Preview

ကျောက်ဖြူတွင် သဘာ၀ဓာတ်ငွေ့သုံးလျှပ်စက်ဓာတ်ပေးစက်ရုံမှ ဆူညံသံ အနီးအနားနေပြည်သူတို့ နားမခံအောင်ဖြစ်နေ

သြဂုတ် ၁၆/ ၂၀၂၂ | ကြည့်ရှုသူ :3740
ရခိုင် သတင်း

နိရဉ္စရာ၊သြဂုတ်လ ၁၆/၂၀၂၂

ကျောက်ဖြူမြို့နယ်အုန်းတောကျေးရွာနှင့် ဂုံးချွန်ကျေးရွာကြားရှိသဘာ၀ဓာတ်ငွေ့သုံး လျှပ်စက်ဓာတ်အားထုတ်စီမံကိန်းစက်ရုံမှဆူညံသံကိုအနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ရွာသားများအနေဖြင့်နားမခံနိုင်အောင်ဖြစ်နေပြီး နေထိုင်ရေး အခက်အခဲဖြစ်နေကြောင်းသိ၇သည်။

အဆိုပါV power အမည်ရှိသဘာ၀ဓာတ်ငွေ့သုံး လျှပ်စက်ဓာတ်အားထုတ်စီမံကိန်းစက်ရုံမှ ဆူညံသံများကြောင့်ရေရှည်တွင် ကျေးရွာများအတွက် ပြဿနာတရပ်ဖြစ်နေပြီး ယခုလိုနေ့စဉ် ရက်ဆက် အသံဆူညံမှုဖြစ်နေပါက ဒေသခံများအနေဖြင့် ၎င်းအသံကိုတာရှည်ခံနိုင်မည် မဟုတ်ကြောင်း အုန်းတော ကျေးရွာမှ ကိုထွန်းဝင်းစိုးက နိရဥ္စရာသို့ပြောသည်။

''အသံတွေဆူညံလွန်းပါတယ်။ အလွန်တရာကို ဆူညံတာပါ။  အဲ့ဒီစက်ရုံက အသံဆူညတာက  (၂)မိုင် (၃)မိုင်ပတ်ဝန်းကျင်ကမခံနိုင်ပါဘူး။ကျနော်တို့ကတော့ မလုပ်နဲ့လို့ မတားလိုပါဘူး အသံမဆူညံအောင် လုပ်ပေးပါလို့ပဲ တောင်းဆိုချင်ပါတယ်'' ဟု ကိုထွန်းဝင်းစိုး ပြောသည်။

လက်ရှိ နားမခံအောင်ဖြစ်နေကြသည့် ကျေးရွာများမှာ အုန်းတောနှင့် ဂုံးချွိန်ကျေးရွာတို့ ဖြစ်ကြပြီး ဂုံးချွိန်ကျေးရွာတွင်အိမ်ခြေ ၈၀၀ ကျော်နှင့် အုန်းတော်တွင် အိမ်ခြေ ၆၀၀ ကျော် ရှိကြောင်း သိ၇သည်။

သာမန်အချိန်မှာတောင်ဆူညံနေပြီး ညဉ့်ဆို အသံကအရမ်းဆိုးတယ်။ကျန်းမာ ရေးမကောင်းတဲ့ လူကြီးတွေကအထူးအခက်အခဲဖြစ်နေတယ်။ ကျန်းမာရေးမကောင်းတဲ့ အချိန်ဆို အရမ်း သိသာပါတယ်။ကျန်းမာရေးမကောင်းတဲ့သူတွေဆို လုံး၀ မခံနိုင်ကြပါဘူး။ပြီးတော့ ဒီဟာက တခဏလေး တစ်ရက် တစ်လ တစ်နှစ်မဟုတ်ဘူး  စက်ရုံ လည်ပတ်နေသရွေ့ ဆူနေမှာ။ ဒီက ဒေသခံတွေအထူးဒုက္ခရောက်နေကြပြီဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အဆိုပါစက်ရုံနှင့် ကပ်လျက်နေရာတွင်  Kyauk Phyu Electric Power Company Limited  မှ Kyauk Phyu Combined CyclePower Plant (135 MW) Project  အမည်ရှိစက်ရုံကိုလည်း ၂၀၂၂ခု နှစ်တွင် ထပ်မံတည် ဆောက်နေပြီးစက်ရုံနှစ်ခုလုံးလည်ပတ်ပါက အနီးပတ်ဝန်းကျင်ရှိကျေးရွာများတွင်လူများ နေထိုင်နိုင်မည်မဟုတ်ကြောင်းကိုထွန်းဝင်းစိုးကပြောသည်။

ကျောက်ဖြူ မြို့အခြေစိုက်Center for Peace and Development (CPD) အဖွဲ့မှ ထုတ်ပြန်ချက်တွင် အဆိုပါ V powerအမည်ရှိသဘာ၀ဓာတ်ငွေ့သုံး လျှပ်စက်ဓာတ်အားထုတ်စီမံကိန်းစက်ရုံ ကို၂၀၁၉ ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး၂၀၂၁ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစက်ရုံမှစက်အလုံးရေ (၉၆)လုံးဖြင့် ( ၁၅၀ )မီဂါဝတ်ထုတ်လုပ်မည်ဖြစ်ပြီးလက်ရှိတွင်စက်အလုံးရေ (၇၈)လုံးဖြင့် (၁၃၀) မီဂါဝတ် ထုတ်လွှတ်နေကြောင်းသိ၇သည်။

အဆိုပါစက်ရုံများသည် သဘာ၀ပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်ခြင်းဆိုင်ရာအစီရင်ခံစာ (EIA) ကို ၂၀၂၀နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သော် လည်း ဒေသခံများ၏ လူမှုရေးဆိုင်ရာထိခိုက်နိုင်မှုနှင့်ကျောက်ဖြူချောင်း၏ရေအရင်းအမြစ်ပျက်စီးနိုင်မှုကို ထည့်သွင်းပြီး သုတေသနပြုလုပ်ထားသည် ကိုမတွေ့၇ကြောင်း CPD အဖွဲ့ က ထုတ်ပြန်ထားသည်။ (NN-16)


(ဓာတ်ပုံ-ကျောက်ဖြူ မြို့နယ် အုန်းတော နှင့် ဂုံးချွိန်ကျေးရွာကြားရှိ V Power စက်ရုံပုံ)

#လျှပ်စစ်မီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.