Preview

နိုင်ငံတော်ဆူပူဆိုင်ရာပုဒ်မ၅၀၅(က)ဖြင့်တရားစွဲခံရသည့် ပန်းရန်လုပ်သားနှစ်ဦးအမှု ဩဂုတ် ၂၅ ရက်နေ့သို့ ထပ်မံရုံးချိန်း

သြဂုတ် ၁၅/ ၂၀၂၂ | ကြည့်ရှုသူ :6266
ရခိုင် သတင်း

နိရဉ္စရာ၊ သြဂုတ် ၁၅/၂၀၂၂

နိုင်ငံတော်ဆူပူဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲခံထားရသည့် ကျောက်ဖြူမြို့နယ်၊ မူရွင်းကျေးရွာမှကိုစိုင်းဝဏ္ဏကျော်နှင့် ကိုထွန်းထွန်းဇော်တို့  နှစ်ဦး၏အမှု ရုံးချိန်းကို လာမည့် ဩဂုတ် ၂၅ ရက်နေ့သို့ထပ်မံ ရွှေ့လိုက်သည်ဟု သတင်းရရှိသည်။

၎င်းတို့နှစ်ဦးအမှုကို လွန်ခဲ့သည့် သြဂုတ် ၁၁ ရက်က ကျောက်ဖြူမြို့နယ်တရားရုံးတွင်စစ်ဆေးရန် ရုံးချိန်းပေးခဲ့သော်လည်း လုံခြုံရေးအကြောင်ပြချက်ကြောင့် တရားလိုပြ သက်သေများမရောက် လာသဖြင့် ရုံးချိန်းကို ဩဂုတ် ၂၅ ရက်နေ့သို့ ရွေ့ပြောင်းလိုက်ကြောင်း ၎င်းတို့၏မိသားစုဝင် တစ်ဦးကပြောသည်။

"လုံခြုံရေးအကြောင်းပြချင်နဲ့တရားလိုသက်သေတွေမရောက်လာကြပါ။ လာမယ့် ဩဂုတ် ၂၅ရက်နေ့ကို ရုံးချိန်းထပ်ချိန်းလိုက်ပါတယ်။သူတို့ကိုတော့ ရုံးထုတ်လာပါတယ်၊ တရားလိုပြ သက်သေတွေ မရောက်လာလို့ အမှုမစစ်၇ပါ"ဟုပြောသည်။

ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာမှ ကိုစိုင်းဝဏ္ဏကျော်(၂၈) နှစ်နှင့် ကိုထွန်းထွန်းဇော် (၂၀) နှစ်)တို့သည် ပန်းရန်လုပ်ငန်း လုပ်ကိုင်နေကြသူများဖြစ်ကြပြီးပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က ဇင်ချောင်းကျေးရွာတွင် လုပ်ငန်းသုံးပစ္စည်းဝယ်ရန်လာစဉ်တွင် ဖမ်းဆီးခံခဲ့၇သည်။

သူတို့က ဇင်ချောင်းရဲစခန်းရှေ့မှာရှိတဲ့  လုပ်ငန်းသုံးပစ္စည်းရောင်းတဲ့ ဆိုင်ကနေ ပစ္စည်းတွေဝယ်အပြီး အနီးအနားက ကွမ်းယာဆိုင်မှာ ကွမ်းဝယ်စားနေတဲ့အချိန် ရဲသား ၅ ဦးကနေ  မသင်္ကာလို့  စစ်ဆေးမေးမြန်းစရာ ရှိတယ်ဆိုပြီး ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီးတဲ့နောက်ဖမ်းဆီးခံ၇တာ ဖြစ်ပါတယ်ဟု ပြောသည်။

ဖမ်းဆီးခံ၇ပြီး နောက်တစ်နေ့ ဇွန်လ ၂၅ ရက်  နံနက်ပိုင်းတွင် မိသားစုဝင်များက ၎င်းတို့နှစ်ဦးနှင့် တွေ့ခွင့်ရခဲ့ပြီး ၎င်းနေ့ ညနေပိုင်းတွင် ကျောက်ဖြူမြို့အခြေစိုက် စစ်ကောင်စီ တပ်ရင်းတစ်ခု၏ စစ်ကြောရေးသို့  ပို့ဆောင်ခံခဲ့ရသည်ဟု သိ၇သည်။

၎င်းနောက် သူတို့နှစ်ဦးအား ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းရဲစခန်းမှရဲအရာရှိတစ်ဦးက တရားလိုပြုလုပ်ကာ နိုင်ငံတော် ဆူပူ လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် စွဲချက် တင်ထားကြောင်း သိ၇သည်။

သို့သော်လည်း မိသားစုများအနေဖြင့် ၎င်းတို့နှစ်ဦးအား မည်သည့်အတွက်ကြောင့်နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် စွဲချက်တင်ကြောင်းကိုလက်ရှိအချိန်ထိ မသိရှိဟု ဆိုသည်။

သူတို့ နှစ်ဦးအနက် ကိုစိုင်းဝဏ္ဏကျော်သည် မူရွင်းကျေးရွာတွင်လူပျိုကာလသား ခေါင်းဆောင်ဖြစ်ကာ သာရေး၊ နာရေးကိစ္စများတွင် ဦးဆောင်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီးကိုထွန်းထွန်းဇော်မှာ ဆယ်တန်းအောင်၍ တက္ကသိုလ်တက်ရန် ပြင်ဆင်နေသူ တစ်ဦး ဖြစ်ကြောင်းလည်းသိ၇သည်။

လက်ရှိ ၇ခိုင်တွင် အေအေနှင့် ဆက်စပ်သည့် သံယယဖြင့် စွပ်စွဲဖမ်းမိသူများကိုယခင်ကလို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က) (ဈ) တို့ဖြင့် တရားမစွဲဆိုတော့ဘဲ နိုင်ငံတော် ဆူပူမှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုမှုများလာသည်ဟု သိ၇သည်။

သူတို့ (စကစ) က အရင်ကတော့ ရက္ခိုင့်တပ်တော် အေအေနဲ့ ဆက်စပ်သူတွေကိုအကြမ်းဖက် ပုဒ်မတွေ တပ်ပြီးတရားစွဲတယ်။ ထောင်ချတယ်။ အေအေကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်လိုက်ပြီးဖြစ်တာကြောင့် ခုလို အေအေနဲ့ ဆက်စပ်သူတွေကို အကြမ်ဖက်မှုနဲ့ တရားစွဲဆို ထောင်ချတာဟာဥပဒေကြောင်းအရ ကိုက်ညီမှု မရှိဘူးလို့  ဝေဖန်မှုတွေထွက်လာပြီးတဲ့နောက်မှာအခု အသစ်ပြဌာန်းလာတဲ့ ရာဇသတ်ကြီး ပုဒ်မ၅၀၅ (က)နဲ့ တရားစွဲဆိုလာတာဖြစ်ပါတယ်ဟုအမည်မဖော်လိုသူ  ဥပဒေရေးရာကျွမ်းကျင်သူတစ်ဦးကပြောသည်။

ပုဒ်မ ၅၀၅ (က) သည်စစ်ကောင်စီ အာဏာရရှိလာပြီးနောက် ပြင်ဆင်ဖြည့်စွက်လိုက်သည့်ပုဒ်မတခုဖြစ်ပြီး ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်နိုင်သည့် ပုဒ်မတခုဖြစ်ကြောင်းလည်း သိ၇သည်။

ပုဒ်မ ၅၀၅ (က) အ၇မည်သူကိုမဆို နိုင်ငံသားတစုကို ဖြစ်စေ၊ ပြည်သူလူထုကိုဖြစ်စေထိတ်လန့် စေလျှင် (သို့)ထိတ်လန့် စေရန် ကြံရွယ်လျှင်၊ မမှန်ကန်ကြောင်း ကြိုတင်သိရှိလျှက်မမှန်သတင်းများ ဖြန့်ဝေမှု ပြုလုပ်လျှင် (သို့) ဖြန့်ဝေရန် ကြံရွယ် လျှင်၊ အစိုး၇ဝန်ထမ်း တဦးဦးကိုဖြစ်စေ၊ အစိုး၇ ဝန်ထမ်းတဖွဲ့ကိုဖြစ်စေ၊အစိုး၇ဝန်ထမ်းများကိုဖြစ်စေ ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ ဖြစ်စေ ပြုလုပ်လျှင် (သို့)ထိုသို့ ကျူးလွန်စေရန် ကြံရွယ်လျှင် (သို့) လှုံ့ဆော်လျှင်ဟုဖွင့်ဆို ထားသည်။(NN-8)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.