော် (AA) ထံသို့ ရောက်ရှိသွားမည်ကို စိုးရိမ်၍ စကစမှ တားမြစ်ထားသည်ဟုပြောဆိုသည်။ သို့သော်လည်း စစ်ကောင်စီဘက်က တာဝန်ရှိသူများကို မေးမြန်း၍မရသဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါ။
ဇူလိုင် ၎င်းဆန်အိတ်တချို့ အမ်းမြို့နယ်မှ စစ်ဘေးရှောင်စခန်းများသို့ဖြန့်ဝေရန် ရောက်၍ ရှိသည်ဟု သိရသော်လည်း ယနေ့အချိန်ထိ ဖြန့်ဝေခြင်း မရှိသေးဟု အမ်းမြို့ရှိ ပဲပဒုံစစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးသန်းချိုက ပြောသည်။
"နီပွန်ဖောင်ဒေးရှင်းက ထောက်ပံမယ်ဆိုပြီး ဆန်အိတ်တွေရောက်လို့ရှိတယ်။ ဒါပေမယ့် ယနေ့အချိန်ထိဝေပေးတာမရှိသေးပါဘူး။ ပထမက ဆန်ဝေပေးဖို့ အစီအစဉ်ဆွဲကြတာပဲ။ ဒါပေမယ့် အမ်းက အရပ်ဖက်အဖွဲ့အစည်းတစ်ခုက စာရင်းအချက်အလက်ကောက်ရာမှာ အဲ့ဒီအဖွဲ့က ကောက်တဲ့ ဒုက္ခသည်အရေအတွက်နဲ့ မြို့ပေါ်မှာတကယ်ရှိနေတဲ့ တိုက်ပွဲရှောင်ဒုက္ခသည်အရေအတွက်နဲ့ကွာဟနေလို့ ဌာနဆိုင်ရာအစည်းအဝေးမှာ မြို့နယ်မှူးက စာရင်းအတိအကျ၇မှ ဝေလို့၇မယ်လို့ ပြောတယ်။ အဲ့နောက်ပိုင်း ဆန်လှူမယ့်ကိစ္စဟာ အခုထိဘာအသံမှမကြာ၇တော့ဘူး"ဟုပြောသည်။
ရခိုင်ပြည်နယ်ရှိ ရသေ့တောင်မြို့နယ်မှ စေတီပြင်စစ်ဘေးရှောင်စခန်း၊ဘူးသီးတောင်မြို့နယ် ဂန္ဒာရီစစ်ဘေးရှောင်စခန်း၊ ကျောက်တော်မြို့နယ်မှ ကဝိ၇တနာ၊ တောင်မင်းကုလား စသည့် စခန်းများအပြင်ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်စစ်ဘေးရှောင်စခန်းနှင့်စစ်တွေမြို့မှ စစ်ဘေးရှောင်စခန်းများတွင်လည်း နီပွန်ဖောင်ဒေးရှင်းမှ ဆန်အကူအညီ မရရှိသည့်အပြင်လူကယ်/ပြန်မှ လစဉ်ထောက်ပံ့သည့်ဆန်ရိက္ခာပုံမှန်မရရှိဘဲ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP )၏ လူတစ်ဦးကို ၁၈၀၀၀ ကျပ်ထောက်ပံ့စရိတ်ဖြင့်ခက်ခက်ခဲခဲစားသောက်နေထိုင်နေ၇ကြောင်းစခန်းတာဝန်ခံများက ပြောသည်။
၇ခိုင်တွင် လက်ရှိ အချိန်ထိစစ်ဘေးရှောင်ဦးရေ ၆ သောင်းကျော်ရှိနေပြီး စခန်းများမှာ ရိက္ခာ ထောက်ပံ့မှုများ ပုံမှန်မရရှိ၍ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေ၇သလို တချို့မှာ စိတ်ဖိစီးမှုကြောင့် မိမိကိုယ်ကို လုပ်ကြံသတ်ဖြတ်ရန်ကြံစည်မှုများလည်း ရှိနေကြောင်း သိ၇သည်။ (NN-7)