Preview

ULA/AA ၏ စတုတ္ထအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ သြဂုတ် ၁၁ ရက်တွင် ကျင်းပမည်

သြဂုတ် ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :9758
ရခိုင် သတင်း

နိရဉ္စရာ၊ သြဂုတ် ၃/၂၀၂၂
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)၏ စတုတ္ထအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို လာမည့်သြဂုတ်လ ၁၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ULA/AA ပြောခွင့်ရ ဦးခိုင်သုခ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ညနေပိုင်းက ရေးသားထားသည်။
"ULA/AA ၏ စတုတ္ထအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို လာမည့် သြဂုတ်လ (၁၁) ရက်၊ ကြာသပတေးနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ သတင်းစာရှင်းလင်းပွဲကို အရင်အကြိမ်များအတိုင်း ရက္ခိုင်ဘာသာစကားဖြင့် ပြောဆိုသွားမည်ဖြစ်ပါသည်" ဟုရေးသားထားသည်။
သတင်းစာရှင်းလင်းပွဲတွင် သတင်းရယူလိုသော သတင်းထောက်များအနေဖြင့် သတင်းစာရှင်းလင်းပွဲကို တက်ရောက်နိုင်ရန်အတွက် (https://forms.gle/9FkNHENUvZ9R1sMp9) မှတဆင့် ယခင်အကြိမ်များနည်းတူ စာရင်းသွင်းရမည်ဖြစ်ပြီး စာရင်းသွင်းထားသော သတင်းထောက်များကိုသာ သတင်းယူခွင့်ပြုမည်ဖြစ်ကြောင်း သိ၇သည်။
စာရင်းသွင်းထားသော သတင်းထောက်များအား သတင်းစာရှင်းလင်းပွဲအတွက် လိုအပ်သောအချက်အလက်များကို Email မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ကြောင်း သိ၇သည်။
သတင်းထောက်များအနေဖြင့် မေးမြန်းလိုသော မေးခွန်းများကို သြဂုတ်လ (၉) ရက်နေ့ နောက်ဆုံးထားပြီး [email protected] သို့ပေးပို့ရမည်ဖြစ်ပြီး သတ်မှတ်ရက်ကျော်လွန်ပြီးမှ ပေးပို့လာသော သတင်းထောက်များ၏ မေးခွန်းများကို လက်ခံဖြေကြားပေးမည်မဟုတ်ကြောင်း သိ၇သည်။
သတင်းထောက်တစ်ဦးစီအား ကြိုတင်မေးခွန်း (၂) ခုနှင့် တိုက်ရိုက်မေးခွန်း (၁)ခုစီကို မေးမြန်းခွင့်ပြုမည်ဟုလည်း ဖော်ပြထားသည်။
ULA/AA ၏သတင်းစာရှင်းလင်းပွဲကို လစဉ် ရက္ခိုင်ဘာသာစကားဖြင့်ကျင်းပသွားမည်ဟု ဦးခိုင်သုခက ပြောဆိုထားသည်။
ULA/AA ၏ ပထမအကြိမ်သတင်းစာရှင်းလင်းပွဲကို မတ် ၅ ရက်နေ့ကကျင်းပခဲ့ကာ ဒုတိအကြိမ်သတင်းစာရှင်းလင်းပွဲကို ဧပြီလ ၅ ရက်နေ့တွင်ကျင်းပခဲ့ပြီး တတိယအကြိမ်ကို ဇွန် ၁၄ ရက်နေ့တို့တွင် ပြုလုပ်ခဲ့သည်။
ယခင်ပြုလုပ်ခဲ့သည့် ရှင်းလင်းပွဲများတွင် ULA/AA ၏ ရခိုင်ပြည်တွင်း ဆောင်ရွက်ချက်များနှင့် တရားစီရင်ရေး၊ စစ်ရေး၊ နိုင်ငံရေးတို့နှင့်ပတ်သက်ပြီး သတင်းထောက်များသိလိုသည်များကို ရှင်းလင်းဖြေကြားခဲ့သည်။ (NN-8)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.