နိရဉ္စရာ၊သြဂုတ် ၁၉/၂၀၂၂
တကျော့ပြန် စစ်ရေးပြင်းထန်လာသည့် ၇ခိုင်တွင်မြို့နယ်အများအပြား၌စစ်ကောင်စီက တပ်အင်အားကို အလုံးအရင်းဖြင့်တိုးချကာ အင်အားဖြည့်တင်းနေပြီး တစ်ဖက်တွင်လည်းရက္ခိုင့်တပ်တော်( AA)မှာ ယခင်ကထက် အဆပေါင်းများစွာအင်အားရှိလာ၍ ၇ခိုင်စစ်ပွဲမှာ ယခက်ကထက် ပိုမိုပြင်းထန်လာနိုင်သည်ဟု ၇ခိုင်အရေးလေ့လာသုံးသပ်သူ ဝါရင့်နိုင်ငံရေးသမားမြေပုံမြို့နယ်ပြည်သူ့လွှတ်တော်
“ စစ်ကောင်စီတပ်က ကမ္ဘာမှာရော၊ ကိုယ့်နိုင်ငံအထဲမှာရော စစ်ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံအကြပ်အတည်းနဲ့ ရင်ဆိုင်နေ၇ချိန် ဖြစ်တယ်။ စစ်ရေး၊ နိုင်ငံရေး အားလုံးအဘက်ဘက်က ကျဆင်းနေတဲ့အခြေအနေမျိုးမှာ ၇ခိုင်ပြည်စစ်မျက်နှာ
စစ်ကောင်စီက ၇ခိုင်တွင်စစ်တပ်အင်အားတိုးချနေမှုမှာ ရခိုင်ပြည်စစ်မျက်နှာကိုပိုထိန်းနိုင်ရန်အတွက်အားစိုက် လုပ်ဆောင်နေခြင်း ဖြစ်ပြီး ၇ခိုင်ပြည်စစ်မျက်နာကို စိုးရိမ်နေပုံ၇သည်ဟုဆိုသည်။
"သူတို့ (စစ်ကောင်စီ)က တခြား ဒေသတွေထက်၇ခိုင်ပြည်စစ်မျက်နှာကို ပိုပြီး ထိန်းဖို့လိုတယ်လို့ ယူဆပုံ၇ပါတယ်။ PDF လှုပ်ရှားမှုတွေကျတော့မြို့ပေါ်မှာ ဖြစ်နေတယ်။ သူတို့အနေနဲ့ နိုင်နိုင်နင်းနင်း ကိုင်တွယ်နို
လက်ရှိတိုက်ပွဲမှာ လွန်ခဲ့တဲ့ ၂နှစ်လောက်က စစ်ရေးအခြေအနေမျိုးကို ပြန်ရောက်နိုင်သော်လည်း ယခင်ကထက် ပြင်းထန်ပြီး စစ်ကောင်စီကယခင်ကကုန်းတပ်ကို အဓိက ထားတိုက်ခိုက်နေရာမှ နောက်လာမည့်တိုက်ပွဲများတွင် ကုန်းတပ်ကိုအရန်ထားကာ လေတပ်၊ ရေတပ်နှင့် အဝေးပစ် အမြောက်များကို အဓိကထားသုံးလာနိုင်သည်ဟု ဦးဖေသန်းကသုံးသပ်ပြောဆိုသည်။
၇ခိုင်နှင့် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တို့တွင် ဩဂုတ် ၂ ရက်နေ့ကစကာ တိုက်ပွဲများဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက အင်အားများအလုံးအရင်းဖြင့် ဖြည့်တင်းနေခဲ့ရာ သြဂုတ် ၁၇ ရက်နေ့ နံနက် (၉) နာရီခန့်ကဘူးသီးတောင်အခြေစိုက် ခလ၇ (၂၃၄) တပ်ရင်းကို စစ်ရဟတ်ယာဉ်ဖြင့်စစ်တပ်အင်အားဖြည့်တင်းခဲ့ပြီး အမြောက်တပ်ရင်း (၃၇၈) မှ မောင်တောဘက်သို့ စစ်သားအင်အား၃၀ ခန့်နှင့် လက်နက်ကြီးများတင်ဆောင်လာသည့်စစ်ကား ၃ စီး ပို့ဆောင်ခဲ့ကြောင်း ဘူးသီးတောင် ဒေသခံတစ်ဦးက ပြောသည်။
"စစ်၇ဟတ်ယာဉ်နဲ့ စစ်အင်အားလာချတာတွေ့တယ်။ပြီးတော့ (၃၇၈) တပ်ကနေလည်း လက်နက်ကြီးတွေ တင်ပြီး စစ်သား၃၀ လောက်ပါမယ်တစ်စီးမှာ ၃ စီးသွားတာတွေ့တယ်။ မောင်တောဘက်ကိုထွက်သွားတာပါ"ဟု ပြောသည်။
ယင်းအပြင် ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် မြေပုံမြို့ကို ရေတပ်ဇက်သင်္ဘောနှင့် စစ်တပ်အင်အား၁၀၀ကျော်ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
မျက်မြင်ဒေသခံတစ်ဦးက"မနေ့က ၁၁နာရီလောက်မှာ ဇက်နဲ့ တပ်သားလာချတာတွေ့၇ပါတယ်။ အင်အားက ၁၀၀ ကျော်လောက်ရှိမယ်ထင်တယ်။ဇက်ကနေတဆင့် စက်လှေတွေနဲ့တင်ကြတာ" ဟု ပြောသည်။
အဆိုပါဇက်သင်္ဘောသည် ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်ကစစ်တွေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်
ဇူလိုင်လ ၄ရက်နေ့ ထိုင်း - မြန်မာနယ်စပ် ကရင်ပြည် KNU တပ်မဟာ(၅) နယ်မြေတွင် တည်ရှိသည့် AA တပ်စခန်းတစ် ခုကိုစစ်ကောင်စီက လေယာဉ်နှစ်စီးနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး AA တပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့၇ကာ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ယင်းနောက်ပိုင်းနှစ်ဖက် ဆက်ဆံရေး ပျက်ပြားပြီး စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခြင်းဖြစ်သည်။
ဇူလိုင်လ၁၉ ရက်နေ့တွင် AA က လက်တုန့်ပြန်သည့်အနေဖြင့် မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတက်ဘက်က အထိနာခဲ့ကာ လက်ရှိ ဖြစ်ပွားခဲ့သည့် ၇သေ့တောင်မြို့နယ် ဒုံးပိုက်အနီးမေယုတောင်တိုက်ပွဲ၊ မောင်တောတောင်ပိုင်း ကျောက်ပန္တူတိုက်ပွဲ၊ မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်တိုက်ပွဲနှင့် ပလက်၀မြို့နယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက် အထိနာအကျဆုံးများခဲ့သည်ဟု သိ၇သည်။
ရက္ခိုင့်တပ်တော်(AA)ကလည်း အဆိုပါ တိုက်ပွဲများမှ သိမ်းဆည်းရမိသည့်လက်နက်အများအပြားကို ဓာတ်ပုံနှင့်တကွလူသိရှင်ကြား ထုတ်ဖော်ပြသခဲ့ရာ စစ်ကောင်စီအတွက် အရှက်ရစရာဖြစ်ခဲ့ပြီးနောက် ပြည်သူများ အသုံးပြုနေသည် ကားလမ်း၊ ရေကြောင်းလမ်းများကိုပိတ်ဆို့ထားသဖြင့် အများပြည်သူများမှာ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရှိ၇သည်။(NN-7)