Preview

မောင်တောနယ်စပ်တွင် အေအေနှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲ ဖြစ်ပွား

သြဂုတ် ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :2427
ရခိုင် သတင်း

နိရ ဉ္စရာ၊ သြဂုတ် ၂/၂၀၂၂
၇ခိုင်ပြည်နယ် မောင်တောနယ်စပ် မိုင်တိုင် ၄၀ အနီးတွင် ယနေ့နံနက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲသို့ ချင်းပြည်နယ် ပလက်၀ဘက်ရှိ စစ်တပ်က လက်နက်ကြီးများဖြင့် တပ်ကူပစ်ပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။
မောင်တောနယ်စပ် မိုင်တိုင် ၄၀ အနီး ဝေလာတောင်နှင့် ငါးရံ့ချောင်းကြားတွင် ယနေ့ သြဂုတ်လ ၂ ရက် နံနက် ၈ နာရီကျော်ခန့်မှစတင်ကာ ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ ၂ နာရီနီးပါးကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နံနက် ၁၀ နာရီတွင် တိုက်ပွဲပြီးဆုံးခဲ့ကြောင်း အနီးအနားရှိဒေသခံတစ်ဦးက ပြောသည်။
"အထိအခိုက်တွေကတော့ မသိရသေးဘူး။ အေအေကလူတွေနဲ့လို့ သိ၇တယ်။ တော်တော်လောက် ပစ်ကြတယ်။ ၁ နာရီ မိနစ် ၄၀ လောက်ဖြစ်ကြတာဆိုတော့ ကြီးတယ်လို့ပြော၇မယ်" ဟုပြောသည်။
ပလက်၀အခြေစိုက် ခလ၇ ၂၈၉ တပ်ရင်းဘက်ကလည်း လက်နက်ကြီးများဖြင့် ယနေ့နံနက် ၉ နာရီခန့်မှစ၍ တပ်ကူပစ်ပေးနေခဲ့ကြောင်း ပလက်၀ဒေသခံများက ပြောသည်။
ပလက်၀ဒေသခံတစ်ဦးက "ဒီအနီးအနားကို ပစ်တာဆိုရင်တော့ ကျတဲ့အသံကို ကျနော်တို့ကြားနိုင်တယ်။ အခုက မောင်တောဘက်ကို တပ်ကူပစ်ပေးနေတာထင်တယ်။ ကျနော်တို့နဲ့ မောင်တောဘက်နဲ့က နီးနီးလေးပဲလေ" ဟု ပြောသည်။
အဆိုပါတိုက်ပွဲကြောင့် မောင်တောနယ်စပ်အနီးအနားရှိ ဒေသခံများ ထိခိုက်မှုရှိ၊ မရှိကို မသိရသေးကြောင်း သိ၇သည်။
ယခုကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်(AA)ပြောခွင့်ရသူ ဦးခိုင်သုခကို နိရ ဉ္စရာမှ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း မောင်တောမြို့နယ် မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်အချို့ကျဆုံးခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄ ဦးကို လက်နက်များနှင့်အတူဖမ်းဆီး၇မိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲအပြီးတွင် ယင်းအနီးအနားရှိ ကျေးရွာများမှ ဒေသခံ ၄ ဦးကိုလည်း မြန်မာစစ်တပ်က ဖမ်းဆီးထားကြောင်း သိ၇သည်။ (NN-8)

#စစ်ရေး#ကျေးလက်နေပြည်သူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.