နိရဉ္စရာ၊ သြဂုတ် ၁၀/၂၀၂၂
စစ်ရှိန်မြင့်နေသော ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် ယနေ့နံနက် ၉ နာရီခန့်မှ စတင်ပြီး ခမ၇ (၂၈၉)တပ်ရင်းမှ လက်နက်ကြီးများကို အဆက်မပြတ်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက နိရဉ္စရာသတင်းဌာနကို ပြောသည်။
လက်နက်ကြီး ပစ်သံများကို ယနေ့နံနက် ၉ နာရီကျော်မှစ၍ နံနက် ၁၀ နာရီခွဲအထိ (၁၂) ကြိမ်ခန့် အဆက်မပြတ်ကြားခဲ့၇သည်ဟု ဒေသခံများက ပြောဆိုသည်။
ယနေ့ လက်နက်ကြီးပစ်ခတ်ခဲ့သည့်နေရာမှာ များမကြာမီကမြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် ( AA) အကြားတိုက်ပွဲ ဖြစ်ပွားခဲ့သည့် ပလက်၀မြို့နယ်၊ သူဌေးကုန်းကျေးရွာဘက်သို့ ဖြစ်ကြောင်း ၎င်းအနီးဝန်းကျင်ရှိ မွန်ထောင့်ကျေးရွာ ဒေသခံတစ်ဦးကပြောသည်။
" လက်နက်ကြီးပစ်နေတာ မနက်ကတည်းနေပါ။ အချက်တစ်ဆယ်ကျော်လောက်ရှိပြီ။ သူဌေးကုန်း ဘက်ကို ပစ်နေတာလို့ထင်တယ်။ တိုက်ပွဲဖြစ်သံလည်းမကြားဘူး။ လက်နက်ကြီးတွေ ပစ်နေတော့ အပြင်ထွက်ပြီး ဟင်းရှာလည်းမသွားရဲကြဘူး။ အိမ်ထဲက အိမ်ပြင် မထွက်ရဲကြဘူးဖြစ်နေတယ်။ အခက်အခဲတွေဖြစ်၇ပါတယ်" ဟုပြောသည်။
ထိုသို့ လက်နက်ကြီးများကို စကစဘက်က ပစ်ခတ်နေသော်လည်း တိုက်ပွဲဖြစ်ပွားနေခြင်း ရှိ/ မရှိကို အတည်မပြုနိုင်ဟု ၎င်းက ပြောသည်။
ပလက်၀အခြေစိုက် ခမ၇ (၂၈၉) တပ်ရင်းသည် ယခင်ကလည်း အေအေနှင့်မြန်မာစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလျှင် လက်နက်ကြီး ပစ်ကူမှုများရှိကြောင်း၊များသောအားဖြင့် ရမ်းသမ်း ပစ်ခတ်မှုများကို ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောဆိုသည်။
ပလက်၀မြို့နယ်တွင် လက်နက်ကြီးပစ်ခတ်သံများကို သြဂုတ်လ ၂ ရက်နေ့မှစ၍ နေ့တိုင်းလိုလို ကြားနေကြ၇ပြီး ယနေ့တွင် ပစ်ခတ်မှုကိုအဆက်မပြတ်ကြားနေ၇သည်ဟု ပလက်၀ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။
"မနက် ၉ နာရီကျော်လောက်ကနေ ပစ်နေတာပါ။ မနေ့ကလည်း ပစ်ပေမယ့် တစ်လုံးနှစ်လုံးလောက်ပဲ ပစ်တာပါ။ ဒီကနေ့ကတော့ အဆက်မပြတ်ပစ်နေတယ်။ ဘယ်ဘက်မှာတိုက်ပွဲဖြစ်နေလည်းဆိုတာတော့ မသိ၇ဘူးလေ။ နေ့ခင်းဆိုတော့ အသံသိပ်မကြား၇ဘူး။ညည့်ဆိုရင်တော့ သေနတ် ပစ်သံတွေ အကျယ်ကြီးကြား၇တယ် " ဟုပြောသည်။
ခမ၇ (၂၈၉) မှ ယခုလိုလက်နက်ကြီးပစ်ခတ်နေသော်လည်း နှစ်ဘက်တိုက်ပွဲကြောင့်ဟုတ်/ မဟုတ် ဆိုသည်ကို နိရဉ္စရာ သတင်းဌာနအနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
ပလက်၀မြို့နယ် ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့နံနက်က စတင်ပြီး အေအေနှင့်မြန်မာစစ်တပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြပြီး လက်ချိန်အထိကြိုကြား ကြိုကြား တိုက်ပွဲများ ဖြစ်ပွား နေသည်ဟု သိ၇သည်။
ယခုကဲ့သို့ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ပလက်၀မြို့နှင့် ကျောက်တော်မြို့အကြား ဆက်သွယ်ထားသော ကုန်းလမ်း၊ ရေလမ်း (ကုလားတန်ဖြစ်ကြောင်း) သွားလာခွင့်များကိုလည်း စစ်ကောင်စီဘက်မှ ပိတ်ပင်ထားသဖြင့်ဒေသခံများအနေဖြင့် စားဝတ်နေရေး အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကြောင်း သိ၇သည်။(NN-8)