Preview

အဖမ်းအဆီးနှင့် လုံခြုံရေး အခြေအနေကြောင့် ယခုနှစ် သြဂုတ် ၁၃ဆန်ပြဿနာနေ့အခမ်းအနား ကျင်းပရန် အခြေအနေနည်းပါးနေ

သြဂုတ် ၀၉/ ၂၀၂၂ | ကြည့်ရှုသူ :1037
ရခိုင် သတင်း
နိရဥ္စရာ၊သြဂုတ် ၉/၂၀၂


၇ခိုင်ပြည်နယ်၊စစ်တွေမြို့တွင် လာမည့်သြဂုတ်လ ၁၃ ရက်တွင်ကျရောက်မည့် (၅၅)နှစ်မြောက် ဆန်ပြဿနာနေ့အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနားကို အဖမ်းအဆီးနှင့် လုံခြုံရေး အခြေအနေကြောင့် ယခုနှစ်တွင် ခါတိုင်းနှစ်များကကဲ့သို့ ကျင်းပရန် အခြေအနေ နည်းပါးနေသည်ဟုယခင်နှစ်က ဦးဆောင်သူများက ပြောသည်။

 

စစ်တွေဆန်ပြဿနာနေ့အောက်မေ့ဖွယ်အခမ်းအနားကိုယခင်နှစ်များက ၇ခိုင်အမျိုးသားပါတီ (ANP)ကဦးဆောင်ပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်တွင် စီစဉ်ထားခြင်းမရှိသေးဟု ANPYouth Wing တာဝန်ခံ  ကိုဆန်းဌေးမောင်က နိရဥ္စရာကိုပြောသည်။

 

"လောလောဆယ်တော့လုပ်ဖို့အစီအစဉ်မရှိပါဘူး။ ကျွန်တော်တို့က ဘာမှမစီစဉ်ရသေးဘူး။ ဒီနှစ်အတွက်စီစဉ်ထားတာလည်း မရှိသေးဘူး" ဟု ပြောသည်။

 

ANP ပါတီသည်ယခင်နှစ်က ဟောပြောပွဲများ၊ ကဗျာရွတ်ပွဲများကို ဦးဆောင်ပြုလုပ်ခဲ့သလိုဆင်းရဲနွမ်းပါးသူများကိုလည်း ဆန်လှူဒါန်းခြင်းတို့ကိုပြုလုပ်ခဲ့သည်ဟု သိ၇သည်။

 

ရခိုင်ပြည်တွင်ယခုလတ်တလော နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုများ၊ ရာသီဥတုအခြေအနေ ဆိုးရွာနေမှုများအပြင် ငွေရေးကြေးရေးအခက်အခဲများနှင့်အမျိုးမျိုးသော အကြောင်းတို့ကြောင့် ဆန်ပြဿနာအရေးအခင်းနေ့၌ ကျဆုံးသွားသည့်ရဲဖော်တို့အား လွမ်းဆွတ်တမ်းတသည့် အခမ်းအနားပွဲကိုမကျင်းပနိုင်ခြင်းဖြစ်သည်ဟု ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဒါရိုက်တာဦးခိုင်ကောင်းစံက ပြောသည်။

 

"ဆန်အရေးတော်ပုံနေ့အခမ်းအနားလုပ်ဖို့အစီအစဉ်မရှိပါဘူး။လုပ်ရင်လည်း ကျွန်တော်က ဖြစ်ကတတ်ဆန်းမလုပ်ချင်ဘူး။ စနစ်တကျနဲ့ကိုယ့်တစ်ဖွဲ့တည်းမဟုတ်ရင်တောင် တစ်ခြားအဖွဲ့တွေနဲ့ ပူးပေါင်းပြီးလုပ်ချင်တဲ့ဆန္ဒတွေကြောင့်လည်းမလုပ်ဖြစ်သေးတာ" ဟု ပြောသည်။

 

စစ်တွေဆန်ပြဿနာနေ့သည်၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းအချိန်ကဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် မဆလအစိုးရအနေဖြင့်ရခိုင်ပြည်မှထွက်သည့်ဆန်စပါးများကို နိုင်ငံခြားသို့ရောင်းချပြီးပြည်သူများကိုထုတ်မရောင်းချသည့်အတွက် ရခိုင်ပြည်တွင် ဆန်စပါးရှားပါးပြီးပြည်သူများ အငတ်ဘေးနှင့် ရင်ဆိုင်ခဲ့ကြရသည်ဟု သိ၇သည်။

 

ယင်းအငတ်ဘေးကိုဖြေရှင်းပေးရန်နှင့်နိုင်ငံခြားသို့တင်ပို့မည့်ဆန်စပါးများကို ပြည်သူများအားထုတ်ရောင်းပေးရန်ယင်းနှစ်၊ သြဂုတ်လ ၁၃ ရက်တွင် စစ်တွေမြို့ပေါ်၌ လူပေါင်း သောင်းနှင့်ချီဆန္ဒပြတောင်းဆိုမှုကြီးတစ်ခုပေါ်ပေါက်ခဲ့သည်ဟု ပါဝင်ခဲ့သူများက ပြောသည်။

 

ဆန္ဒပြတောင်းဆိုသူများကိုအာဏာပိုင်များက ဆန် ထုတ်မပေးသည့်အပြင် သေနတ်များဖြင့် ပစ်ဖောက်လူစုခွဲဖြေရှင်းရာမှဆန္ဒပြပွဲတွင်ပါဝင်သူ လူပေါင်း ၂၀၀ မှ ၃၀၀ ကြား ပစ်သတ်ခံခဲ့ရသည်ဟုဆန္ဒပြတောင်းဆိုရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် မျက်မြင်တစ်ဦးဖြစ်သူ စာရေးဆရာဗဂျီးကျော် (စစ်တွေ)က နိရဥ္စရာကိုပြောသည်။

 

စစ်တပ်ဖက်ကပစ်ခတ်တာကြောင့်ဆန္ဒပြသူတွေဟာ ဆန်စက်အနီးနားက ဆတ်ရိုးကျချောင်းကို ဖြတ်ပြီး ကမ်းတစ်ဖက်ကို ထွက်ပြေးဖို့ရေထဲခုန်ဆင်းကြတယ်။ စစ်သားတွေကလည်း ချောင်းတွင်းကူးခတ်နေသူတွေကိုပါ အလွတ်မပေးဘဲစိတ်ရှိလက်ရှိပစ်ခတ်ခဲ့မှုကြောင့် ဆတ်ရိုးကျချောင်းရေဟာ သွေးရဲရဲနဲ့သွေးချောင်းဖြစ်ခဲ့၇တယ်ဟုပြောသည်။

 

အဆိုပါဖြစ်စဉ်အတွင်း၁၇ ဦးသာ သေဆုံးခဲ့သည်ဟု အစိုးရက ယင်းအချိန်က သတင်းထုတ်ပြန်ခဲ့သည်ဟု သိ၇သည်။

 

သြဂုတ်လ၁၃ ရက်သည် ထမင်းငတ်နေသည့် ၇ခိုင်လူထုကို ဆန်အစား ကျည်ဆံများပေးခဲ့သည့် အတွက် စစ်အာဏာရှင်စနစ်၏ဆိုးမွေသင်္ကေတတစ်ရပ်ဖြစ်သည်ဟုလည်း ဆန္ဒပြပွဲအတွင်း ပါဝင်ခဲ့ကြသူများကပြောဆိုလျက်ရှိနေကြသည်။

 

ဆန်ရရှိရေးတောင်းဆိုရင်းလူအများအပြားသေဆုံးခဲ့ရသည့် ယင်းနေ့ကို စစ်တွေဆန်ပြဿနေ့အဖြစ် သတ်မှတ်ပြီးဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားများကိုလည်း နှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်နယ်နှင့်နိုင်ငံတကာရှိ ရခိုင်လူမျိုးများရှိသည့်နေရာများတွင် ကျင်းပတတ်ကြသည်ဟု သိ၇သည်။ (NN-12)

 

ဓာတ်ပုံ- ဆန်ပြဿနာနေ့ဖြစ်ပွားသည့်နေ့တွင် ဆန္ဒပြလူအုပ်အား အာဏာပိုင်များကဟန့်တားနေသည်ကိုတွေ့၇စဉ်။ Photos - Internet

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.