English Edition
စနေနေ့၊ ဇူလိုင်လ ၁၂ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်တွေဒေသခံ ၂ ဦး မှောင်ရိပ်ခိုမှုဖြင့် ထောင် ၁ လနှင့် အသက်မပြည့်သူ ၁ ဦး ကျပ် ၁ သိန်းချမှတ်ခံရ
သြဂုတ် ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :8506
ရခိုင် သတင်း
နိရဥ္စရာ၊ ဩဂုတ် ၆/၂၀၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ဧည့်စာရင်းလာစစ်သည့်စစ်သားများ၏ဖမ်းဆီးခြင်းကိုခံခဲ့၇သည့် ဒေသခံ ၃ ဦးအနက် ၂ ဦးသည် မှောင်ရိပ်ခိုမှုဖြင့် ထောင် ၁ လနှင့် အသက်မပြည့်သူ ၁ ဦးသည် ကျပ် ၁ သိန်းချမှတ်ခံလိုက်ရသည်ဟု သိ၇သည်။
၄င်းတို့ ၃ ဦးသည် ယမန်နေ့ သြဂုတ်လ ၅ ရက်တွင် စစ်တွေမြို့နယ်တရားရုံး၏ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက နိရဥ္စရာကို ပြောသည်။
“ဒါက ပြည်သူကို တမင်တကာနေပြီးတော့ ကြောက်လန့်သွားအောင်၊ ထိတ်လန့်သွားအောင်ပုံစံမျိုးနဲ့ အဲလို တရားစီရင်ရေးကိုကိုင်တွယ်ပြီးတော့ အဲလိုလုပ်တာလို့ ထင်မြင်ယူဆမိတယ်”ဟု ပြောသည်။
၄င်းတို့ ၃ ဦးအနက် မင်းဂံအကွက်(၈)မှ ဦးမောင်ရွေသိန်း(၄၃ နှစ်)နှင့် မင်းဂံအကွက်(၇)မှ မောင်မျိုးဦး(၂၄ နှစ်)တို့သည် မှောင်ရိပ်ခိုမှုဥပဒေပုဒ်မ ၆၁(ခ)ဖြင့် ထောင်ဒဏ် ၁ လနှင့် မင်းဂံအကွက်(၈)မှ မောင်ဖြိုးဝေစိုး (၁၇ နှစ်)သည် အသက်မပြည့်သေးသည့်အတွက် ဒဏ်ငွေ ကျပ် ၁ သိန်းချမှတ်ခံခဲ့၇ခြင်းဖြစ်သည်။
၄င်းတို့ကို ပြီးခဲ့သည့် သြဂုတ်လ ၄ ရက် ည ၉ နာရီခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့မပါဘဲ ဧည့်စာရင်းလာစစ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မင်းဂံအကွက်(၈)ဈေးအနီး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရပ်ကွက်သားများက ပြောသည်။
ဇွန်လ ၃၀ ရက်ကလည်း စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်မှ အမျိုးသား ၂ ဦးသည် မှောင်ရိပ်ခိုမှုပုဒ်မဖြင့် ထောင်ဒဏ် ၁ လချမှတ်ခံခဲ့၇ပြီး ဇူလိုင်လ ၂၈ ရက်တွင် လွတ်မြောက်သွားခဲ့ကြောင်း သိ၇သည်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.