English Edition
သောကြာနေ့၊ မတ်လ ၂၁ရက်၊ ၂၀၂၅
လှူရန်
Preview
ပလက်၀မြို့နယ်တွင် AA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဆက်ဖြစ်နေ
သြဂုတ် ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :8712
ရခိုင် သတင်း
နိရဥ္စရာ၊ သြဂုတ် ၃/၂၀၂၂
ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့ အကြားတိုက်ပွဲ ဆက်ဖြစ်နေကြောင်း သတင်းရရှိသည်။
ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် ပလက်၀မြို့နယ်၊ နှမဒါချောင်းထဲရှိ သူဌေးကုန်းကျေးရွာအနီးတွင် မနေ့နံနက်ပိုင်းမှစတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်နေပြီး သေနတ်သံများ ကြားနေ၇ကြောင်း ဒေသခံတစ်ဦးက နေ့လယ် ၁ နာရီက ဖုန်းဆက်မေးမြန်းစဉ် နိရဉ္စရာသတင်းဌာနကို ပြောသည်။
"မနေ့က ပလက်၀မြို့နယ်မှာ တိုက်ပွဲနှစ်ပွဲ၊ သုံးပွဲဆက်တိုက်ဖြစ်ပြီး ဒီနေ့လည်း ဆက်ဖြစ်နေကြပါတယ်။ ၂ ဘက်တိုက်ပွဲဖြစ်နေတာပါ။ သေနတ်ပစ်သံတွေကို ဆက်တိုက်ကြားနေ၇ပါတယ်" ဟု ပြောသည်။
ပလက်၀အခြေစိုက် ခလ၇ ၂၈၉ တပ်ရင်းဘက်မှလည်း လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်နေပြီး စစ်ကောင်စီဘက်က အင်အားဖြည့်တင်းမှုမျာလည်း ရှိနေသည်ဟု ဒေသခံများကပြောသည်။
ပလက်၀ဒေသခံတစ်ဦးက " အခု ခမ၇ ၂၈၉ စစ်သားတွေလည်း သွားလာ လှုပ်ရှားနေတာတွေကို မြင်ရတယ်။ စစ်ကူအင်အားရာချီပြီး မနေ့က တိုက်ပွဲဖြစ်တဲ့ သူဌေးကုန်းဘက်ကို စစ်ကူလိုက်သွားကြတာတွေ့တယ်။ အဲ့ဘက်မှာ အခုထိတိုက်ပွဲဖြစ်တုန်းပါ"ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ရက္ခိုင့်တပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခတို့ကို နိရ ဥ္စရာအနေဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း ဖြေကြားခြင်းမရှိသေးပါ။
ယမန်နေ့ သြဂုတ် ၂ ရက်နေ့ကလည်း ပလက်၀မြို့နယ် အပြင် ၇ခိုင်- ဘင်္ဂလာဒေ့ရှနယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း မိုင်တိုင် ၄၀ နှင့် ၃၈ အနီးတွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ ( ၂) ကြိမ်တိုင်တိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စစ်ဘက်သတင်းရပ်ကွက်နှင့် နီးစပ်သူများက ပြောသည်။
ပလက်၀မြို့နယ် အဘောင်သားကျေးရွာအနီးတွင် ပြီးခဲ့သည့် မေလ၊ ဇွန်လနှင့် ဇူလိုင်လတို့ကလည်း ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။(NN-7)
#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.