Preview

၇ လကျော်အတွင်း ဓားထိုးမှု ၁၉ကြိမ်နှင့် ဓာထိုးခံ၇၍သေဆုံးသူ ၁၁ ဦးအထိရှိလာသော စစ်တွေမြို့လုံခြုံရေး စိုးရိမ်စရာဖြစ်လာနေ

သြဂုတ် ၁၆/ ၂၀၂၂ | ကြည့်ရှုသူ :5549
ရခိုင် သတင်း

နိရဉ္စရာ၊ ဇူလိုင် ၁၆/၂၀၂၂

လက်ရှိစစ်ကောင်စီအုပ်ချုပ်ရေးမှုအောက် စစ်တွေမြို့၏ လုံခြုံရေးအခြေနေမှာတစ်နေ့ထက် တစ်နေ့ဆိုးရွားလာနေပြီး ယမန်နေ့က ရခိုင်ပြည်နယ်အစိုးရရုံးအနီး အမျိုးသမီးငယ်တစ်ဦး ဓားထိုးသေဆုံးမှု အပါအဝင် ခုနှစ်လကျော်အတွင်း ဖြစ်ပွားခဲ့သည့် ဓါးထိုးမှုမှာ၁၉ ကြိမ်၊ ဓားထိုးခံ၇၍ သေဆုံးသူ ၁၁  ဦး၊ ဒဏ်ရာ၇သူ ၈ ဦးအထိရှိကြောင်း သိ၇သည်။

၎င်းဖြစ်စဉ်များမှာ  ယခုနှစ်ဇန်နဝါရီလမှစ၍သြဂုတ်လ ၁ရက်နေ့အထိဖြစ်ပြီး  ၇ လကျော် ကာလအတွင်းဖြစ်ပွားခဲ့သည့် ဓားထိုးမှုနှင့်သေဆုံးမှုဖြစ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏ မှတ်တမ်း စာရင်းအရသိ၇သည်။

ယခုကဲ့သို့ ဓားထိုးမှု အပါအဝင် နေ့စဉ်ဆိုသလို ခိုးဆိုး၊လုယက်မှုများပါဖြစ်လာနေသည့်အတွက် မြို့တွင်းနေ ပြည်သူများမှာ ညက်တစ်ဦးတည်းပင်နေအိမ်အပြင်သို့ မထွက်ဝံ့ဖြစ်နေကြပြီး ထွက်လျှင်လည်း အဖော်များဖြင့်သာထွက်နေ၇သည်ဟု စစ်တွေမြို့ခံ မအောင်မြင့်သန်းကနိရဉ္စရာသတင်းဌာနကိုပြောသည်။

ဒီလိုမျိုးဖြစ်နေကြတာကြားတော့တစ်ယောက်တည်းတော့ မသွားဖြစ်တာများတယ် ုတလော။ဒီလိုမျိုး ကြားနေရတယ်၊မြင်နေ၇တယ်ဆိုတော့၊ တခုခုများ ကိုယ်များဖြစ်သွားမလား၊ ဒီလိုမျိုး ခံစားမိတယ်။ လမ်းမှာ လူတစ်စုမြင်ရင် သူကဒီဘက်မှာဆိုရင် ကိုယ်က ဟိုဘက်က ပတ်သွားတယ်။ အခုဆိုရင် အရင်ကထက် ိုကြောက်လာတယ်။ အရင်ဆိုအိမ်မှာနေရင် တံခါးကို သော့တောင် မခတ်ဘူး။ အခုဆိုရင်သော့ခတ်ပြီးတော့နေတယ်ဟုပြောသည်။

ယမန်နေ့သြဂုတ် ၁၅ ရက်ကဆိုလျှင်လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးတွင် နေ့ခင်း ကြောင်တောင် ဆိုလာနှင့်လျှပ်စစ် ပစ္စည်းအရောင်းတစ်ခုမှ အရောင်းဝန်ထမ်း မိန်းကလေးငယ် ၁ ဦး ဖုန်းလုယက်ခံရကာ ဓားထိုးခံ၇ပြီး သေဆုံးသွားခဲ့သည်။

စစ်တွေတွင်ခိုးဆိုးလုယက်မှုများ များလာနေရသည့်အကြောင်းအရင်းမှာ အုပ်ချုပ်မှုယန္တရား လျော့ရဲလာသည်ကတစ်ကြောင်း၊မူးယစ်ဆေးဝါး အလွယ်တကူ ရောင်းဝယ်ဖြန့်ကားနေသည်က တစ်ကြောင်းနှင့်ဆင်းရဲခြင်းနှင့်ချမ်းသာ အလွန်တရာ ကွာဟမှုများ နေသည်က တစ်ကြောင်း  တို့ကြောင့် ဖြစ်လာခြင်းဖြစ်သည်ဟုစစ်တွေမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

ချမ်းသာတဲ့သူတွေကအလျှံအပယ် ချမ်းသာပြီးတော့ ဆင်းရဲတဲ့သူတွေက ထမင်းတစ်နပ်တောင် မမှန်တဲ့အနေအထားမျိုး စစ်တွေမှာ ရှိလာနေတယ်။ ဒီလို အခြေအနေမျိုးမှာ မူးယစ်ဆေးဝါးတွေကကြိုက်သလိုဝယ်၊ ကြိုက်သလို သုံးလို့ရနေတော့ ပိုဆိုးလာတယ်။ ဒီလို အခြေခံအကြောင်းအရင်းတွေကြောင့် ိုးဆိုးလုယက်တာတွေဖြစ်လာတာလို့သုံးသပ်လို့၇တယ်ပေါ့ဟုပြောသည်။

ယခုနောက်ပိုင်း ခိုးဆိုးလုယက်မှုဖြစ်စဉ်များမှာ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဖြစ်ပွားသည့် မှုခင်းများဖြစ်နေသည်ကို တွေ့ရှိ၇သဖြင့်မူးယစ်ဆေးဝါးကို  ကြပ်ကြပ်မတ်မတ် ထိန်းချုပ်ရန် လိုအပ်သည်ဟုပြောဆိုသည်။

လက်ရှိ စစ်တွေမြို့၏အုပ်ချုပ်ရေးသည် စစ်ကောင်စီလက်အောက်တွင်သာရှိနေသေးသဖြင့် ပြည်နယ်ကောင်စီ၊ ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် စိတ်ကြွးဆေးပြားများကို နေရာအနှံ့အပြားတွင်လွယ်လွယ်ကူကူ ဝယ်ယူ၍ ရရှိနေသည်ကို ပြတ်ပြတ်သားသား နှိမ်နှင်းသင့်သည်ဟု ၎င်းက ပြောဆိုသည်။

၎င်းပြင် စစ်တွေမြို့ရှိ အများပြည်သူများသွားလာနေသည့် ကမ်းနားလမ်း၊ ရှုခင်းသာလမ်း ပလက်ဖောင်းများအပါအဝင်ပွိုင့်ကမ်းခြေ ူစည်ကားသည့်နေရာများတွင် အရက်သေစာ ဝိုင်းဖွဲ့စားသောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းများကိုစစ်ကောင်စီ တာဝန်ရှိသူများအနေဖြင့် မပြုလုပ်ရန်တားမြစ်သင့်သည်ဟု ၎င်းက ပြောဆိုသည်။

ယခုကဲ့သို့ ဖြစ်ပေါ်နေသော အခြေအနေများကြောင့် ယခင်က  စနေ၊တနင်္ဂနွေအားလပ်ရက်များတွင် အပန်းဖြေ အနားယူရန် သွားတတ်ကြသည့် BXT ကိုးရီးယားဆိပ်ကမ်း၊ပွိုင့်ကမ်းခြေ၊ စစ်တွေဟိုတယ်ကမ်းခြေနှင့် လောကနန္ဒာ ဘုရားတို့တွင်လည်းလူသူအရောက်အပေါက် နည်းလာပြီးမြို့ခံများအနေဖြင့်  ယခင်ကကဲ့သို့လွတ်လွတ်လပ်လပ် မသွားရဲဖြစ်နေကြသည်ဟု ဆိုသည်။

စစ်တွေတွင် ယခုနောက်ပိုင်းခိုးဆိုး၊ လုယက်မှုများများလာ၇ခြင်းမှာ ကျူးကျော်မြေ(နာဇီရွာ၊ရွာသာယာ၊ သုဿာန်မြေ၊ ရထားလမ်းဘေး)များတွင် အစိုး၇မှ လွတ်ငြိမ်းချမ်းသာခွင့်များဖြင့် လွှတ်ပေးလိုက်သည့်ဒုစရိုက်သမားများ၊ ပြည်မက်မှဒုစရိုက်ခေါင်းဆောင်များနှင့်  မြို့နယ်ပေါင်းစုံမှ စရိုက်ပေါင်းစုံလူများကအခြေချနေထိုင်နေကြခြင်းကြောင့်ဖြစ်သည်ဟု မြို့ခံများ ဝေဖန် ပြောဆိုမှုများလည်း ထွက်ပေါ်နေသည်။

အများအားဖြင့် စက်ရုံရပ်ကွက်၊နာဇီရွာ မီးလောင်ကွင်းတွင် ဒုစရိုက်သမားများမှာ သာမာန် အရပ်သားပြည်သူများအကြား မှောင်ခိုဂိုဏ်းဖွဲ့ကာနေထိုင်လျက်ရှိသည်ဟု နိရဉ္စရာမှ စုံစမ်းသိရှိ၇သည်။

သူခိုးအများစုသည် နေအိမ်များနှင့်လမ်းဘေးတွင်ရပ်ထားသည့် တန်ဖိုးကြီးဆိုင်ကယ်များနှင့် ဖုန်းများကိုပစ်မှတ်ထားကာ ခိုးယူနေကြခြင်းဖြစ်ပြီး လမ်းတွင်လည်း ဖုန်းနှင့်ပိုက်ဆံအိတ်များကို မကြာခဏဆိုလို ဓားထောက်လုယူခြင်းများ၊ ဆိုင်ကယ်များဖြင့်ဆွဲယူလုယက်ခြင်းများ၊  ဆိုင်များမှ ပစ္စည်းတခုခုကိုမေးမြန်း ယောင်ဆောင်ကာလက်ကိုင်ဖုန်းများ၊ ပိုက်ဆံအိတ်များကို ခိုးယူ၊ လုယူခြင်းများ ရှိနေသည်ဟုသိ၇သည်။  

ညဖက်ဆိုလျှင်လည်း လူပြတ်သည့်နေရာများတွင်အကူအညီလိုသည့်ဟန်ဖြင့်လက်တားကာ ပါလာသည်များကို ဓား၊တုတ်ကိုင်ဆောင်ကာ လုယက်ခြင်းများလည်းရှိသည်ဟု သိ၇သည်။

ယင်းဖြစ်စဉ်များကြောင့် စစ်တွေတွင်ညဖက်၌ လူသွားလူလာနည်းပြီး နေ့က်ဆိုလျှင်လည်း ဖုန်းနှင့်ပိုက်ဆံအိတ်များကိုအရေးတစိုက်ကိုင်ဆောင်ကာ သွားလာနေ၇ကြောင်း မြို့ခံများကပြောသည်။ (NN-3)

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.