Preview

ကျောက်တော်မဟာမုနိဘုရားကုန်းတော်ပေါ်မှညဉ့်အချိန်လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများထွက်ပေါ်

သြဂုတ် ၀၉/ ၂၀၂၂ | ကြည့်ရှုသူ :2213
ရခိုင် သတင်း
နိရဥ္စရာ၊ သြဂုတ်၉/၂၀၂၂

၇ခိုင်ရှေးဟောင်း သမိုင်းဝင် ကျောက်တော်မြို့ရှိ မဟာမုနိဘုရားကုန်းတော်ပေါ်မှ ယနေ့ည ၈ နာရီခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို အနီးအနားရှိ ပတ်ဝန်းကျင် ကျေးရွာများကကြားခဲ့၇သည်ဟု ဒေသခံများက ပြောကြားသည်။

၎င်းဘုရားကုန်းတော်ပေါ်တွင် စစ်ကောင်စီတပ်မှ နေရာယူ စခန်းချထားပြီး မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ညအချိန်လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သည်ကို ဒေသခံများအနေဖြင့် လောလောဆယ် မသိနိုင်သေးဟု ရွာသားတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

ကျွန်တော်တို့ထင်တာက ဘုရားပေါ်ကနေပစ်နေတယ်လို့ ထင်တယ်။ ဒီဘက်မှာ တစ်ခုမှထူးခြားမှု မရှိဘဲရမ်းသန်းပစ်နေတာပါပဲ။ ဘယ်ကိုပစ်တယ်လို့လည်း မသိဘူး ဘာကြောင့်ပစ်သလဲဆိုတာလည်း လောလောဆယ် မသိ၇သေးဘူးဟုပြောသည်။

၎င်းဘုရားကုန်းတော်ပေါ်က လက်နက်ကြီးသံ ၃ ချက် ၊ လက်နက်ငယ်သံ အကြိမ်အချက်ပေါင်း ၂၀ခန့်ကြားလိုက်၇သည်ဟုလည်း ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။

ဘုရားဘက်ကနေကြားလိုက်၇တာပါ။နှစ်ဘက်ပစ်ခတ်သံတော့ မဟုတ်ဘူး။ တစ်ဘက်တည်းက ပစ်နေတဲ့အသံပါ။ဘယ်ဘက်ကိုပစ်မှန်းတော့ မသိဘူးဟုပြောသည်။

မဟာမုနိဘုရားပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား၆၀ ခန့်က ဘုရားပေါ်တွင်သဲအိတ်များ၊ ဘန်ကာများတည်ဆောက်ပြီး စခန်းထိုင်ကာ အခိုင်အမာတပ်စွဲနေထိုင်လျက်ရှိကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ၁ ရက် မွန်းတည့် ၁၂ နာရီခန့်က မဟာမုနိဘုရားမြောက်ဘက်မုခ်၀အနီး ဒေါ်စိန်ထမင်းဆိုင်ရှေ့တွင်ထမင်းလာစားသည့် ဒေသခံ ၃ ဦးကို ဘုရားတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးခဲ့ပြီး ယနေ့အထိ မိသားစုနှင့် အဆက်အသွယ်မရသေးဟုသိ၇သည်။

ယခင်တိုက်ပွဲကာလအတွင်းက ရွာလုံးကျွတ်နီးပါးမီးရှို့ခံခဲ့ရသည့် ကျောက်တော်မြို့နယ်ရှိ တောင်ပေါက်နှင့်ဘုရားပေါင်းကျေးရွာများသို့လည်း ယနေ့နံနက်က တပ်ဖွဲ့ဝင်အင်အား ၁၀၀ခန့်ရှိ စစ်ကြောင်းတစ်ခုဝင်ရောက်လာ၍ ရွာသားများ ထွက်ပြေးခဲ့၇သည်ဟု သတင်းရရှိသည်။

 

ဓာတ်ပုံ- မဟာမုနိဘုရားအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည်ကိုတွေ့၇စဉ်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.