English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်တွေတွင် ၇ လကျော်အတွင်း ဓားထိုးမှုဖြစ်၍ ၁၀ ဦးသေ၊ ၈ ဦး ဒဏ်ရာရ
သြဂုတ် ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :6578
ရခိုင် သတင်း
နိရဥ္စရာ၊ သြဂုတ် ၁၁/၂၀၂၂
ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေတွင် ၇ လကျော်အတွင်း ဓားထိုးမှုဖြစ်၍ ၁၀ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိသွားကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ကောက်ယူထားသော စာရင်းများအရ သိ၇သည်။
ယခုနှစ်အစောပိုင်း ဇန်နဝါရီလမှစ၍ ယနေ့ သြဂုတ်လ ၁၁ ရက်အထိ ဓားထိုးမှုဖြစ်စဉ် ၁၈ မှုရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၁၀ ဦးနှင့် ဒဏ်ရာ၇သူ ၈ ဦးရှိခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ ညဉ့် ၁၂ နာရီကျော်ကလည်း အဝေးပြေးကားကြီးကွင်းမှ အမျိုးသား ၁ ဦး၊ ယမန်နေ့ သြဂုတ်လ ၁၀ ရက်က ဓည၀တီရပ်ကွက်မှ ၁ ဦးနှင့် ကိုးရီးယားဆိပ်ကမ်း ကုလားချောင်းမှ စက်လှေသမား ၁ ဦးနှင့် သြဂုတ်လ ၉ ရက်က မင်းဂံရပ်ကွက် အကွက် ၁၀ မှ ဆရာတော် ၁ ပါးတို့သည် ဓားထိုးခံရ၍ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေရသည်ဟု သိ၇သည်။
ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုမင်းထည်ဝါက “များသော အားဖြင့် အရက်သောက်လို့ ဖြစ်ကြတာ။ အရက်ဝိုင်းမှာ ထိုးတာများလာတယ်။ ကုလားချောင်းမှာကတော့ ပိုက်ချတဲ့ ဘုတ်သမားတွေက အချင်းချင်းထိုးကြတာ။ ကားဂိတ်မှာလည်း ပုလင်းနဲ့ထိုးကြတာ” ဟု နိရဥ္စရာကို ပြောသည်။
သြဂုတ်လ ၁ ရက် ညဥ့် ၂ နာရီကလည်း စစ်တွေကမ်းနားလမ်း၌ ဝိုင်းဖွဲ့အရက်သေစာ သောက်စားကြရာမှ အချင်းချင်းစကားများ၍ စံပြရွာမှ အမျိုးသား ၁ ဦး ဓားထိုးခံရ၍ သေဆုံးခဲ့သလို ယင်းနေ့နံနက် ရ နာရီကျော်တွင်လည်း စက်ရုံစုရပ်ကွက်ရှိ မရမာကြီး ကယ်ဆယ်ရေးစခန်းမှ အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသမီး ၁ ဦး ဓားထိုးခံရ၍ သေဆုံးသွားခဲ့ကြောင်း သိ၇သည်။
ယခုဖြစ်စဉ်များသည် ညအချိန် အများဆုံးဖြစ်ပွားတတ်ပြီး ကျူးလွန်ခဲ့သူများကိုလည်း ရဲတပ်ဖွဲ့က ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိဖြစ်နေသည်ဟု မြို့ခံများက ပြောသည်။ (NN-3)
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.