Preview

မြေပုံရဲစခန်းရှေ့တွင် ဖမ်းဆီးခံ၇သူ ၃ဦးတစ်ပတ်ကြာသည်အထိ အဆက်အသွယ်မရဘဲပျောက်ဆုံးနေ

သြဂုတ် ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :4086
ရခိုင် သတင်း
နိရဥ္စရာ၊ သြဂုတ် ၁၂/၂၀၂၂

ရခိုင်ပြည်နယ်၊ မြေပုံမြို့မရဲစခန်းရှေ့တွင် ဩဂုတ် ၅ ရက်နေ့ညအချိန်က ပစ္စတိုတစ်လက်အပါအဝင် အေအေနှင့် ဆက်စပ်သည့် စာရွက်စာတမ်းများနှင့် အတူ ဖမ်းဆီးခံခဲ့၇သည့်လူ ၃ ဦးသည် မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံ၇သူ ၃ ဦးတွင် မြေပုံမြို့ခံ ကိုအောင်စိုးဆိုသူတစ်ဦးပါဝင်ပြီး ကျန် ၂ ဦးကို မသိရှိကြောင်း ကိုအောင်စိုးနှင့်နီးစပ်သူ မြေပုံ ဒေသခံတစ်ဦးကပြောသည်။

" တစ်ယောက်ကိုအောင်စိုး၊ နောက် ၂ ယောက်ကိုတော့ မသိပါဘူး။ သူတို့က မြေပုံက မဟုတ်ဘူး လို့လည်း သိရပါတယ်။သူတို့အဲ့ဒီနေ့က အရက်သောက်ပြီး ကားမောင်းလာတာ ရဲစခန်းရှေ့က ပိတ်ထားတဲ့ ဘန်ကာကို ကားနဲ့ဝင်တိုက်ပစ်တယ်လို့သိရတယ်။ ဝင်တိုက်တာနဲ့ ရဲစခန်းနားမှာ စစ်တပ် ကင်းချထားတာရှိပါတယ်။ အဲ့ဒီစစ်သားတွေကဖမ်းပြီးစစ်တယ်။ သူတို့ကိုမွှေတော့ ULA/AA ရဲ့ စာရွက်စာတမ်းတွေ၊ ပီစတိုတွေ့တယ် ပြောတယ်။ တိတိကျကျတော့ ဘယ်သူမှမပြောနိုင်ဘူးလေ"ဟု ပြောသည်။

၎င်းတို့ ၃ ဦးမှာ သြဂုတ်လ ၅ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်ကမြေပုံမြို့မရဲစခန်းရှေ့တွင် ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်သည်။

ဖမ်းဆီးခံ၇မှုဖြစ်စဉ်နှင့်ပတ်သက်လို့ မျက်မြင် မြေပုံဒေသခံတစ်ဦးက "အဲ့ဒီနေ့ကသူတို့ အရက်မူးလာပြီး ရဲစခန်းရှေ့က သံဆူးကြိုးနဲ့ ကာထားတဲ့ အကာကို ဝင်တိုက်တယ်တဲ့။ဝင်တိုက်တာ့ ရဲတစ်ယောက်က လမ်းဖွင့်ပေးတယ်ပြောတယ်။ လမ်းဖွင့်ပေးတာကို ထပ်ဝင်တိုက်တော့နှစ်ပွင့်တဲ့  ရဲအရာရှိကို ထိပြီး ၂ချက်၃ချက်ချုပ်ရတယ်ပြောတယ်။ အဲ့ဒီတော့ ရမ်းကားမှုနဲ့ဖမ်းတာ။ ဖမ်းပြီး ကားကိုစစ်ဆေးတော့မှ AA နဲ့ ပတ်သက်တဲ့စာရွက်၊ စာတမ်းတွေ ၇တယ်ဆိုပြီး အခုထိ ဖမ်းထားတာ"ဟု ပြောသည်။

ဖမ်းဆီးခံရပြီး အချိန်က စပြီး သူတို့နှင့် အဆက်အသွယ်မရဘဲပျောက်ဆုံးနေသဖြင့် မိသားစုများ စိုးရိမ်နေကြသည်ဟု ၎င်းက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပိုမိုပြီး သတင်းအချက်အလက်များကိုရယူလိုသဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲမှူးသို့ ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

လက်ရှိရခိုင်မှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြားအပြန်အလှန်ဖမ်းဆီးမှုများအပြင် ထိတွေ့တိုက်ပွဲများလည်းရှိနေကာ ၂ ဘက်စစ်ရေးတင်းမာနေသည့်အခြေအနေရှိနေကြောင်း သိ၇သည်။ (NN-7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.