English Edition
စနေနေ့၊ ဖေဖော်ဝါရီလ ၀၈ရက်၊ ၂၀၂၅
လှူရန်
Preview
ကျောက်ဖြူတွင် မိုးကြိုးပစ်ခံ၇၍ ပဥ္စမတန်းကျောင်းသား ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
သြဂုတ် ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :2008
ရခိုင် သတင်း
နိရဥ္စရာ၊ သြဂုတ် ၃/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြုမြို့နယ်၊ ပန်းတောပြင်ကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာတွင် ပဥ္စမတန်းကျောင်းသား ၃ ဦး မိုးကြိုးပစ်ခံ၇၍ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသွားကြောင်း သိ၇သည်။
သေဆုံးသွားသည့်ကလေးမှာ အသက် ၁၂ နှစ်အရွယ် မောင်သားစေ့ကေဖြစ်ပြီး ဒဏ်ရာရရှိသွားသည့်ကလေး ၂ ဦးမှာ အသက် ၁၂ နှစ်အရွယ်များဖြစ်ကြသည့် မောင်ဝေရန်စိုးနှင့် မောင်သက်ဝေရန် တို့ဖြစ်သည်။
၄င်းတို့ ၃ ဦးသည် ယမန်နေ့ သြဂုတ်လ ၂ ရက်၊ နေ့လယ် ၂ နာရီအချိန်တွင် ရွာရှိရေချိုးဆိပ်၌ ရေချိုးရန်ပြင်နေကြစဉ် မိုးကြိုးပစ်ခံခဲ့ရခြင်းဖြစ်သည်ဟု ပန်းတောပြင်ကျေးရွာမှ ဦးသိန်းဖေက ပြောသည်။
"မိုးကြိုးက သူတို့ ၃ ယောက် ရေချိုးဖို့ပြင်နေတုန်းမှာ ပစ်တာ။ ကူးတို့ဆိပ်ရွာက လူတွေရောက်သွားတော့ ကလေး ၃ ယောက်လုံး ရေချိုးဆိပ်ကကုန်းမှာ လဲနေကြပြီ" ဟု ပြောသည်။
ဒဏ်ရာ၇သွားသည့်ကလေး ၂ ဦးတွင် မိုးကြိုးထိမှန်ပြီး ခန္ဓာကိုယ်တို့တွင် အညိုအမည်းဒဏ်ရာများရရှိခဲ့ကာ သတိလစ်သွားခဲ့သည်ဟု သိ၇သည်။
၄င်းတို့ကို ပန်းတောပြင်ကျေးရွာ ကျေးလက်ဆေးပေးခန်းသို့ပို့ဆောင်ခဲ့ပြီး ယနေ့တွင် သတိရနေကြပြီဟု သိ၇သည်။
မိုးကြိုးထိမှန်၍ သေဆုံးသွားသည့် မောင်သားစေ့ကေကို ယနေ့သြဂုတ်လ ၃ ရက်၊ နေ့လယ် ၁ နာရီတွင် ကူးတို့ဆိပ်ကျေးရွာ၌ သင်္ဂြိုလ်ခဲ့သည်ဟုလည်း သိ၇သည်။
မိုးကြိုးပစ်ခံ၇သည့် ကလေး ၃ ဦးသည် ကူတို့ဆိပ်ကျေးရွာရှိ အ.လ.က ကျောင်းတွင် ကျောင်းတက်နေကြသည့် ပဥ္စမတန်းကျောင်းသားဖြစ်ကြသည်။ (NN - 12)
#မိုးလဝေသ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.