Preview

မြောက်ဦးတွင် မွေးကင်းစကလေး ၁ ဦးကို ဆာလာအိတ်ထဲထည့်၍ စွန့်ပစ်မှုဖြစ်ပွား

သြဂုတ် ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :1820
ရခိုင် သတင်း
နိရဥ္စရာ၊ ဩဂုတ် ၆/၂၀၂၂
၇ခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် မွေးကင်းစကလေး ၁ ဦးကို ဆာလာအိတ်ဖြင့် ထည့်၍ စွန့်ပစ်မှုတစ်ခုဖြစ်ပွားခဲ့သည်ဟု သိ၇သည်။
မြောက်ဦးမြို့ ကိုးသောင်းပုထိုးအနီးတွင် ချက်ကြိုးမဖြုတ်၇သေးသော မွေးကင်းစလေးငယ် ၁ ဦးအား ဆာလာအိတ်ဖြင့်ထုပ်ပိုးကာ စွန့်ပစ်ထားသည်ကို မြို့ခံအမျိုးသား ၁ ဦးက ယမန်နေ့ ဩဂုတ်လ ၅ ရက် နံနက် ၁၁ နာရီခန့်၌တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကလေးငယ်အားသွားရောက်ကြည့်ရှုခဲ့သည့် မြို့ခံတစ်ဦးက နိရဥ္စရာကိုပြောသည်။
"ထင်းခွေဖို့သွားတဲ့အခါ ကိုးသောင်းနားမှာ ခွေးဟောင်သံကြားလို့ သွားကြည့်တဲ့အခါ ဆာလာအိတ်နဲ့လိပ်ပြီးတော့ ကြိုးလည်း ချဉ်ထားတယ်လို့ပြောတယ်။ ကလေးမှာ အင်္ကျီလည်းဝတ်လို့တဲ့။ အနှီးလည်း ၁ ခု၊ ၂ ခုပါတယ်လို့ပြောတယ်။ ကလေးက အသက်ရှင်လျက်တွေ့တာပါ။ အဲ့ကလေးက ရက်သား လောက်ပဲရှိပါသေးတယ်။ ချက်ကြိုးမဖြုတ်၇သေးပါဘူး" ဟု ပြောသည်။
ထိုကလေးငယ်သည် ယောကျာ်းလေးဖြစ်ပြီး လက်ရှိတွင် စိတ်ချလုံခြုံရသည့် မွေးစားမည့်သူထံသို့ ရောက်ရှိသွားပြီဟု သိ၇သည်။ (NN-13)
Photo - CJ

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.