Preview

ရခိုင်ကမ်းရိုးတန်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်

သြဂုတ် ၁၈/ ၂၀၂၂ | ကြည့်ရှုသူ :10018
ရခိုင် သတင်း

နိရဉ္စရာ၊ သြဂုတ်၁၈/၂၀၂၂

ယနေ့ သြဂုတ်လ၁၈ရက်၊ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်များအ၇ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသောဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင်လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး ၎င်းလေဖိအားနည်းရပ်ဝန်းသည် နောက် (၃၆) နာရီအတွင်းမုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်လာနိုင်သည်ဟုမြန်မာနိုင်ငံမိုး/ဇလက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီဌာနက ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ကထုတ်ပြန်ထားချက်အ၇ ၎င်းလေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည်အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး နောက် ၁၂ နာရီအတွင်းပိုမိုအားကောင်းလာနိုင်ပြီး အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well MarkedLow Pressure Area) အဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု ဆိုသည်။

လေဖိအားနည်းရပ်ဝန်း(LowPressure Area) ၏အရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအားအလွန်ကောင်းနေပြီး ယနေ့ မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း မိုးလေ၀သခန့်မှန်းချက်မှာမြန်မာနိုင်ငံမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်လာနိုင်သည်ဟု သိ၇သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာမိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၄၀) အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတစ်လျှောက်နှင့်ကမ်းလွန် ပင်လယ်ပြင်တို့တွင်(၉)ပေမှ (၁၃)ပေခန့်ရှိနိုင်သည်ဟုမြန်မာနိုင်ငံ မိုး/ဇလက ထုတ်ပြန်ထားသည်။
မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့် သဘာ၀ဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင်နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့်ပြည်တွင်း ရေကြောင်းသွားလာရေးနှင့်လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါသည်ဟု မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ နံနက်၁၀ နာရီခွဲက ထုတ်ပြန်ထားသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်းကြောင့် ရွေပြည်တန်အမြန်ရေယာဉ်လိုင်းခရီးစဉ်ဖြစ်သည့် စစ်တွေ-ကျောက်ဖြူ-တောင်ကုတ်-မာန်အောင် ခရီးစဉ်များနှင့် ယနေ့နေ့ခင်းပိုင်းတွင်ထွက်မည့် ခရီးစဉ်များကို ရပ်ထားလိုက်ပြီဟု ရွှေပြည်တန် အမြန်ယာဉ်  မန်နေဂျာ ဦးစံမော်သိန်းကနိရဉ္စရာကိုပြောသည်။


NN-3

#မုန်တိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.