Preview

ရာသီဥတုကြောင့်ခရီးသည်အသွားအလာနည်း၍ စစ်တွေဈေးကြီးဖောင်တော်ဆိပ်ရှိ ကူးတို့ သမ္ဗာန်သမားများ စားဝတ်နေရေးအဆင်မပြေဖြစ်

သြဂုတ် ၂၁/ ၂၀၂၂ | ကြည့်ရှုသူ :7414
ရခိုင် သတင်း

နိရဥ္စရာ၊သြဂုတ် ၂၁၊၂၀၂၂

ရခိုင်ပြည်၊စစ်တွေမြို့ ဈေးကြီးဖောင်တော်ဆိပ်ရှိ သဗ္ဗာန်သမာများမှာ ရာသီဥတုအခြေအနေကြောင့် ခရီးသည်များအသွားအလာနည်း၍ မိသားစုများ စားဝတ်နေရေး အဆင်မပြေဖြစ်နေချိန်တွင် တစ်ဘက်တွင်လည်း စက်သုံးဆီဈေးနှုန်းလည်းမြင့်တက်လာသဖြင့် လုပ်ကိုင်စားသောက်ရသည်မှာ အခက်ခဲများဖြင့် ကြုံတွေ့နေ၇သည်ဟု သမ္ဗာန်သမားများက ပြောသည်။

သဗ္ဗာန်မောင်းသမားတစ်ဦးဖြစ်သည့် ဦးအောင်စံသိန်းက"တစ်နေ့ဝင်ငွေကပုံမှန်မရှိပါဘူး။ ၅ထောင်။ ၁သောင်း။ ၁သောင်းခွဲရတဲ့နေ့တွေလည်းရှိပါတယ်။ အခုတော့ မိုးရာသီဆိုတော့ နယ်က ခရီးသည်တွေ အသွားအလာနည်းတော့အဆင်မပြေဘူ လိုင်းဘုတ်တွေလည်းမလာဘူး။ လေတိုက်ပြီး လှိုင်းထန်တဲ့နေ့ဆို နယ်က ခရီးသည်တင်လိုင်းဘုတ်တွေ မလာရင် ဒီအတိုင်း ပိုက်ဆံ သုံးလေးထောင်နဲ့ အိမ်ပြန်ရတဲ့ နေ့တွေရှိတယ်။ အခုကမိသားစု စားဝတ်နေရေးက ဘယ်လိုမှ အဆင်မပြေတော့ဘူးဟုပြောသည်။

စစ်တွေမြို့ဈေးကြီးဖောင်တော်ဆိပ်တွင်သဗ္ဗာန်သမားအပါအဝင် ဝန်တင်ဝန်ချ လုပ်နေသူ လူပေါင်း ၂၀၀ ခန့်ရှိပြီး၎င်းတို့ကို မှီခိုပြီး စားသောက်နေထိုင်သူ မိသားစုအဖွဲ့ဝင် လူပေါင်း တစ်ထောင်ခန့် ရှိနိုင်ကြောင်း၎င်းက ခန့်မှန်းပြောဆိုသည်။ 

အခုက စက်ီ၁လီတာကို ၂၅၀၀။ ၂လီတာဆိုရင် ၅၀၀၀။ တစ်နေ့ဝင်ငွေ လေးငါးထောင်၊  တစ်သောင်းရရင်တောင်မှ ၅ထောင်ပဲကျန်ပြီ။ အရင်းမ၇တဲ့နေဆို ိမ်ကမိသားစုတွေ ထမင်းငတ်ပြီ။အထူးအခက်အခဲဖြစ်နေကြတယ်။ ခုလို မုန်တိုင်းရှိတဲ့နေဆိုရင် နယ်က ဘယ်လိုင်းဘုတ်မှ စစ်တွေကို မလာနိုင်သလို သဗ္ဗာန်သမာတွေလည်းလှိုင်းကြီးတော့ မထွက်နိုင်ဘူး။ ဒါဆိုရင် ချေးငှားလို့ ရရင်ရ၊ မရရင် ငတ်ပြီ  "ဟု ၎င်းက ပြောသည်။

ယခုလို သဗ္ဗာန်ကူးတို့ သမားများအခက်အခဲတွေ့နေသော်လည်း လက်ရှိ ပြည်နယ်ကောင်စီက တစ်စုံတစ်ရာ ကူညီ ထောက်ပံ့ပေးခြင်းမရှိသလိုလူမှုအဖွဲ့အစည်းများအနေဖြင့်လည်း သူတို့၏ အခက်အခဲများကို မသိကြ၍ ကူညီထောက်ပံ့မှုမရှိဟုတခြားသဗ္ဗာန်သမာတစ်ဦးဖြစ်သူ ဦးလှကျော်က ပြောသည်။  

ဆီဈေးတွေတက်တယ်။ ဒါပေမယ့် လိုင်းဘုတ်ခရီးသည်တစ်ယောက်ကို၅၀၀ ကျပ်ဘဲ ၇ပါတယ်။ တစ်ကြောင်းကိုပါ။ ိုင်းဘုတ်များရောက်ရှိလာရင်  ခရီးသည်တွေကိုလိုင်းဘုတ်တွေကို အကြိုအပိုအလုပ်ပါ။  စစ်တွေဖောင်တော်ဆိပ်ကမ်းဆီသို့ အကြိုအပို့သွားလုပ်ကြသူတွေပါ။ အခုတော့ မုန်တိုင်းရှိလို့အလုပ်မထွက်နိုင်ကြတော့ အခက်အခဲဖြစ်နေကြ၇ပါတယ်ဟုပြောဆိုသည်။

လက်ရှိတွင် သဗ္ဗာန်သမာအများစုသည် ဆတ်ရိုးကျမှဖြစ်ကြပြီး စစ်တွေ ဈေးဖောင်တော်ဆိပ်ကမ်းနှင့် အသစ်တည်ဆောက်ထားသည့် ကိုရီးယားဆိပ်ကမ်းတွင် သမ္ဗာန်များဖြင့် ခရီးသည်တင်ဘုတ်များတွင် လူအတင်အချအလုပ်လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြသူများ ဖြစ်ကြောင်း သိ၇သည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.