Preview

ရခိုင်စစ်ဘေးရှောင်များသို့ နီပွန်ဖောင်ဒေးရှင်းမှဆန်အိတ်များဖြန့်ဝေခွင့်ကို စစ်ကောင်စီကဟန့်တားမှုသည် လူအခွင့်အရေးချိုးဖောက်မှုဟုဆို

သြဂုတ် ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :5038
ရခိုင် သတင်း
နိရဉ္စရာ၊ ဩဂုတ် ၁၂/ ၂၀၂၂

 

၇ခိုင်ပြည် မြို့နယ် (၉)မြို့နယ်တွင်ရှိသည့် စစ်ရှောင်ဒုက္ခသည်စခန်းများမှဒုက္ခသည်များအတွက် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ လှူဒါန်းထားသည့် ဆန်အိတ် ၅၅၀၀၀ကျော် ဖြန့်ဝေမှုကို စစ်ကောင်စီဘက်က ဟန့်တားမှုသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်သည်ဟုရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူဦးခိုင်သုခကပြောသည်။

 

နီပွန်ဖောင်ဒေးရှင်းကလှူဒါန်းထားတဲ့ ဆန်အိတ်တွေဟာ ဖြန့်ဝေမဲ့ နေရာတွေကို ရောက်နေပြီး ဖြစ်ပါတယ်။ ဒါ ပေမဲ့ဖြန်ဝေမဲ့ကိစ္စကိုခွင့်မပြုတဲ့အတွက် အခုအထိ မဖြန့်ရသေးဘဲ ဖြစ်နေတယ်။ အဲဒီကိစ္စကိုနှစ်ဘက်ကြား ခံတွေက တဆင့် အကြိမ်ကြိမ် ညှိနှိုင်းပေမဲ့ စစ်ကောင်စီဘက်က အထက်တမျိုး အောက်တမျိုးဖြစ်နေတဲ့အတွက်ဒါက တော့ ကြီးမားတဲ့ လူ့အခွင့်ရေး ချိုးဖောက်တရပ်ဖြစ်တယ်လို့ ပြောလို့၇ပါတယ်။

 

အဆိုပါ နိပွန်ဖောင်ဒေးရှင်းက လှူဒါန်းသည့် ဆန်ကိစ္စနှင့်ပတ်သက်ပြီး သြဂတ်(စ်)လ ၁၁ ရက်နေ့က ပြုလုပ်သည့် (၄) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင်ဦးခိုင်သုခမှ ထိုသို့ မှတ်ချက်ချ ပြောဆိုသွားခြင်း ဖြစ်သည်။

 

စစ်ဘေးရှောင်စခန်းများတွင် ရိက္ခာပြတ်လပ်ပြီး တချို့စခန်းများတွင်အငတ်ဘေးကျလုနီးပါး အခြေအနေအထိ ရောက်နေသော်လည်း ဆန်ရိက္ခာများကို ဖြန့်ဝေခြင်းမပြုခြင်းသည် ကြီးမားသည့်လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်သည်ဟုဆိုသည်။

 

အဲဒီဆန်အိပ်တွေအခုအချိန်မှာ စစ်ဘေးရှောင်စခန်းအ၀ကိုရောက်နေပေမဲ့ စစ်ကောင်စီက တားမြစ်ထားလို့ အခုထိလှူဒါန်းလို့မ၇ဖြစ်နေတယ်။စစ်ကောင်စီက သူလည်းမလှူ သူများ လှူတာကိုလည်း ပိတ်ပင်ထားတာက ကြီးမားတဲ့ လူသားများနွယ်အပေါ်ကြီးမားတဲ့ပြစ်မှု ကျူးလွန်ခြင်း တမျိုးဖြစ်တယ်ဟု ဦးခိုင်သုခက ပြောဆိုသည်။  

 

ရခိုင်ပြည်မှ စစ်ဘေးရှောင်စခန်းများအတွက် ဆန်အိတ်ပေါင်း၅၅၀၀၀ ကျော် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါက လှူဒါန်းထားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါဆန်အိပ်များကို အချိန်မီမဖြန့်ဝေနိုင်သည့်အတွက် ပျက်စီးမှုများရှိနေပြီးလူသားချင်းစာနာသည့် အကူ အညီကို နိုင်ငံရေး၊ စစ်ရေးနဲ့ရောထွေးပြီး တားမြစ်မှုလုပ်ခြင်းမှာသက်ဆိုင်ရာအာဏာပိုင်များ၏ မှားယွင့်သည့် ချဉ်းကပ် မှုဖြစ်သည်ဟု နီပွန်ဖောင်ဒေးရှင်း၏လူသားချင်းစာနာမှုဆိုင်ရာ ဆန် အကူညီပေးရေး ကိစ္စတွင် ညှိနှိုင်းဆောင် ရွက်ပေးနေသည့်  ဦးဝင်းအောင်က မကြာသေးမီက နိရဥ္စရာကို ပြောဆိုထားသည်။

 

ယခုကဲ့သို့ ဆန်အိတ်များကို စစ်ကောင်စီမှ ဖြန့်ဝေခြင်းကိုတားမြစ်ထားခြင်းမှာ ဆန်အိတ်များ AA လက်ထဲသို့ ရောက်ရှိသွားနိုင်သည်ဟု ယူဆကာ တားမြစ်ထားခြင်းဖြစ်သည်ဟုသတင်းများထွက်ပေါ်နေသော်လည်း ဟုတ်/ မဟုတ်ကိုသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

 

လက်ရှိရခိုင်ပြည်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်ဒုက္ခသည်အရေအတွက် ၆ သောင်းကျော် ရှိနေပြီး ဒုက္ခသည်များမှာ စစ်ကောင်စီနှင့် နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင်အရပ်ဘက်အဖွဲ့ အစည်းများမှ ထောက်ပံ့လှူဒါန်းမှုများ ရပ်တန့် သွားသည့်အတွက် စားသောက်နေထိုင်ရေးအတွက်အကြုံနေကြ၇သည်ဟု ဒုက္ခသည်စခန်းများတွင် နေထိုင်သူများက ပြောသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.