Preview

၇ခိုင်တွင်အခြေခံဆန်ဈေးများထိုးတက်လာ၍ လက်လုပ်လက်စားများဘ၀ရပ်တည်ရေးအခက်တွေ့လာ

သြဂုတ် ၁၅/ ၂၀၂၂ | ကြည့်ရှုသူ :5781
ရခိုင် သတင်း

နိရဥ္စရာ၊ သြဂုတ် ၁၅/၂၀၂၂
၇ခိုင်ပြည်နယ်တွင် ပေါ်ဆန်းမွှေး အပါအဝင်အခြေခံဆန်ဈေးနှုန်းများ မြင့်တက်လာနေသဖြင့် လက်လုပ်လက်စားများနေဖြင့်နေ့စဉ်ပုံမှန်ရပ်တည်နေထိုင်ရေးအတွက်အခက်တွေ့လာနေကြောင်းသတင်းရရှိသည်။

စစ်တွေဆန်ဈေးကွက်တွင် ယနေ့ သြဂုတ်လ ၁၅ ရက် ပေါက်ဈေးမှာ ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ကျပ် သောင်း၊ သီရိဒုံ ဆန်တစ်အိတ်လျှင် ၄၇၀၀၀ ကျပ်၊ စာပစိကောက်လျင်ဆန်တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်၊ မနောသုခဆန်တစ်အိတ်လျှင် ကျပ် သောင်းအထိ အသီးသီးဈေးရှိကြောင်း ဆန်ဆိုင်များဆီမှ သိ၇သည်။

ထိုသို့ ယခုနှစ် မိုးရာသီအတွင်း ဆန်ဈေများမြင့်တက်လာခြင်းမှာပြည်တွင်းစစ်ရေးအခြေအနေများကြောင့်ရခိုင်ရှိမြို့နယ်တစ်ခုမှတစ်ခုကိုလွတ်လပ်စွာဆန်များကိုသယ်ယူ၍မ၇နိုင်သလိုဗမာပြည်မဘက်သို့လည်းဆန်များကိုအပို့များနေ၍ဖြစ်ကြောင်းသိ၇သည်။

စစ်တွေမြို့ စွမ်းပကားဆန်ဆိုင်မှ ဒေါ်စောအေးမေက "ကုန်ပစ္စည်းမှန်သမျှ အကုန်ဈေးတက်နေတာပါ။ ဆန်လည်းဈေးတက်မှာပေါ့။ လယ်သမားတွေက လယ်ယာလုပ်ငန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကို အခက်အခဲတွေနဲ့ ဈေးကြီးပေးပြီးဝယ်သုံးခဲ့၇တယ်။ ဒီတော့ လယ်သမားလက်ထွက် ဆန်နဲ့စပါးလည်း ဈေးတက်မှာပေါ့" ဟု ပြောသည်။

၇ခိုင်တွင် ပြီးခဲ့သည့်ဇူလိုင်လက ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ကျပ် ၄၂၀၀၀ မှ ၅၂၀၀၀ ကျပ်၊ သီရိဒုံဆန် တစ်အိတ်လျှင် ကျပ် ၃၀၀၀၀ နှင့် ၃၆၀၀၀ ကျပ်၊ စာပစိကောက်လျင် တစ်အိတ်လျှင် ယခင်က ကျပ် ၃၈၀၀၀ ကျပ်၊ မနောသုခဆန် တစ်အိတ်လျှင် ယခင်က ၃၃၀၀၀ ကျပ်အထိသာ ဈေးရှိခဲ့ရှိပြီး ဩဂုတ်လအတွင်း ထပ်မံမြင့်တက်လာခဲ့သည်ဟု သိ၇သည်။

လက်ရှိ ရန်ကုန်တွင်လည်း ဆန်တစ်အိတ်လျှင် ပျဉ်းမျှ ကျပ် သောင်းကျော်မှ သိန်းခန့်အထိ မြင့်တက်နေရာ ၇ခိုင်မှဆန်များကိုလည်း ရန်ကုန်သို့ တင်ပို့မှုများရှိနေသည်ဟု သိ၇သည်။

၇ခိုင်တွင်လည်း ယခုကဲ့သို့ ဆန်ဈေးများ မြင့်တက်လာနေခြင်းနှင့် ပတ်သက်ပြီး စစ်တွေမြို့မှ ဆန်အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက "ရန်ကုန်မှာ ပေါ်ဆန်းမွှေးဆန် တစ်အိတ်ကို သောင်း၊ သောင်းဆိုရင် ၇ခိုင်ပြည်ကဈေးတွေကလည်း ရန်ကုန်ဈေးကို မှီပြီးတက်သွားတယ်။ နောက်ထပ် ဈေးတက်ဖို့။ မတက်ဖို့ကိုတော့ ဘယ်သူကမှ အာမ မခံနိုင်ဘူး။ ဒီလိုအခြေအနေမျိုးနဲ့သာဆိုရင်တော့ နောက်ထပ်လည်း ဆန်ဈေးတွေ တက်လာနိုင်ခြေ ရှိသေးတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင်လက်ရှိဖြစ်ပေါ်နေသည့် ဆန်ဈေးမတည်မငြိမ်မှုကို ထိန်းချုပ်ရန်ခဲယဉ်းနေကြောင်း ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသန်းရွှေက ပြောသည်။

ပြန်ပြီးထိန်းချုပ်နိုင်မလားဆိုတော့ ပြော၇ခဲယဉ်းတယ်ပေါ့နော်။ ကုန်ဈေးနှုန်းတွေ အားလုံးတက်နေတဲ့ အချိန်မှာလေ။ ကုန်ဈေးနှုန်းကလည်းတက်နေတော့ အဲဒါကိုမူတည်ပြီးတော့ ပြောဖို့ကခဲယဉ်းတယ်၊ မှန်းဖို့ခက်ခဲတယ်ပေါ့။ စစ်တွေမြို့ဈေးကွက်မှာဆိုရင်တော့ နယ်ကစစ်တွေမြို့ကို ဆန်အဝင်များရင် ဈေးကကျမယ်၊ နယ်ကဆန်မဝင်ဆိုရင် နည်းနည်းတက်မယ်ပေါ့။ အဲဒါကတော့ အရင်ကနေ ထုံးစံဖြစ်နေပြီပေါ့ဟုပြောသည်။

လက်ရှိဈေးနှုန်းများပြောင်းလဲလျက်ရှိနေသည့် ဆန်ဈေးကွက်သည် စပါး ပြန်ပေါ်လာမည့် အချိန်  ဝါကျွတ်၊ တန်ဆောင်မုန်းလရောက်မှဈေးအနည်းငယ် ပြန်ငြိမ်နိုင်လာသည်ဟုလည်း ဦးသန်းရွှေကဆက်ပြောသည်။

မကြာသေးခင်က ၇ခိုင်တွင် မိုးခေါင်ခဲ့ပြီး စိုက်ပျိုးထားသည့် စပါးပျိုးပင်များ ပျက်စီးခဲ့၇သည့်အတွက် လယ်သမားများတွင် အခက်အခဲဖြစ်ပေါ်နေသလို လာမည့်စပါးပေါ်ချိန်တွင် စပါးအထွက်နှုန်း နည်းနိုင်သည်ဟုလည်း လယ်သမားများက ခန့်မှန်းပြောဆိုနေကြသည်။

၇ခိုင်တွင် ယခုနှစ်စပါးရာသီအတွင်း ဓာတ်မြေသြဇာဈေးနှုန်းများနှင့် ထွန်ယက်စိုက်ပျိုးရန် စက်သုံးဆီဈေးမြင့်တက်မှုတို့ကြောင့် လယ်သမားအများအပြားသည် ၎င်းတို့၏ လယ်ယာလုပ်ငန်းခွင်များကို လုပ်ကိုင်နိုင်ခြင်းမရှိခဲ့ဟု သိ၇သည်။

၇ခိုင်ပြည်တွင် ယခုနှစ်တွင် မိုးရွာသွန်းမှုနည်း ပါး၍ လယ်ယာလုပ်ငန်းများအဆင်မပြေခြင်း၊ ထွန်ယက်စိုက်ပျိုးစရိတ်မြင့်တက်ခြင်း၊ လယ်ယာလုပ်ငန်းအတွက် သွင်းကုန်များဈေးတက်ခြင်း၊ ကုန်ဈေးနှုန်းများလည်း အဆမတန် ဈေးမြင့်တက်နေခြင်း၊ လမ်းပန်းဆက်သွယ်ရေးပိတ်ပင်ထားခြင်း၊ ဆီဈေးများကြီးမြှင့်မှုကြောင့်လယ်သမားများကို ပို၍ အခက်အခဲဖြစ်နေရသည်ဟု သိ၇သည်။ (NN-8/12)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.