ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် လူ၃ဦးက ကျောက်ဖြူမှလယ်သမား ၂၂ဦးပိုင်မြေကို (လ/န -၃၉) ဖောက်လိုက်သဖြင့် ၎င်းလယ်သမားများမှာကျုးကျော်သူများအဖြစ်ဖြင့် တရားစွဲခံရနိုင်ဖွယ်ရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 7k

နိရဉ္စရာ ၊ သြဂုတ် ၁၉ /၂၀၂၂

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း(SEZ) ကို လက်ရှိတွင် အကောင်အထည်ဖော် ဆောင်ရွက်နေရာ ကျောက်ဖြူမြို့နယ်မှ လယ်သမား (၂၂)ဦးမှာ သူတို ဘိုးဘွားပိုင်လယ်မြေကို သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် လူ ၃ဦးက အခြားမြေအဖြစ်သုံးစွဲပိုင်ခွင့် (လ/န -၃၉) ဖောက်လိုက်သဖြင့်  ၎င်းတို့ပိုင်လယ်မြေအတွက်လျော်ကြေးတစုံတရာ မရရှိသည့်အပြင် ကျူးကျော်သူများအဖြစ်ဖြင့် တရားစွဲခံရမည်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း တင်းရရှိသည်။

၎င်းလယ်သမား ၂၂ ဦးပိုင် မြေထဲမှာ  (၆၁.၆၀)ဧကရှိပြီး  လက်ရှိတွင်၎င်းလယ်မြေကို ယခင်သမ္မတဟောင်း ဦးသိန်းစိန်၊ ဦးလှမျိုး၊ ဇော်မိုးဝင်းတို့မှ အခြားမြေအဖြစ်သုံး စွဲပိုင်ခွင့် (လ/န -၃၉) အမည်ဖောက်လိုက်ပြီဟု သိရသည်။

၎င်းအတွက် မူလပိုင်ရှင် လယ်သမား (၂၂) ဦးမှာ လယ်မြေများ ဆုံးရှုံးရမည့်အပြင် ကျူးကျော်သူများ အဖြစ်သတ်မှတ်ခံထားရပြီး တရားစွဲဆိုခံရမည့်အနေအထားနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဒေသ တောင်သူလယ်သမား လူမှုစီးပွားဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်းက '' ကြတ္တိန်နဲ့ သိုင်းချောင်အုပ်စုက လယ်သမား (၂၂) ယောက်ကို တရားစွဲဖို့ အစိုးရတာဝန်ရှိသူတွေက စီစဉ် လုပ်နေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် သိရပါတယ် ။ လက်ရှိ အမည်ပေါက်နေတဲ့သူတွေကို ကျွန်တော်တို့ သိတောင်မှ မသိပါဘူး ဘယ်ကလာပြီး ဘယ်လို အမည်ပေါက်သွားသလဲဆိုတာ ကျွန်တော်တို့လည်း မသိဘူး'' ဟု ၎င်းက နိရဉ္စရာသတင်းဌာကို ပြောသည်။

လက်ရှိတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း(SEZ) စီမံကိန်းတည်ဆောက်ရန်အတွက် ကျောက်ဖြူမြို့နယ် သိုင်းချောင်း၊ ကြတ္တိန်၊ကပ်သပြေနှင့် ကန္ဒီးကျေးရွာအုပ်စုများမှ လယ်သမား (၇၂)ဦးပိုင် မြေဧက (၂၅၀)ကို အစိုးရမှသိမ်းဆည်းပြီး အခြားမြေအဖြစ်သုံးစွဲပိုင်ခွင့် (လ/န -၃၉) ပြုလုပ်လိုက်ပြီဟု သိရသည်။

အဆိုပါမြေဧက ၂၅၀ တွင် လယ်မြေဧက (၉၀.၄၀) ဧက၊ ဥယျဉ်မြေ( ၂၉.၃၃) ဧက ၊ မြေလွတ်မြေရိုင်း (၆၈.၆၆) ဧက၊ (လ/န-၃၉) ကျပြီးမြေ (၆၁.၆၀) ဧက ပါရှိသည်။

၎င်းလယ်မြေများကို  စစ်အစိုးရက တစ်ဧကလျှင် ကျပ် (၁၈) သိန်းနှုန်းဖြင့် လျော်ကြေးပေးသွားမည်ဟု သိရသည်။

''နိုင်ငံတော်အစိုးရက ၁၈ သိန်းလျော်ကြေးပေးမယ်ပြောပါတယ်။ ကျူးကျော်လို့ သတ်မှတ် ခံထားရသူတွေတော့ လျော်ကြေး မရပါဘူးတဲ့။ အဲ့လိုဆို ကျွန်တော်တို့ က လက်မခံပါဘူး။ သူ့တို့ စီမံကိန်းကို ကျနော်တို့ ကန့်လည်း မကန့်ကွက်ဘူး ထောက်လည်း မထောက်ခံဘူး။ ကျွန်တော်တို့ မြေတွေအတွက် ခေတ်ကာလတန်ကြေးအတိုင်းပေးရင်တော့လက်ခံကြမှာပါ။ တစ်ဧက ကို (၁၈)သိန်းနဲ့တော့မရပါ ''ဟု ဦးလှသိန်းက ဆက်ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း(SEZ)သည် တရုတ်၏ ရပ်ဝန်းတစ်ခု လမ်းကြောင်း တစ်ခု(OBOR)စီမံကိန်း၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တရုတ်အစိုးပိုင် CITIC consortium အုပ်စုက အဓိက လုပ်ကိုင်နေသည်။

၎င်းကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း(SEZ) အတွက် လူထု ဆွေးနွေးပွဲတစ်ခုကို ကျောက်ဖြူတွင် ဩဂုတ် ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။ (NN-16)

ဆက်စပ် သတင်းများ