ရခိုင်လွှတ်တော်အမတ် (၃၅)ဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်နှင့်နိုင်ငံရေးအဆင့်ရှိသူ (၉၄၁)ဦးကို စစ်ကောင်စီမှ နိုင်ရေးပင်စင်ငွေထုတ်ပေး


နိရဉ္စရာ သြဂုတ် ၁/၂၀၂၀၂၂

 

ရခိုင်အမျိုးသားပါတီ အပါအဝင် ရခိုင်ကလွှတ်တော်ကိုယ်စားလှယ် (၃၅)ဦးကိုတခြား မြန်မာနိုင်ငံဒေသအသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်နှင့်နိုင်ငံရေးအဆင့်ရှိသူ (၉၀၆ )ဦးနှင့်အတူ စစ်ကောင်စီမှ နိုင်ရေးပင်စင်အဖြစ် ငွေကျပ်(၄၀၄၀) သန်းကို ပေးအပ်ခဲ့ကြောင်း သြဂုတ်လ (၁၆)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

 

ကျောက်ဖြူ မြို့နယ် ပြည်နယ်လွှတ်တော် အမှတ်( )လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက '' ပြည်နယ် လွှတ်တော်ညွှန်မှူးရုံးက လျှောက်လွှာပေးပို့လာပါတယ်။ အဲ့ဒါကို ဖြည့်စွက်ပြီး ပြန်ပို့ပေးရပါတယ်။ ပြည်နယ်အဆင့်က ၂၄သိန်း၅သောင်း ၈ထောင် ၃၃၃ကျပ်နှင့် ၃၃ပြား ရပါတယ် ။ မြန်မာ့စီးပွားရေးဘဏ်က ထုတ်ယူရပါတယ်''ဟု နိရဉ္စရာသို့ ပြောသည်။

 

ထိုသို့ နိုင်ငံရေးပင်စင်ပေးရာတွင် ပြည် ထောင်စု အဆင့်ပုဂ္ဂိုလ်များကို သိန်း၅၀ ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်များကို ၂၅ သိန်းပေးအပ် ကြောင်း ဦးဖိုးစံကပြော သည်။

 

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ''နိုင်ငံရေးပင်စင်ပေးတာကို ကျနော်တို့ ကတော့ လွန်ခဲ့တဲ့ ၃လ လောက်ကတည်းက ရထားပြီးပါပြီ။ ဒီနိုင်ငံရေးပင်စင်ကို စစ်ကောင်စီက ပေးတယ်လို့ ပြောလို့မရပါဘူး အရင်ကတည်းက ဥပဒေ ၊ နည်းဥပဒေတွေ သတ်မှတ်ထားပြီးသားရှိပါတယ်'' ဟု နိရဉ္စရာကို ပြောဆိုသည်။

 

ရခိုင်ပြည်နယ်မဲဆန္ဒနယ်မြေ အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နှင့် ရခိုင်အမျိုးသားပါတီ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်နိုင်က ထိုသို့နိုင်ငံရေး ပင်စင်ပေးအပ်နေသည်ကို မသိရသေးကြောင်းနှင့် ထိုကိစ္စနှင့်ပတ်သက်၍ မပြောလိုသေးကြောင်း နိရဉ္စရာသို့ပြောသည်။

 

ထိုသို့ နိုင်ငံရေးပင်စင်ပေးရာတွင် နိုင်ငံရေးသတ်မှတ်မှုနှင့်ကိုက်ညီသည့် ပြည်ထောင်စု အဆင့်(၉)ဦး၊တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်(၅၀)ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၅၂) ဦး ၊အမျိုး သားလွှတ်တော်ကိုယ်စားလှယ် (၈၈)ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၉၂) ဦး စုစုပေါင်း (၄၉၁)ဦးကို လျှောက်ထား တင်ပြလာမှုများကို စိစစ်၍ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါနိုင်ငံရေးပင်စင်ခံစားခွင့်တင်ပြလာသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ( ၂၁၇) ဦး၊ ကြံခိုင်ရေးပါတီမှ (၉၈)ဦး ၊တစ်သီးပုဂ္ဂလနှင့်နိုင်ငံရေးပါတီဝင်မဟုတ်သူ( ၅၆) ဦး နှင့် အခြားပါတီများမှ ၁၂၀ ဦးပါဝင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

Share: