English Edition
တနင်္လာနေ့၊ ဇွန်လ ၁၆ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်တပ်ကဖမ်းဆီးထားသည့် ကျောက်ဖြူ စနဲ ဒေသခံ ၁ ဦး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံရ
သြဂုတ် ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :5146
ရခိုင် သတင်း
နိရဥ္စရာ၊ သြဂုတ် ၇/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် စနဲမြို့တွင် စစ်တပ်၏ဖမ်းဆီးခြင်းကိုခံထား၇သည့် ဒေသခံ ၁ ဦးသည် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံလိုက်၇ကြောင်း မိသားစုဝင်များက ပြောသည်။
အမှုဖွင့်ခံရသူမှာ စနဲမြို့၊ စံပယ်ချောင်ရွာသား ကိုတင်မျိုးထွန်း (၂၄ နှစ်)ဖြစ်ပြီး ကျောက်ဖြူ မြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထား၇ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
"ကျောက်ဖြူမြို့နယ်တရားရုံးမှာ အမှုဖွင့်လိုက်တာပါ။ ဒီလ ၁၂ ရက်နေ့ ရုံးထုတ်မယ်လို့ ပြောပါတယ်" ဟု ပြောသည်။
သူသည် စနဲစခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့၇သူဖြစ်သည်။
ကိုတင်မျိုးထွန်းအပါအဝင် ဒေသခံ ၁၄ ဦးကို စစ်တပ်က စနဲစခန်းမှူးဖမ်းဆီးခံ၇မှုနှင့်ပတ်သက်ပြီး ဇူလိုင်လ ၂၄ ရက်တွင် ဖမ်းဆီးခဲ့ပြီးနောက် အမျိုးသမီး ၄ ဦးအပါအဝင် ၁၃ ဦးကို ပြန်လွှတ်ပေးကာ ကိုတင်မျိုးထွန်းကို ဆက်လက် ဖမ်းဆီးထားခဲ့ပြီး ယခုကဲ့သို့ အမှုဖွင့်တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် ကိုတင်မျိုးထွန်းကို ကျောက်ဖြူထောင်ချုပ်တွင် ထိန်းသိမ်းထားပြီး သြဂုတ်လ ၁၂ ရက်တွင် ကျောက်ဖြူမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဟု သိ၇သည်။ (NN-7)
#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.