Preview

ဘင်္ဂလားဒေ့ရှ် အိုကီးယားတွင် ဒုက္ခသည်ခေါင်းဆောင် ၂ ဦးသေနတ်ပစ်ခံရပြီးသေဆုံး

သြဂုတ် ၁၀/ ၂၀၂၂ | ကြည့်ရှုသူ :9593
ရခိုင် သတင်း

နိရဉ္စရာ၊ ဩဂုတ် ၁၀/ ၂၀၂၂

ဘင်္ဂလာဒေ့ချ်နိုင်ငံ၊ ကောစ်ဘာဇားခရိုင် အိုခီယားမြို့နယ်ရှိ မြန်မာနိုင်ငံက ထွက်ပြေးလာကြသည့်  မူလဆင်ဒုက္ခသည်စခန်းတခုတွင် ယမန်နေ့ ညဉ့်အချိန်က သေနတ်နှင့် ပစ်ခတ်ခံ၇သဖြင့်  ဒုက္ခသည် ခေါင်းဆောင်၂ ဦးသေဆုံးသွားကြောင်း သိရှိ၇သည်။

သေဆုံးသွားသည့် ဒုက္ခသည်ခေါင်းဆောင် ၂ ဦးမှာ စခန်းမှတ် ၁၅BLOC-C/1  တွင်နေထိုင်သူ အာဘူလ်တာလေ (၄၀)နှစ် (ဘ) အာဒူလ် ရော်ဟိန်မေရ်နှင့် BLOC C/7 တွင်နေထိုင်သူ ဆွေယက်ဟောဆာမ် (၃၅) နှစ် (b)အီမင် ဟောဆာမ် တို့ ဖြစ်ကြောင်း ဘင်္ဂလာသတင်းများတွင် ဖော်ပြသည်။

အဖွဲ့ဝင် ၁၀ ဦးခန့်ပါဝင်သည့်သေနတ်သမားအဖွဲ့တစ်ခုသည်  သြဂုတ်လ ၉ ရက် အင်္ဂါနေ့ ည (၁၂) နာရီခန့်တွင် အဆိုပါခေါင်းဆောင် (၂) ဦးကို ပေ ၁၅၀ ခန့်အကွာမှ သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးသွားသည်ဟုမျက်မြင် ဒုက္ခသည်များကို ကိုးကားပြီးသတင်းများတွင်ဖော်ပြသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ချက်ချင်း အဆိုပါ ဒုက္ခသည်ခေါင်းဆောင်(၂) ဦးကို ဇမ်တိုလီရှိ  MSF ဆေးရုံကို ပို့ဆောင်ခဲ့သော်လည်းဆွေယက်ဟောဆမ်းမှာ ဆေးကုသနေတုန်းသေဆုံးခဲ့ပြီး အာဒူလ်တာလေကိုလည်း MSF ဆေးရုံကနေ ကောတော့ပလောင်ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့သည်ဟု သိရှိ၇သည်။

ယခုအခါ သေနတ်သမားများကို ဘင်္ဂလာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလိုက်ရှာနေပြီး သေဆုံးသွားသည့် အလောင်းများကို အိုခီးယားရဲစခန်းမှတစ်ဆင့် ကော့စ်ဘာဇားဆေးရုံကိုပို့ဆောင်ထားကြောင်း သိရှိ၇သည်။

အိုကီးယားမြို့နယ်ရှိ ဒုက္ခသည်စခန်းများတွင် ပြိုင်ဘက် လက်နက်ကိုင်အုပ်စုများအကြား မကြာခဏ အပြန်အလှန် လက်စားချေ သတ်ဖြတ်မှုများ ပေါ်ပေါက်နေကြောင်း ဘင်္ဂလားဒေ့ရှ်ဒေသဆိုင်ရာသတင်းများတွင် ဖော်ပြကြသည်။   (NN14)

 

উখিয়ায় ক্যাম্পেগুলিতে ২ রোহিঙ্গা নেতা নিহত

#ဒုက္ခသည်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.