English Edition
ကြာသပတေးနေ့၊ ဇူလိုင်လ ၀၃ရက်၊ ၂၀၂၅
လှူရန်
Preview
ပလက်၀မြို့နယ် နှမဒါချောင်းတွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေဟုဆို
သြဂုတ် ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :9302
ရခိုင် သတင်း
နိရဉ္စရာ၊ သြဂုတ် ၂/၂၀၂၂
ချင်းပြည်နယ်၊ ပလက်၀မြို့နယ် နှမဒါချောင်းတွင် ယနေ့ သြဂုတ်လ ၂ ရက် နံနက်မှစ၍ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါနှမဒါချောင်းဘက်တွင် ယမန်နေ့ကလည်း ပစ်ခတ်သံများလည်းကြားခဲ့၇ပြီး ယနေ့ နံနက်ပိုင်းတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကာ ပလက်၀အခြေစိုက် ခလ၇ ၂၈၉ တပ်ရင်းဘက်မှလည်း လက်နက်ကြီးပစ်ခတ်မှုများကို ညနေပိုင်းအထိ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက "လက်နက်ကြီးက ၁၁ နာရီလောက်ကနေစပစ်နေတာ အခုထိပစ်နေတယ်။ တစ်ခါပစ်ရင် နှစ်လုံးလောက်တောင်။ အလုံးတစ်ဆယ်ကျော်၊ နှစ်ဆယ်လောက်ရှိပြီ။ အတိအကျတော့ သေချာမသိရသေးဘူး။ အဲဒီအနီးအနားမှာလည်း ရွာသားတွေသိပ်မရှိဘူး။ အရင်နှစ်တွေကနေ စစ်ပြေးရှောင်အဖြစ်နဲ့ ထွက်သွားကြပြီ" ဟုပြောသည်။
အဆိုပါပလက်၀မြို့နယ်၊ နှမဒါချောင်းထဲတွင် ဖြစ်ပွားနေသည့် တိုက်ပွဲသည် ယနေ့ညနေ ၄ နာရီခန့်အထိ ဖြစ်ပွားနေပြီး ပလက်၀ဘက်မှလည်း လက်နက်ကြီးများဖြင့် တပ်ကူပစ်ပေးနေကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
"အခုလက်နက်ကြီးတွေနဲ့ ပစ်နေကြတုန်းပါ။ အဲဒီဘက်မှာရွာသားတွေကလည်းမရှိတော့ အခြေအနေကို သေချာမသိသေးပါဘူး" ဟုပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ရက္ခိုင့်တပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခကို နိရ ဉ္စရာအနေဖြင့် ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
ပလက်၀မြို့နယ် အဘောင်သားကျေးရွာအနီးတွင် ပြီးခဲ့သည့် မေလ၊ ဇွန်လနှင့် ဇူလိုင်လတို့ကလည်း ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယနေ့နံနက် ၈ နာရီကျော်ခန့်ကလည်း ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ ၂ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ (NN-8)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.