Preview

ALP က ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်းဖမ်းဆီးခံရပြီးနောက် စစ်တွေမြို့မှ ရာအိမ်မှူးတစ်ဦးအပါအဝင် ၃ဦးဖမ်းဆီးခံထားရ

သြဂုတ် ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :2191
ရခိုင် သတင်း

နိရဥ္စရာ၊သြဂုတ် ၄/၂၀၂၂

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA)မှ ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်းဖမ်းဆီးခံ၇ပြီးနောက် စစ်တွေမြို့မှ ရာအိမ်မှူးတစ်ဦးအပါအဝင် ဒေသခံ ၃ ဦးကို စစ်ကောင်စီတပ်နှင့် ယူနီဖောင်းဝတ်လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးသွားကြောင်း မျက်မြင်ဒေသခံများက ပြောကြားသည်။ 

ဖမ်းဆီးခံရသူများမှာစစ်တွေမြို့ ၊ စက်ရုံစုရပ်ကွက်၊ နာဇီရွာမီးလောင်ကွင်းမှ ရာအိမ်မှူး ဦးဦးဘစော(၅၀နှစ်)၊ ဒေါ် မညွန့်စိန်(၅၁နှစ်)နှင့် ကိုကလားချေ (၂၀ နှစ်) တို့ ဖြစ်ကြသည်။

ရာအိမ်မှူးဦးဦးဘစောမှာ ဩဂတ်လ ၂ ရက်နေ့ ညအချိန်တွင် ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်ပြီး ဒေါ် မညွန့်စိန်နှင့် ကိုကုလားချေ တို့ကို ဩဂတ်လ ၃ ရက် နံနက် ၁၁ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း စက်ရုံစုရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။

"အရင်ဆုံး ဦးဦးဘစောကိုခေါ်သွားကြတာပါ။ ပြီးတော့ တခြားမျက်မြင်တွေကို ခေါ်စစ်တယ် ပြောတယ်။ နောက်နေ့ကျတော့ ရပ်ကွက်ထဲက နောက်၂ ယောက်ကို ဖမ်းသွားကြတာပါ။ မနေ့က ညနေကလည်း ရပ်ကွက်ထဲမှာ စစ်သားတွေအများကြီးပဲ"ဟု ပြောသည်။

နောက်ထပ်မျက်မြင်သေခံတစ်ဦးက "ဒေါ်မညွန့်စိန်ကို လာဖမ်းတုန်းက လူအင်အားက အနည်းဆုံး ၂၀ ကျော်တယ်။စစ်တပ်ဝတ်စုံတွေနဲ့ပဲ။ ဒီမတိုင်ခင်လည်း ရပ်ကွက်ထဲက လူတွေကို ခေါ်စစ်တာတွေ ရှိသေးတယ်" ဟု ပြောသည်။
ဩဂုတ်လ(၂)ရက်နေ့ ညနေ (၆)နာရီခန့်တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)မှ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်း ကို နေအိမ်မှဝင်ရောက်ဖမ်းဆီးခဲ့ပြီး၄င်းနှင့်အတူ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင် ကိုလည်းဖမ်းဆီးခဲ့ကြောင်း ALP က ယမန်နေ့ သြဂုတ် ၃ ရက်နေ့က ထုတ်ပြန်ထားသည်။

ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်းဖမ်းဆီးခံ၇ပြီးနောက် စစ်ကောင်စီတပ်ယူနီဖောင်း ဝတ်ဆင်ထားသည့် ALP/ALA တပ်ဖွဲ့ဝင်များနှင့် ခမ၇(၃၅၄) တပ်ရင်း မှတပ်ဖွဲဝင်များပူးပေါင်းလျက် ဒေသခံများကိုဖမ်းဆီးသွားကြောင်း  Arakan Princess Media (APM) တွင် သတင်းဖော်ပြထားသည်။

ယခုကဲ့သို့ဒေသခံများကိုဖမ်းဆီးမှုတွင်  ALP/ALAပါတီမှ ပါဝင်ပတ်သက်ကြောင်း သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ALPတွဲဖက်အတွင်းရေးမှူး ဦးခိုင်အောင်စိုးသန်းကို ဆက်သွယ်မေးမြန်းရာ ဒေသခံများဖမ်းဆီးခံ၇မှုမှာဟုတ်မှန်ကြောင်း အတည်ပြုပြီး ALP နှင့်  သက်ဆိုင်မှုမရှိကြောင်း နိရဥ္စရာကို ပြောဆိုသည်။

"ဒါက သူတို့ ဆရာပေါ်လင်းကိုဖမ်းသွားတဲ့အခါရဲနဲ့စစ်သားတွေကလာကြပါတယ်။ မျက်မြင် သက်သေလူငယ်တွေကိုခေါ်ပြီးစစ်တယ်။ခေါ်စစ်လို့ မြင်လိုက်တဲ့လူငယ်တွေက ညွှန်ပြလိုက်လို့ဖမ်းသွားတာဖြစ်မယ်။ စစ်ကောင်စီကခေါ်သွားတာပါ။ ကျနော်တို့ဘက်က မဟုတ်ပါဘူး။ အခုက ထင်ယောင်ထင်မှားဖြစ်ကြတယ်။ကျနော်တို့လူတွေကိုယ်တိုင်က စစ်ကောင်စီယူနီဖောင်းကို ဝတ်ပြီး ဖမ်းတာမျိုးတွေ ဒါကမဟုတ်ပါဘူး။စစ်တပ်ကစစ်ဆေးတဲ့အခါ နီးစပ်တဲ့လူတွေ ဖမ်းသွားတယ်လို့ကြားပါတယ်"ဟု ပြောသည်။ ယခုကိစ္စနှင့်ပတ်သက်လို့ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို နိရဥ္စရာက ဆက်သွယ် မေးမြန်းခဲ့ပေမယ့်ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်းသည်ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူဖြစ်ပြီး စစ်ကာင်စီ၏ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ၎င်းဖမ်းဆီးခံ၇မှုနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) ကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်းဖမ်းဆီးခံ၇မှုနှင့် ပတ်သက်လို့ALP/ALAအနေနှင့်  ၇ခိုင်အမျိုးသားစည်းလုံး ညီညွတ်ရေးကို ထိပါးစေပြီး ရခိုင့်တော်လှန်ရေးအဖွဲ့အချင်းချင်းကြားတွင် လုံး၀မဖြစ်သင့်သည့် ဖြစ်ရပ်ဟုရှုမြင်ပြီး ၇ခိုင့်လူမျိုး၏ ဂုဏ်သိက္ခာကိုကျဆင်းစေကြောင်း သူတို့၏ ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။(NN-7

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.