English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
သြဂုတ် ၁၃ ဆန်ပြဿနာနေ့အခမ်းအနား စစ်တွေမြို့တွင် ကျင်းပ
သြဂုတ် ၁၃/ ၂၀၂၂ | ကြည့်ရှုသူ :7850
ရခိုင် သတင်း
နိရဥ္စရာ၊ သြဂုတ် ၁၃/၂၀၂၂
ယနေ့သြဂုတ်လ ၁၃ ရက်တွင်ကျရောက်သည့် (၅၅) နှစ်မြောက် ဆန်ပြဿနာနေ့ အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနားကို စစ်တွေမြို့တွင် ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး အကျဉ်းချုံးကျင်းပခဲ့ကြသည်။
၎င်း အောက်မေ့ဖွယ်အခမ်းအနားကို ယနေ့သြဂုတ်လ ၁၃ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် စတင်ကျင်းပခဲ့ကာ ထိုအခမ်းအနားတွင် ဆန်ပြသနာနေ့ ဖြစ်ပေါ်လာခဲ့ပုံအကြောင်းအရင်းနှင့် ကျဆုံးခဲ့လေသော အဖိုးအဖီးများကို ကဗျာများရွတ်ဖတ်ကာ ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ လူမျိုးမုန်းတီးရေးသဘောအနေနှင့် မဟုတ်ဘဲ သြဂုတ် ၁၃ ဆိုသည့် ရခိုင်ပြည်အတွက်နေ့ဆိုးတစ်နေ့ရှိခဲ့ကြောင်းကို အမှတ်ရအောက်မေ့စေလိုသဖြင့် ပြုလုပ်ကျင်းပ ခြင်းဖြစ်ကြောင်း ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုဦးသန်းနိုင်က ပြောသည်။
"၁၃ သြဂုတ်မှာဆိုရင် ကျနော်တို့ရခိုင်ပြည်မှာ ဆန်၊ရေ၊ စပါးတွေ အရမ်းကို ပေါများပေမဲ့လည်း အစိုးရတွေက မတရားဖိနှိပ်ထားတဲ့အခါ ကျနော်တို့ ရခိုင်ပြည်သူလူထုဟာ ငတ်မွတ်ခေါင်းပါးမှု ဒဏ်ကိုခံခဲ့ရတယ်။ အဲဒီနေ့မှာ စစ်တွေမြို့မှာ ဆန္ဒပြပွဲတွေဖြစ်တယ်၊ အဲဒီအချိန်မှာ ကျနော်တို့ ရခိုင်ပြည်သူ တစ်ရပ်လုံးဟာ အာဏာရှင်အစိုးရကို ဆန့်ကျင့်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ကျနော်တို့ပြည်သူလူထုဟာ အသက်တွေပေးဆပ်လိုက်၇တယ်။ ဒါကိုဂုဏ်ပြုတဲ့ အနေနဲ့လုပ်တာပါ" ဟုပြောသည်။
အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်အတွင်းတွင်ရှိသည့်ကျောင်းသားသမဂ္ဂ အသီးသီးမှ တာဝန်ရှိသူအချို့ တက်ရောက်ခဲ့ကြကြောင်းသိ၇သည်။
အလားတူ ကော့စ်ဘဇား(ခေါ်) ဖလောင်းချိတ်မြို့တွင် ကျင်းပခဲ့ကြသည်ဟု သိ၇သည်။
၁၉၆၇ ခုနှစ်က ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် မဆလအစိုးရအနေဖြင့် ရခိုင်ပြည်မှ ထွက်သည့်ဆန်စပါးများကို နိုင်ငံခြားသို့ရောင်းချပြီး ပြည်သူများကို ထုတ်မရောင်းချသည့်အတွက် ရခိုင်ပြည်တွင် ဆန်စပါးရှားပါးပြီး ပြည်သူများ အငတ်ဘေးနှင့် ရင်ဆိုင်ခဲ့ကြရသည်ဟု သိ၇သည်။
ယင်းအငတ်ဘေးကိုဖြေရှင်းပေးရန်နှင့် နိုင်ငံခြားသို့တင်ပို့မည့်ဆန်စပါးများကို ပြည်သူများအား ထုတ်ရောင်းပေးရန် ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်တွင် စစ်တွေမြို့ပေါ်၌ လူပေါင်း သောင်းနှင့်ချီ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ၎င်းဆန္ဒပြတောင်းဆိုမှုကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် လူပေါင်း ရာနှင့်ချီ၍ သေဆုံးခဲ့သည်။
အဆိုပါဖြစ်စဉ်အတွင်း ၁၇ ဦးသာ သေဆုံးခဲ့သည်ဟု မဆလ အစိုးရက ယင်းအချိန်က သတင်းထုတ်ပြန်ခဲ့သည်ဟု သိ၇သည်။
သြဂုတ်လ ၁၃ ရက်သည် ထမင်းငတ်နေသည့် ရခိုင်လူထုကို ဆန်အစား ကျည်ဆံများပေးခဲ့သည့် အတွက် စစ်အာဏာရှင်စနစ်၏ ဆိုးမွေသင်္ကေတ တစ်ရပ်ဖြစ်သည်ဟုလည်း ယင်းအချိ်န်က ဆန္ဒပြပွဲအတွင်း ပါဝင်ခဲ့ကြသူများက ပြောဆိုလျက်ရှိနေကြသည်။
ဆန်ရရှိရေးတောင်းဆိုရင်း လူအများအပြားသေဆုံးခဲ့ရသည့် ယင်းနေ့ကို စစ်တွေဆန်ပြဿနေ့အဖြစ် သတ်မှတ်ပြီး ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားများကိုလည်း နှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်နယ်နှင့် နိုင်ငံတကာရှိ ရခိုင်လူမျိုးများရှိသည့်နေရာများတွင် ကျင်းပတတ်ကြသည်ဟု သိ၇သည်။ (NN-8)
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.