Preview

မာန်အောင်ကျွန်းပေါ်ရှိကျေးရွာများတွင် ULA/AA ကိုမထောက်ခံရန်ပြောဆိုမှုနှင့်အတူ ဆက်စပ်မှုရှိသူအချို့ကိုဖမ်းဆီးရန် ရှာဖွေမှုများပြုလုပ်နေ

ဇူလိုင် ၃၁/ ၂၀၂၂ | ကြည့်ရှုသူ :8632
ရခိုင် သတင်း

နိရဥ္စရာ၊ဇူလိုင် ၃၁/၂၀၂၂

၇ခိုင်ပြည်နယ်၊မာန်အောင်မြို့နယ်၊ မာန်အောင်ကျွန်းပေါ်ရှိ ကျေးရွာများတွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) ကို မထောက်ခံကြရန်စစ်ကောင်စီတပ်က ပြောဆိုစည်းရုံးရေးများရှိသလို တခြားတစ်ဖက်တွင်လည်း ULA/AAနှင့်ဆက်စပ်သူအချို့ကို စစ်တပ်က ယခုရက်ပိုင်းအတွင်းအပြင်းအထန်ရှာဖွေမှုများရှိနေကြောင်း သတင်းရရှိသည်။

ဇူလိုင်လ၂၉ ရက်နေ့က ပေတပင်ကျေးရွာမှ ULA/AA နှင့်ဆက်စပ်သူတစ်ဦး၏ နေအိမ်ကို စစ်တပ်၊ရဲ၊လ၀ကနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် အင်အား ၂၀ ခန့် က ဝင်ရောက်ရှာဖွေခဲ့ပြီးအိမ်ထောင်စုစာရင်း၊ မှတ်ပုံစသည့်  အထောက်အထားများကို စစ်ဆေးခဲ့ပြီး မပြနိုင်ပါက ယောကျာ်းဖြစ်သူအစားဇနီးဖြစ်သူကို ဖမ်းဆီးသွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ကိုယ်တိုင်ခြိမ်းခြောက်ခံခဲ့၇သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

"သူတို့လာစစ်တုန်းက ကျမအမျိုးသားကိုမေးတယ်။သူမရှိဘူးပြောတော့ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ပြခိုင်းတယ်။ အမျိုးသားကို မတွေ့ရဘဲအထောက်အထားတွေလည်း မပြနိုင်ရင် သူတို့က အမျိုးသမီးဖြစ်တဲ့ ကျမကို စခန်းခေါ်သွား၇မယ်လို့ပြောပါတယ်။အိမ်ပေါ်ထိတက်မွှေခဲ့တယ်။ ဘာလို့ရှာကြလဲဆိုတော့ ပြောစရာဆိုစရာတွေရှိတယ်။ အေအေနဲ့ပတ်သက်လို့လုပ်နေကိုင်နေလို့စစ်ဆေးဖို့အတွက်လာတယ်လို့ပြောပါတယ်" ဟု ပြောသည်။

င်းအပြင်ဇူလိုင်လ ၂၈ ရက်နေ့ကလည်း သစ်ပုံကျေးရွာနှင့် ဘဲအင်းကျေးရွာမှ ဒေသခံနေအိမ် ၂ အိမ်ကိုဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပြီး ULA/AA နှင့် အဆက်အသွယ်မပြုလုပ်ရန်နှင့် ကူညီထောက်ပံ့မှု၊ထောက်ခံမှုများမပြုလုပ်ရန် ပြောဆိုခဲ့ကြောင်း စစ်ဆေးခံခဲ့၇သည့် မိသားစုဝင်များကပြောသည်။

ULA/AA ဖွဲ့ဝင်မဟုတ်သော်လည်း အမျိုးသားရေးအတွက်နိုင်သည့်ဘက်က ကူညီ ဆောင်ရွက်မှုများပြုလုပ်ခြင်းကြောင့် ဖမ်းဆီးမည်ကို ကြောက်၍ ရှောင်တိမ်းနေ၇ကြောင်း၊ထိုသို့ ရှောင်တိမ်းနေ၇သဖြင့်  အသက်မွေးဝမ်းကြောင်းနှင့် စီးပွားရေးထိခိုက်မှုများရှိနေသည်ဟု ရှောင်တိမ်းနေ၇သူတစ်ဦးက ပြောသည်။

"ကိုယ့်ရဲ့စီးပွားရေးကိုအများကြီး ထိခိုက်သွားတယ်ပေါ့။ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်း အတွက်တစ်နေ့ လုပ်မှတစ်နေ့ရှာနေရတဲ့လူတစ်ယောက်အနေနဲ့ ကျနော်တို့မှာကိုယ့်အလုပ်ကို မလုပ်နိုင်ဘဲ ရှောင်နေရတယ်။ ရှောင်တာက ကျနော်ရှောင်နေလို့၇တယ်။ ကျနော့ဇနီး၊ကျနော့် သားသမီးတွေကတော့ရှောင်လို့မရဘူးလေ။ကိုယ့်အိမ်မှာကိုမနေနိုင်ဘူးဆိုတော့ ထိခိုက်မှုတွေတော့ အများကြီးရှိတာပေါ့"ဟုပြောသည်။

မာန်အောင်မြို့အခြေစိုက်ကမူတောင်တပ်စခန်းမှ စစ်သားများမှာလည်း အရပ်ဝတ်လဲကာ ULA/AA တပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သံသယရှိသူများကိုရှာဖွေမှုများဆက်တိုက်ဆိုသလို ပြုလုပ်လျက် ရှိနေကြောင်း ကမူတောင်တပ်နှင့်အနီးအပါးမှ ဒေသခံတစ်ဦးကပြောသည်။

"အခုသူတို့က ဘောလုံးဝတ်စုံတွေဝတ်ပြီးရပ်ရွာတွေမှာ တခြားနေရာတွေမှာရော ULA/AA နဲ့ပတ်သက်ပြီး ဘယ်သူတွေလုပ်နေလဲဆိုတာဝင်ပြီးစုံစမ်းတာမျိုးတွေ၊ သွားလာနေတာမျိုးတွေ ရှိနေတာ တွေ့၇ပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်ရှိ မာန်အောင်မြို့နယ်သည် မာန်အောင်ကျွန်းပေါ်တွင်သီးသန့်တည်ရှိသည့် မြို့နယ် တစ်ခုဖြစ်ပြီး  ULA/AA ၏ ထိုးဖောက်ဝင်ရောက်စည်းရုံးမှုများရှိနေသဖြင့် စစ်ကောင်စီဘက်ကလည်း ULA/AA  စည်းရုံးမှုကိုတန်ပြန်သည့်အနေဖြင့်  ယခုလို ပြုလုပ်လာခြင်းဖြစ်ကြောင်း သိ၇သည်။

က်ရှိ၇ခိုင်တွင် AA က စစ်တပ်အရာရှိတချို့ကိုဖမ်းဆီးထားပြီးစစ်တပ်က မာန်အောင်အပါအဝင် တခြားမြို့နယ်များတွင်လည်း ULA/AAနှင့်ဆက်စပ်သူများကိုဆက်တိုက်စစ်ဆေးရှာဖွေမှုများရှိနေပြီး ဖမ်းဆီးခံရသူများလည်း ရှိနေဆဲဖြစ်သည်။ (NN-7)

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.