Preview

ပလက်၀မြို့နယ်တွင် တိုက်ပွဲဆက်ဖြစ်၊ စကစမှ လေယာဉ်များဖြင့် တိုက်ခိုက်နိုင်ဖွယ်ရှိနေ

သြဂုတ် ၁၅/ ၂၀၂၂ | ကြည့်ရှုသူ :6396
ရခိုင် သတင်း

နိရဉ္စရာ၊ သြဂုတ် ၁၅/၂၀၂၂

 

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီ တပ်တို့ အကြား ယနေ့နံနက်မှ စတင်ပြီး ပြန်လည်တိုက်ပွဲဖြစ်ပွားနေကာ စစ်ကောင်စီဘက်က လေယာဉ်များအသုံးပြု တိုက်ခိုက်လာနိုင်ဖွယ် အနေအထားရှိနေသည်ဟု အေအေနှင့်နီးစပ်သော စစ်ဘက်သတင်းအ၇ သိ၇သည်။

 

လက်ရှိတွင် အမ်းလေယာဉ်ကွင်းတွင် တိုက်လေယာဉ်များ၊ ၇ဟတ်ယာဉ်များ လှုပ်ရှား ပျံသန်းမှုများရှိနေသလို  စစ်တွေလေယာဉ်ကွင်းတွင်လည်း တိုက်ခိုက်ရေး၇ဟတ်ယာဉ် စီး ရောက်ရှိနေသည်ဟု မျက်မြင် ဒေသခံများက ပြောသည်။

 

ယနေ့တွင် ၇ခိုင်ပြည်နယ်တွင်လည်း နေရာအချို့၌ အေအေနှင့် မြန်မာစစ်တပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး ချင်းပြည်နယ်  ပလက်၀မြို့နယ်တွင် ယခင်ဖြစ်ပွားခဲ့သောနေရာများတွင်  တိုက်ပွဲများဆက်ဖြစ်နေသည်ဟု သိ၇သည်။

 

ပလက်၀ဒေသခံ တစ်ဦးက "မနက် နာရီကျော် ၁၀ နာရီမထိုးခင်ကနေ တိုက်ပွဲဖြစ်နေကြတာ။ နှစ် ဘက် တိုက်ပွဲ ဖြစ်နေကြပါတယ်။  ၂၈၉ တပ်ကနေလည်း အတွဲလိုက်အမြောက်ပစ်တာ ၁၀ ချက်လောက်ရှိပြီ"ဟု နိရဉ္စရာကို ပြောသည်။

 

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့်နေရာမှာ ယခင် စစ်တပ် နှင့် AA တို့တိုက်ပွဲဖြစ်ပွားခဲ့သည့် နှမဒါချောင်း၊ သူဌေးကုန်းကျေးရွာ ပကာချောင်း၀အနီးအနားတွင် ဖြစ်ပွားနေပုံ၇သည်ဟု  ၎င်းက ဆိုသည်။

 

" ခွဲလောက်ကနေ ထင်တယ်။ အရင်ဖြစ်တဲ့နေရာဘက်မှာပဲ တိုက်ပွဲဖြစ်နေတယ်လို့ သုံးသပ်၇ပါတယ်။ လက်နက်ကြီးပစ်နေတာတော့ အချက် ၁၀ ကျော်နေပြီ"ဟု ပြောသည်။

 

လက်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူပေးနေသည့် နေရာများမှာ လာမွေတောင်၊ ရေအေးစခန်း၊ (၂၈၉)တပ်ရင်း၊ စိမ်စ့င်းတောင်ကုန်းတို့ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

 

ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ သြဂုတ်လ ရက်နေ့မှစတင်ကာ တိုက်ပွဲငယ်များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စကစဘက်က ထိခိုက်ကျဆုံးမှုများလည်းရှိခဲ့ကြောင်း သြဂုတ်လ ၁၁ ရက်နေ့က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်၇သူ ဦးခိုင်သုခက ပြောဆိုခဲ့သည်။

 

 သြဂုတ်လ ၁၃ ရက်နေ့က ၇သေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်း၇မိခဲ့ကြောင်း ဦးခိုင်သုခက နိရဉ္စရာကို ပြောသည်။(NN-7)

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.