English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
ကျောက်တော် အပေါက်၀ရွာရှိ နေအိမ်တစ်အိမ်မှ ရွှေ ၁၀ ကျပ်ကျော်နှင့် ငွေကျပ်သိန်း ၁၀၀ ခန့်အခိုးခံရ
သြဂုတ် ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :6786
ရခိုင် သတင်း
နိရဥ္စရာ၊ သြဂုတ် ၁၇/၂၀၂၂
၇ခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်၀ကျေးရွာရှိ နေအိမ်တစ်အိမ်မှ ရွှေ ၁၀ ကျပ်ကျော်နှင့် ငွေကျပ်သိန်း ၁၀၀ ခန့် ယမန်နေ့ညက အခိုးခံလိုက်ရသည်ဟု သိ၇သည်။
အခိုးခံလိုက်၇သည့်အိမ်မှာ အပေါက်၀ကျေးရွာ ချောင်း၀ရပ်ကွက်ရှိ အင်္ဂလိပ်ရေကန်အနီးမှ ဒေါ်ချိုချို၏နေအိမ်ဖြစ်သည်။
သူမသည် သမီးငယ်ဖြစ်သူနှင့်အတူ ယမန်နေ့ သြဂုတ်လ ၁၆ ရက် ညက သူမ၏နေအိမ်မှ အနည်းငယ်အလှမ်းဝေးသည့် မိခင်ဖြစ်သူ၏နာရေးအိမ်သို့သွားပြီး ညဥ့် ၂ နာရီခန့်တွင် နေအိမ်သို့ပြန်လာစဉ် အခိုးခံလိုက်ရခြင်းဖြစ်သည်ဟု ယနေ့နံနက်က သူမတို့အိမ်သို့ သတင်းသွားမေးခဲ့သည့် ဒေသခံတစ်ဦးက နိရဥ္စရာကိုပြောသည်။
“သူ့အမေရဲ့ အသုဘကနေ ညဥ့် ၂ နာရီလောက်မှာ ပြန်လာတော့ အထဲခန်းမှာ သေတ္တာ ၂ လုံးရှိတယ်။ ၂ လုံးမှာ အောက်ကသေတ္တာမှာ ရွှေနဲ့ ပိုက်ဆံတွေရှိတယ်ပေါ့။ အဲဒါကို ဝင်ယူပြီးတော့ ပစ္စည်းတွေကို အားလုံး ဖွထားကြပြီ။ အဲလိုဖြစ်တာ။ ရွှေ ၁၀ ကျပ်ကျော်ကျော်နဲ့ သိန်း ၁၀၀ လောက်ပါသွားတယ်လို့ ပြောတယ်”ဟု ပြောသည်။
အခိုးခံလိုက်ရသည့်ကာယကံရှင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသည်။
အထက်ပါဒေသခံက “သူ ပြောတာကတော့ ဘယ်သူ ဘယ်ဝါဆိုတာကို ရိပ်မိတယ်လို့ ပြောတယ်။ လက်ရှိမှာတော့ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေကို တိုင်ထားတယ်”ဟု ပြောသည်။
အဆိုပါရွှေထည်ပစ္စည်းများနှင့် ပိုက်ဆံများကို ပြည်ပတွင် အလုပ်လုပ်နေသည့် သူမ၏အမျိုးသားဖြစ်သူနှင့် သားဖြစ်သူတို့၏လုပ်အားခများနှင့် စုဆောင်းထားခြင်းဖြစ်သည်ဟု သိ၇သည်။
အဆိုပါနေအိမ်တွင် ဒေါ်ချိုချိုနှင့် သမီးငယ်ဖြစ်သူတို့ ၂ ဦးတည်းနေထိုင်ကြသည်ဟုလည်း သိ၇သည်။
လက်ရှိ ရခိုင်တွင် ခိုးဆိုးလုယက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေသည့်အတွက် အသွားအလာဆင်ခြင်ပြီး မိမိတို့၏ပစ္စည်းဥစ္စာများကို ဂရုတစိုက်ထိန်းသိမ်းထားသင့်သည်ဟုလည်း ဒေသခံများက ပြောဆိုနေကြသည်။
ဓာတ်ပုံ - ရွှေနှင့် ပိုက်ဆံများ ခိုးယူခံလိုက်ရသည့်နေအိမ်နှင့် သူခိုးတွင်ကျန်ရှိခဲ့သည့်လက်နက်ပစ္စည်းတစ်ခုအား ယနေ့ သြဂုတ်လ ၁၇ ရက် နံနက်က တွေ့၇စဉ်။
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.